Author: sr admin

  • Aye Chan Phyu

    Aye Chan Phyu

    •• 65% Scholarship

    •• BSc in Hospitality & Tourism

    •• Ritsumeikan Asia Pacific University, Japan  (more…)

  • N Hkang Zau June

    N Hkang Zau June

    •• 80% Scholarship

    •• BBA in Strategic Management & Organization

    •• Ritsumeikan Asia Pacific University, Japan  (more…)

  • Kyi Phyu Sin

    Kyi Phyu Sin

    •• The University of the West of England, Bristol
    •• Master of Business Administration

    (more…)

  • Ei Thinzar Kyaw

    Ei Thinzar Kyaw

    •• A Level Program ( Elite Medics)

    ••Bellerbys College, UK

    (more…)

  • ►► ကျန်းမာရေးကို စိတ်ဝင်စားပြီး စီမံခန့်ခွဲမှု့ပညာရပ်ကို ဝါသနာပါတဲ့လူငယ်တွေ ရွေးချယ်တက်ရောက်သင့်တဲ့ MBA – Health Administraiton

    ►► ကျန်းမာရေးနှင့်ပတ်သတ်ပြီး အသက်မွေးဝမ်းကြောင်းပညာရပ်တွေလို့ပြောလိုက်တာနှင့် ဆရာဝန်၊ သူနာပြု၊ ဆေးဝါး ကျွမ်းကျင်တို့ကိုသာ ပြေးမြင်တက်ကြပါတယ်။ ကျန်းမာရေးနှင့်ပတ်သတ်ပြီး နောက်ထပ် ဆက်စပ်နေတဲ့ ပညာရပ်တစ်ခုကတော့ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု့ Health Administration ဘာသာရပ်ပဲဖြစ်ပါတယ်။

    အခုအခါမှာတော့ SR Worldwide Education အနေနဲ့ ကျန်းမာရေးနှင့်ပတ်သတ်ပြီး စီမံခန့်ခွဲမှု့ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် တက်ရောက်ဖို့သင့်လျှော်တဲ့ Health Administration ဘာသာရပ်အကြောင်း မျှဝေပေးသွားမှာဖြစ်ပါတယ်။
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ►► Health Administration ဘာသာရပ်ဆိုတာဟာ?

    ► Health Administration ဆိုတာကတော့ ကုသရေးအပိုင်းနှင့် သက်ဆိုင်မှု့မရှိဘဲ ကျန်းမာရေးဆိုင်ရာ ကုသရေးနှင့်ပတ်သတ်တဲ့ စနစ်တွေ- Healthcare System တွေကို စီခံခန့်ခွဲမှု့အပိုင်းနှင့်အဓိက ဆက်စပ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ သိပ်ပြီးတော့ လူသိမများပေမယ့် နိုင်ငံတကာမှာတော့ ပုဂ္ဂလိက ဆေးရုံတွေ များပြားပြီး ဒီဆေးရုံတွေကို စီမံခန့်ခွဲတဲ့သူတွေဟာ ဆရာဝန်တွေမဟုတ်ဘဲ Health Administrator များဖြစ်ပါတယ်။

    ဒီ Health Administration ဘာသာရပ်မှာ သင်ကြားရမယ့် ဘာသာရပ်အချို့ကို ဖော်ပြပေးရရင်ဖြင့်

    1. Health Delivery System: ဒီဘာသာရပ်မှာတော့ ကောင်းမွန် အရည်အသွေးပြည့်မှီပြီး ကုန်ကျစရိတ်သက်သာတဲ့ Health Care System တွေကို ဆေးရုံ၊ ဆေးခန်းတွေအနေနှင့် ပြည်သူတွေ အားလုံးအတွက် ဘယ်လိုမျိုးရအောင် လုပ်ဆောင်ပေးရမလဲဆိုတာတွေ လေ့လာရမှာဖြစ်ပါတယ။်

    2. Health Care Organization & Administration: ဒီဘာသာရပ်ကတော့ စိတ်ဝင်စားဖို့လည်းကောင်းသလို ကျယ်လည်းကျယ်ပြန့်ပါတယ်။ ဆေးရံုံ၊ ဆေးခန်းတစ်ခု ကောင်းမွန်စွာလည်ပတ်နိုင်ဖို့အတွက် ဘယ်လိုမျိုး စီမံခန့်ခွဲရမယ်၊ဘယ်လိုမျိုး ဆရာဝန်တွေ၊ ဝန်ထမ်းတွေ ခန့်ထားရမယ်၊ ဘယ်လိုမျိုး ကျန်းမာရေးစောင့်ရှောက်မှု့စနစ်တွေကို အသုံးပြုမယ် စတဲ့အကြောင်းအရာတွေကို လေ့လာရမှာဖြစ်ပါတယ်။

    3. Health Law: ကျန်းမာရေးနှင့်ပတ်သတ်ပြီး စီမံခန့်ခွဲမှု့ပြုလုပ်မယ့်ခေါင်းဆောင်တွေ၊ မန်နေဂျာတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေမှ ချမှတ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတွေကို သိရှိနားလည်လိုက်နာဖို့လိုအပ်ပါတယ်။ ဒါမှပဲ ကောင်းမွန်ပြီး၊ စည်းကမ်းပြည့်ဝတဲ့ ၊ စနစ်ကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှု့တွေကို ပေးအပ်နိုင်မှာဖြစ်ပါတယ်။

    4. Health Care Financial Management: ဒီဘာသာရပ်ကတော့ ဆေးရုံဆေးခန်းတစ်ခုလုံး အဆင်ပြေပြေ၊ အကျိုးရှိရှိလည်ပတ်နိုင်ဖို့အတွက် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရာတွေကို စီမံခန့်ခွဲမှု့နှင့် ဆက်စပ်နေပါတယ်။

    5. International Healthcare Systems: Health Administrator တစ်ယောက်အနေနှင့် ပြီးပြည့်စုံတဲ့ Healthcare System တွေပေးအပ်နိုင်ဖို့အတွက် ကျယ်ပြန်တဲ့ ပညာ ဗဟုသုတတွေ ရရှိနေဖို့လိုအပ်ပါတယ်။ ဒီဘာသာရပ်မှာတော့ နိုင်ငံတကာမှာ ဘယ်လိုမျိုး Healthcare System တွေကိုပေးအပ်နေလဲ၊ ဘယ်လိုမျိုး System တွေကို ဖွဲ့စည်းပြီး ငွေကြေးရှာဖွေလဲ စသည်ဖြင့် Healthcare System တွေနှင့်ပတ်သတ်ပြီးနိုင်ငံတကာမှာလုပ်ဆောင်နေတဲ့အကြောင်းအရာတွေကို လေ့လာရမှာဖြစ်ပါတယ်။

    ဒါကတော့ Health Administration ဘာသာရပ်မှာလေ့လာရမယ့် ဘာသာရပ်အချို့ကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ►► ဒါဆို ဒီလိုမျိုး အရည်အသွေးကောင်းမွန်တဲ့ Health Administration Program ကို အမေရိကန်နိုင်ငံမှာ တက်ရောက်ချင်တယ်ဆိုရင်?

    ►► အရည်အသွေးကောင်းမွန်ပြီး နိုင်ငံတကာအသိအမှတ်ပြုတဲ့ Health Administration Program ကို အမေရိကန်နိုင်ငံမှာတက်ရောက်ချင်တယ်ဆိုရင်တော့ Florida ပြည်နယ်မှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Florida Atlantic University မှာရွေးချယ်တက်ရောက်နိုင်ပါတယ်။
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ►► Florida Atlantic University အကြောင်း အသေးစိတ်သိရှိချင်တယ်ဆိုရင်?

    ► Florida Atlantic University ဟာ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ နိုင်ငံတကာ တက္ကသိုလ်တွေထဲကမှ ထိပ်တန်း Public University တစ်ခုဖြစ်ပြီး မိုင်ယာမီ ကမ်းခြေနှင့် ၄၅ မိနစ်သာ ကွာဝေးပါတယ်။ အဓိကအားဖြင့် ကျောင်းသားများအတွက် စိတ်မောအပန်းဖြေနိုင်တဲ့ အခွင့်အလမ်းတွေရှိပြီး ပတ်ဝန်းကျင်ကို ကောင်းမွန်စွာ လေ့လာနိုင်တဲ့အတွက် ငယ်ရွယ်ပြီးတက်ကြွနေတဲ့ တက္ကသိုလ်ကျောင်းသားများအတွက်တော့ အထူးသင့်လျှော်ပါတယ်။

    ► Florida Atlantic University နှင့်ပတ်သတ်ပြီး အထင်ရှာဆုံးအချက်တွေကတော့ ခေတ်မီသပ်ရပ်မှု့၊ လုံခြုံမှု့နှင့် နောက်ဆုံး Multicultural Society ဖြစ်မှု့တို့ပဲဖြစ်ပါတယ်။ 2018 ခုနှစ်ရဲ့ စာရင်းဇယားများအရ အမေရိကန်ပြည်ထောင်စုမှ ပြည်နယ် 50 လုံးအပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း 140 ကျော်မှ ကျောင်းသားပေါင်း 30,000 ကျော်လောက် Florida Atlantic University မှာတက်ရောက်နေကြပြီး ကျောင်းသားဟောင်းပေါင်း 153,000 ကျော် မွေးထုတ်ပေးခဲ့ပြီး ဘွဲ့ပေါင်း 100,000 ကျော်ပေးအပ်ခဲ့ပြးဖြစ်ပါတယ်။

    ► ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းအစိုးရတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်လျှက်ရှိတဲ့ Florida Atlantic University ဟာ ကျောင်းသား ကျောင်းသူများရဲ့ ကောင်းမွန်ပြီး အရည်အသွေးမြင့်မားတဲ့ သုတေသနလုပ်ငန်းများနှင့် ရလဒ်များကြောင့်လည်းထင်ရှားပါတယ်။ တက္ကသိုလ်ရဲ့ သိပ္ပံနှင့်ပညာရေးဆိုင်ရာ သုတေသနုလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်ကို ပေးအပ်ချီးမြှင့်ခံခဲ့ရပြီးဖြစ်ပါတယ်။

    ► နောက်ထပ်အားသာတဲ့အချက်ကတော့ ကျစ်လစ်ပြီး ထိရောက်တဲ့ အခန်းဖွဲ့စည်းမှု့ပုံစံကြောင့်ဖြစ်ပြီး ကျောင်းသားနှင့်ဆရာအချိုးဟာ 22:1 ပဲရှိတဲ့အတွက် ကျောင်းသားများဟာ လွတ်လပ် အဆင်ပြေစွာ သင်ကြားနိုင်ကြမှာဖြစ်ပါတယ်။ ကမ္ဘာ့တက္ကသိုလ်ပေါင်း ၂၀၀၀၀ ကျော်ရှိတဲ့အနက်မှ Florida Atlantic University ဟာ Times Higher Education ရဲ့ ၂၀၁၈ စာရင်းဇယားများအရ ထိပ်ဆုံးတက္ကသိုလ် ၁၀၀၀ စာရင်းမှာပါဝင်ပြီး ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များရဲ့ ထိပ်ဆုံး ၁ % မှာ ပါဝင်ခဲ့ပါတယ်။

    ► ကျောင်းသားတွေ အများအပြားနှင့်အမြဲလိုလိုစည်းကားနေတက်တဲ့ Florida Atlantic University မှာဆိုရင် Registered လုပ်ထားတဲ့ ကျောင်းသားအဖွဲ့အစည်း- Student Organization ပေါင်း ၃၀၀ ကျော်ရှိတဲ့အတွက် ကျောင်းသားများဟာ မိမိတို့ စိတ်ဝင်စားကြိုက်နှစ်သက်ရာ အဖွဲ့အစည်းတွေမှာ ပါဝင်ပြီး ကျောင်းပြင်ပ activity တွေကို လွတ်လွတ်လပ်လပ်လှုပ်ရှားဆောင်ရွက်နိုင်တဲ့အတွက် ပျော်ရွှင်ပြီး ပြီးပြည့်စုံတဲ့ တက္ကသိုလ်ကျောင်းသားဘ၀ ကို အပြည့်အ၀ ခံစားရရှိစေနိုင်မှာဖြစ်ပါတယ်။
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ►► Health Administration ဘာသာရပ်နှင့်ပါတ်သတ်ပြီး အသေးစိတ်ထပ်သိချင်တယ်၊ ပညာသင်ဆု အခွင့်အလမ်းတွေကိုရော သိချင်တယ်ဆိုရင်?

    ► အသေးစိတ် သိရှိလိုရင်တော့ Florida Atlantic University နှင့် SR Worldwide Education တို့ ပူးပေါင်းပြုလုပ်တဲ့ Information Sharing Session လေးကို တက်ရောက်နိုင်ပါတယ်။

    ဒီပွဲလေးမှာဆိုရင် Health Administration အကြောင်း အသေးစိတ်အချက်အလက်တွေ၊ ကျောင်းသားအများစုသိရှိလိုတဲ့ ပညာသင်ဆု အခွင့်အလမ်းတွေ၊ ကျောင်းအကြောင်း အသေးစိတ်အချက်အလက်တွေ၊ ကျောင်းဝင်ခွင့်နှင့်ပါတ်သတ်တဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားမှာဖြစ်တဲ့အပြင် Scholarship Interview ပါ တစ်ခါတည်းပြုလုပ်ပေးသွားမှာမို့ စိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►► 09 514 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန် ►► https://forms.gle/3noyv7TB137kiEQD8

    •• Date – 17. 5. 2019 (Friday)
    •• Time – 2:00 pm to 4:00 pm
    •• Place – SR Worldwide Education Office
    Room No. 1102, Office Tower 3, Times City Complex, between Kyun Taw and HanTharWaddy Road, (Opposite Side of Junction Square), Kamayut Township, Yangon.

    #askSR #SRWorldwideEducation
    #The_World_Is_In_Your_Hands
    #FloridaAtlanticUniversity

  • ►►► Media Production ပိုင်းနဲ့ပါတ်သက်လို့ စိတ်ဝင်စားတဲ့လူငယ်တွေအတွက် အနာဂါတ်မှာ Media Entrepreneur တစ်ယောက်ဖြစ်လာသည်အထိ လေ့လာသင်ယူနိုင်မယ့် Innovative Media Production …

    ► အခုအခါမှာတော့ SR Worldwide Education အနေနဲ့ မီဒီယာလုပ်ငန်းတွေဖြစ်တဲ့ News & Media Agency တွေ၊ TV Channel တွေ၊ Radio Programs တွေ စတဲ့ Media Channel ပိုင်းတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်ဖို့ ရည်ရွယ်ချက်ရှိပြီး Video ရိုက်တာ၊ ရုပ်ရှင်ရိုက်တာ၊ ဇာတ်ညွန်းရေးတာ နှင့် ဒါရိုက်တာလုပ်ရတာတွေကိုပါ ကြိုက်နှစ်သက်တဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီးတဲ့ လူငယ်တွေ၊ IGCSE လူငယ်တွေ ရွေးချယ်တက်ရောက်သင့်တဲ့ Innovative Media Production Program အကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

    ►►► Innovative Media Production Program အကြောင်းကို အကြမ်းဖျင်းပြောပြပေးပါဆိုရင်?

    ► Innovative Media Production ဆိုတာဟာ Art နှင့်Technology- အနုပညာနှင့်နည်းပညာ နှစ်ခုကိုပေါင်းစပ်ထားတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး ယနေ့ခေတ်မှာ အကြီးမားဆုံးသော ဖျော်ဖြေရေး ဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ TV Channel, Radio Program တွေနှင့် ရုပ်ရှင်နယ်ပယ်တွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်လိုတဲ့ လူငယ်တွေအတွက် အထူးသင့်လျှော်တဲ့ Program တစ်ခုဖြစ်ပါတယ်။

    ► ဒီဘာသာရပ်မှာဆိုရင် ရုပ်ရှင်၊ ဂီတ၊ တီဗွီ၊ အသံလွှင့်နေရာတွေမျိုးစုံမှာ အရေးပါတဲ့ ပညာရှင်တွေဖြစ်တဲ့ Producer ၊ Script Writer ၊ Program Director ၊ Art Director ၊ Announcer စတဲ့ ဘက်ပေါင်းစုံမှ လိုအပ်တဲ့ ပညာရှင်တွေဖြစ်အောင် လေ့ကျင့်သင်ကြားပေးတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။

    ► ဒီပညာရပ်မှာ အဓိကသင်ကြားရမယ့် ဘာသာရပ်အချို့ကို ဖော်ပြပေးရမယ်ဆိုရင်
    Media Law & Ethics, Trends in Communication Technology, Scriptwriting, Digital Television Production, Digital Cinematography, Documentary & News Production, Directing, Editing, TV Drama Production, Regional & International Innovative Media Issues စတဲ့ ဘာသာရပ်တွေကို လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။

    ► Innovative Media Production နှင့် ဘွဲ့ရရှိပြီးတဲ့ လူငယ်တွေအနေနှင့် ရရှိနိုင်တဲ့ Career Opportunity တွေကတော့ Program Director, Radio Program Producer, Television Program Producer, Script Writer, Stage Director, Broadcast Announcer, Vlogger, Documentary Filmmaker, TV Advertising Director, Digital Media Entrepreneur စတဲ့ လုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

    ►►► ကောင်းပါပြီ။ ဒါဆို Innovative Media Production ဘာသာရပ်ကို မြန်မာနိုင်ငံနှင့် အနီးအနားမှာပဲ ကုန်ကျစရိတ်သက်သက်သာသာနှင့်တက်ရောက်ချင်တယ်ဆိုရင်?

    ► Innovative Media Production ဘာသာရပ်ကို အရည်အသွေးကောင်းကောင်းမွန်မွန် နှင့် ကျောင်းစရိတ်လည်း သက်သက်သာသာနှင့် တက်ရောက်ချင်တယ်ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Bangkok University မှာပဲ ရွေးချယ်တက်ရောက်သင့်ပါတယ်။

    ► Bangkok University ကို ၁၉၆၂ ခုနှစ်ကတည်းက စတင်တည်ထောင်ထားခဲ့ပြီး ထိုင်းနိုင်ငံရဲ့ သက်တမ်းအကြာဆုံး နှင့် အကြီးဆုံး တက္ကသိုလ်များထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှ လူငယ်များအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်မှ ကျောင်းသားပေါင်း ၂၉၀၀၀ ကျော်လောက်ဟာ Bangkok University ရဲ့ Bachelor Degree, Master Degree နှင့် Doctorate Program တွေမှာ ပညာသင်ကြားနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောင်းသားများဟာ နိုင်ငံတကာမှ ကျောင်းသားတွေ၊ Professor တွေနဲ့အတူတူ ပညာသင်ခွင့်ကို ရရှိမှာဖြစ်ပြီး ကောင်းမွန်တဲ့ International Exposure ကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။

    ►နောက်ထပ်အားသာချက်တစ်ခုက ဒီ Program ကို မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ပြီးသား ကျောင်းသားတွေ တိုက်ရိုက်လျှောက်ထား တက်ရောက်ခွင့် ရရှိထားတာဖြစ်တဲ့အတွက် Innovative Media Production ကို စိတ်ဝင်စားတဲ့ လူငယ်များအတွက် အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။

    ►►► ဒါဆို Bangkok University မှ မြန်မာကျောင်းသားတွေအတွက် ပေးအပ်နေတဲ့ ပညာသင်ဆု အခွင့်အလမ်းတွေရော ရှိပါသလား?

    ► ဟုတ်ကဲ့ ရှိပါတယ်။
    Bangkok University အနေနဲ့ မြန်မာနိုင်ငံမှ Innovative Media Production Program တက်ရောက်လိုတဲ့ လူငယ်များအတွက် Scholarship Up to 50% ပေးအပ်နေတဲ့ အစီအစဉ်တစ်ခုရှိပါတယ်။

    ► Innovative Media Production ဘာသာရပ်နဲ့ ပါတ်သက်ပြီး အသေးစိတ်သိရှိလိုတာတွေအပြင် Bangkok University ရဲ့ အသေးစိတ်ကျောင်းဝင်ခွင့်၊ ကျောင်းလျှောက်ထားရာမှာ ပြင်ဆင်ရမယ့်အချက်တွေ နဲ့ Scholarship Information တွေအတွက် လာမယ့် 25 May 2019 ( Saturday ) Melia Hotel မှာ ပြုလုပ်မယ့် Admission Talk with Bangkok University ပွဲကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်း ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **

    •• Date – 25. 5. 2019 (Saturday)
    •• Time – 9:45 am to 12:00 pm
    •• Place- Melia Hotel, First Floor, Function Room 1, ( Beside Myanmar Plaza)

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848, 09 543 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန် ►► https://forms.gle/Rrs4pMz92ta2WSfS9

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #ThailandEducation

  • ►►► အင်္ဂလန်နိုင်ငံမှာ တက္ကသိုလ်တက်ရောက်ဖို့ စဉ်းစားဆုံးဖြတ်ထားတဲ့ လူငယ်တွေအနေနဲ့ University of the West of England(Bristol) ကို ရွေးချယ်သင့်တဲ့အကြောင်းရင်းများ…

    ► ဆယ်တန်းအောင်မြင်ပြီးလို့ (သို့မဟုတ်) ပြည်တွင်းမှာ ဘွဲ့တစ်ခုခုရရှိပြီးလို့ အင်္ဂလန်နိုင်ငံမှာ တက္ကသိုလ်ဆက်တက်ဖို့ စဉ်းစားနေတဲ့လူငယ်တွေအနေနဲ့ အရေးကြီးတဲ့အချက်တစ်ချက်ကတော့ မိမိတို့အတွက် မှန်ကန်သင့်လျှော်တဲ့ တက္ကသိုလ်ကောင်းကို ရွေးချယ်နိုင်ဖို့ပဲဖြစ်ပါတယ်။

    ► ယခုအခါမှာတော့ SR Worldwide Education အနေနဲ့ အင်္ဂလန်နိုင်ငံမှာ ကျောင်းဆက်တက်ဖို့ စဉ်းစားနေတဲ့ လူငယ်တွေအနေနဲ့ ရွေးချယ် တက်ရောက်သင့်တဲ့ တက္ကသိုလ်တစ်ခုအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

    ► ဒီတက္ကသိုလ်ကတော့ University of the West of England ( Bristol ) ပဲဖြစ်ပါတယ်။

    ► University of the West of England ( Bristol ) ဟာ နှစ်စဉ်နှစ်တိုင်း internship opportunities ပေါင်း ၁၁,၀၀၀ ကျော် ဖန်တီးပေးနိုင်ပြိး အားလုံးဟာ အင်္ဂလန်နိုင်ငံရဲ့ လုပ်ခအမြင့်ဆုံး Internship program များဖြစ်ကြလို့ UWE မှ ဘွဲ့ရပြီးပြီးချင်းကျောင်းသားများရဲ့ 94% ဟာ လုပ်ငန်းခွင်ကို တန်ပြီးဝင်ရောက်နိုင်ကြပါတယ်။ ဒါ့အပြင် UWE ဟာ campus ထဲမှာ University Enterprise Zone တစ်ခုကိုထားရှိပေးထားပြီး ၎င်း zone ထဲမှာ စီးပွားရေးလုပ်ငန်းပေါင်း ၇၀ ကျော်ရှိပြီး အင်္ဂလန်နိုင်ငံရဲ့ အကြီးမားဆုံး စက်ရုပ် သုတေသနခန်းပါ ပါဝင်ပါတယ်။ ဒီလို University Enterprise Zone ပါဝင်တဲ့ တက္ကသိုလ်ပေါင်းဟာ UWE အပါအဝင် အင်္ဂလန်နိုင်ငံမှာ ၄ ခုပဲရှိပါတယ်။

    ► ကောင်းပါပြီ။ ဒါဆို UWE ( Bristol ) ကိုရွေးချယ်တက်ရောက်သင့်တဲ့၊ တခြားတက္ကသိုလ်တွေနဲ့မတူတဲ့ ထူးခြားချက်လေးတွေ ကို ပြောပြပေးပါဆိုရင် ?

    ►►► 1. Career Center & Service

    တက္ကသိုလ်တစ်ခုရဲ့ အရည်အသွေးကို အကဲဖြတ်တဲ့နေရာမှာ ကျောင်းသားများရဲ့ ဘွဲ့ရပြီး အလုပ်အကိုင် ရရှိနိုင်တဲ့ အခြေအနေဟာ အရမ်းကို အရေးပါပါတယ်။ အထက်မှာ ဖော်ပြထားတဲ့အတိုင်း UWE ရဲ့ ဘွဲ့ရကျောင်းသားများရဲ့ 94% ဟာ လုပ်ငန်းခွင်ကို တိုက်ရိုက် ဝင်ခွင့် ရကြပါတယ်။
    ဒါဟာ ဘာကြောင့်လဲဆိုရင် UWE ( Bristol) မှာ ကျောင်းသား၊ ကျောင်းသူများ ဘွဲ့မရခင်ကတည်းက အလုပ်ရရှိအောင် ပြင်ဆင်ပေးတဲ့ Career Center & Service ရှိလို့ပါပဲ။

    ဒီ Career Service မှာ ဆိုရင် ကျောင်းသားတွေ လုပ်ငန်းခွင်ဝင်ရင် လိုအပ်မယ့် အရည်အချင်း၊ အရည်အသွေးတွေအားလုံးကို ပြင်ဆင်ပေးပြီးတော့ Psychology Test, Personality Test, Numeracy Test, E-learning tool စတဲ့ သိပ္ပံနည်းကျ Test တွေ စစ်ပြီး သေချာ စနစ်ကျအောင် ပြင်ဆင်ပေးလိုက်ပါတယ်။

    ►►► 2. Disability Support

    ဒီအချက်ဟာ UWE ( Bristol ) ရဲ့ အထူးခြားဆုံးအချက်တစ်ခုဆိုရင်လည်း မမှားပါဘူး။ ကျောင်းသားအားလုံးကို ခွဲခြားမှု့မရှိဘဲ တပြေးညီ ဆက်ဆံပြီး အခွင့်အရေးတန်းတူပေးတာ UWE ရဲ့ စံနှုန်းတစ်ခုပါ။

    UWE ( Bristol ) မှာဆိုရင် SpLD ( Special Learning Difficulties ) ရှိတဲ့ ရုပ်ပိုင်းဆိုင် ကျောင်းသားတွေ( ဥပမာ- ဆွံ့အ၊ နားမကြား၊ ခနာကိုယ် အင်္ဂါတစ်ခုခု ချို့ယွင်းနေတဲ့ ကျောင်းသားတွေ) စိတ်ပိုင်းဆိုင်ရာ ကျောင်းသားတွေ( ဥပမာ- ADHD, OCD ) စတဲ့ ကျောင်းသားတွေအားလုံး ပညာ ကောင်းမွန်စွာ၊ သင်ကြား သင်ယူနိုင်မယ့် အခြေအနေတွေကို ဖန်တီးပေးထားပါတယ်။

    ►►► 3. Student Unions

    တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပျော်စရာတွေထဲက တစ်ခုကိုပြောပါဆိုရင် ကျောင်းသားဘဝမှာ လှုပ်ရှား၊ ဦးဆောင် ခွင့်ရခဲ့တဲ့ အသင်းအဖွဲ့တွေနဲ့အတူတူရှိနေချိန်ပဲဖြစ်ပါတယ်။ UWE Bristol မှာလည်း ကျောင်းသားအားလုံးကို ကိုယ်စားပြုတဲ့ Student Union ရှိပြီး ကျောင်းသားများအကျိုးအတွက် အဓိကထား လုပ်ဆောင်ပါတယ်။

    ဒါ့အပြင် ကျောင်းသားများ အားလုံးပါဝင် လှုပ်ရှားနိုင်တဲ့ အားကစား၊ လှုမှုရေးနှင့် Community ဆိုင်ရာ ကျောင်းသားအဖွဲ့အစည်းပေါင်း ၁၈၀ ကျော်ရှိပြီး ကျောင်းသားများဟာ မိမိတို့ဝါသနာပါ၊ စိတ်ဝင်စားတဲ့ အားကစား၊ ဂီတ စတာတွေကို လွတ်လပ်စွာ ပါဝင်နိုင်ကြပါတယ်။

    ►►► 4. Student Jobs

    UWE Bristol မှာနေခြင်းအားဖြင့်နောက်ထပ်ရရှိနိုင်မယ့် အားသာချက်ကတော့ ကျောင်းတက်နေတုန်း အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးတစ်ခု ရှိနေတာပဲဖြစ်ပါတယ်။ ကျောင်းသားအဖွဲ့အစည်းတွေ ထဲက တစ်ခုဖြစ်တဲ့ Student Unions’ Job Shop ဟာ ကျောင်းသားများရဲ့ မိမိတို့လေ့လာသင်ယူနေတဲ့ ပညာရပ်တွေနဲ့ ကိုက်ညီတဲ့ အချိန်ပိုင်းအလုပ်တွေကို အမြဲတမ်းရှာဖွေပေးပါတယ်။ အလုပ်အကိုင် ရှာဖွေပေးတာတွေတင် မဟုတ်ဘဲ ကျောင်းသားများ အလုပ်လုပ်ရင် သိသင့်သိထိုက်တဲ့ Job Hunting နည်းလမ်းတွေ၊ Employee Rights တွေ၊ Tax တွေ၊ Insurance အကြောင်းတွကိုပါ သင်ပြ ရှင်းပြပေးပါတယ်။ ဒါ့အပြင် Bristol မြို့ဟာ စီးပွားရေးကောင်းမွန်ပြီး ဖွံ့ဖြိုးတိုးတက်လှတဲ့ အင်္ဂလန်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့အတွက် အချိန်ပိုင်းအလုပ်တွေနှင့် Career Opportunity တွေလည်း အမြောက်အများရှိပါတယ်။

    ►►► ဒါ့အပြင် ထူးထူးခြားခြားအနေနဲ့ မြန်မာကျောင်းသားလူငယ်တွေအတွက် up to 50% Scholarship ကိုပါ ပေးအပ်လျက်ရှိတာကြောင့် ကျောင်းလျှောက်ထားဖို့ စိတ်ဝင်စားတဲ့လူငယ်တွေအတွက် အခွင့်အရေးကောင်းတစ်ခုပဲဖြစ်ပါတယ်…

    ►►► အခုလိုမျိုး အင်္ဂလန်နိုင်ငံရဲ့ နာမည်ကောင်းနဲ့တည်ရှိနေတဲ့ University of the West of England (Bristol) မှာ တက်ရောက်ဖို့ စိတ်ဝင်စားတဲ့လူငယ်တွေအနေနဲ့ ကျောင်းဝင်ခွင့် အသေးစိတ်တွေ၊ ကျောင်းလျှောက်ထားရာမှာ လိုအပ်တဲ့ Document ဆိုင်ရာအချက်အလက်တွေ၊ Scholarship ဆိုင်ရာ အခွင့်အလမ်းတွေ စတဲ့ အကြောင်းအရာတွေကို အခုလာမယ့် 27.5.2019 ( Monday) မှာ UWE (Bristol) မှ တာဝန်ရှိသူကိုယ်တိုင် အသေးစိတ်လာရောက်ပြောပြပေးသွားမှာမို့ စိတ်ဝင်စားတဲ့လူငယ်တွေ လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်း ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **

    •• Date – 27. 5. 2019 (Monday)
    •• Time – 1:00 pm to 4:00 pm
    •• Place- SR Worldwide Education Office
    Room No. 1102, Office Tower 3, Times City Complex, between Kyun Taw and HanTharWaddy Road, (Opposite Side of Junction Square), Kamayut Township, Yangon.

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန် ►► https://forms.gle/cTkvQz3HcNs4eJrPA

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands

  • [:en]►►► ဥရောပမှာ တက္ကသိုလ်တက်ချင်တဲ့ မြန်မာကျောင်းသားများအတွက် ကျောင်းစရိတ်သက်သာပြီး မြင့်မားတဲ့ ပညာရေးအရည်အသွေးတွေနဲ့ အသင့်လျော်ဆုံးသော နယ်သာလန်နိုင်ငံ…[:]

    ► အခုအခါမှာတော့ SR Worldwide Education အနေနှင့် ဥရောပ မှာ သွားရောက်ပညာသင်ကြားလိုတဲ့ မြန်မာလူငယ်တွေအတွက် လူနေမှု့အဆင့်အတန်းမြှင့်ပြီး၊ ကျောင်းစရိတ်လည်းသက်သာ၊ ပျော်ဖို့လည်းကောင်းတဲ့ နယ်သာလန်နိုင်ငံအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

    ►►► နယ်သာလန်နိုင်ငံနှင့်ပါတ်သက်ပြီး လူသိများတဲ့အချက်အချို့ကို ဖော်ပြပေးပါဆိုရင်?

    ► နယ်သာလန်နှင့်ပါတ်သက်ပြီး နောက်တစ်မျိုးသိကြတာကတော့ ဟော်လန်၊ ဒတ်ချ် လူမျိုးတွေ နေထိုင်ကြတဲ့နိုင်ငံဆိုပြီး လူသိများပါတယ်။ မြန်မာလူမျိူးတွေ အများဆုံးသိတဲ့အချက်ကတော့ ဘောလုံးအားကစားနဲ့ပါတ်သက်ပြီးတော့ပဲဖြစ်တယ်။

    ► နယ်သာလန်နိုင်ငံဟာ ဘောလုံးအားကစားနည်းမှာပါ ထူးချွန်တာမဟုတ်ဘဲ စီးပွားရေးအင်အားလည်းကောင်းမွန်ပြီး ပညာရေးမှာလဲ ဥရောပနိုင်ငံတွေထဲမှာ ထိပ်တန်းက ပါဝင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
    နယ်သာလန်နိုင်ငံ ဟာ ဥရောပအနောက်မြောက်ပိုင်း အင်္ဂလန် နှင့် ဂျာမနီကြားမှာတည်ရှိတဲ့ အလွန်မှ ချမ်းသာကြွယ်ဝတဲ့ နိင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ကမ္ဘာ့ဘဏ်ရဲ့ စာရင်းဇယားများအရ နယ်သာလန်နိုင်ငံရဲ့ GDP ဟာ အမေရိကန်ဒေါ်လာ ၈၂၆ ဘီလျံှရှိပြီး လူဦးရေကတော့ ၁၇ သန်းကျော်ပဲ ရှိပါတယ်။ ဒါ့ကြောင့် နယ်သာလန်နိုင်ငံသားတွေရဲ့ တစ်ဦးကျဝင်ငွေဟာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄၈၀၀၀ ကျော် ဝင်ငွေရှိတဲ့အတွက် ကမ္ဘာ့ဝင်ငွေအမြင့်မားဆုံး နိုင်ငံသားတွေ စာရင်းမှာပါဝင်ကြပါတယ်။

    ► နယ်သာလန်နိုင်ငံသားတွေဟာ ဝင်ငွေမြင့်မားရုံတင်မကဘဲ ဘဝကိုလည်း ပျော်ပျော်ရွှင်ရွှင်နေတတ်ပါသေးတယ်။ ကမ္ဘာ့ပျော်ရွှင်မှု့အမြင့်ဆုံးနိုင်ငံများစာရင်းမှာ ရမှတ် ၇.၄၄ ကျော်နဲ့ နံပတ် ၆ နေရာမှာ တည်ရှိနေကြပါတယ်။

    ►နယ်သာလန်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု့ကို အလေးထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု့ကိုမြင့်တက်စေတဲ့ ကားနဲ့ဆိုင်ကယ်အသုံးပြုမှု့ကို လျှော့ချပြီး တစ်နိုင်ငံလုံး စက်ဘီးပဲစီးတဲ့နိုင်ငံပဲဖြစ်ပါတယ်။ ဒါ့ကြောင့် နယ်သာလန်နိုင်ငံမှာတက္ကသိုလ်တက်ရင် စက်ဘီး စီးပြီးတက်ရမှာပဲဖြစ်ပါတယ်။

    ►►► ကောင်းပါပြီ။ ဒါဆို နယ်သာလန်နိုင်ငံမှာ တက္ကသိုလ်တက်သင့်တဲ့ အကောင်းဆုံး အကြောင်းပြချက် ၃ ခုကိုပြောပြပေးပါဆိုရင်?

    ► ပထမဆုံးအချက်ကတော့ နယ်သာလန်နိုင်ငံဟာ လူ့အခွင့်အရေးအပြည့်အဝရရှိတဲ့နိုင်ငံဖြစ်တဲ့အတွက် လူအချင်းချင်း အသားအရောင်၊ ကိုးကွယ်မှု့ဘာသာ၊ လူမျိုး စတဲ့အရာတွေနဲ့ ပါတ်သက်ပြီး ခွဲခြားဆက်ဆံခြင်းမရှိတဲ့အတွက် နယ်သာလန်နိုင်ငံမှာ နိုင်ငံပေါင်း ၁၄၅ နိုင်ငံမှ လူအမျိုးမျိုးတို့ဟာ လာရောက်နေထိုင်လျှက်၊ အလုပ်လုပ်ကိုင် ကျောင်းတက်လျှက်ရှိကြပါတယ်။ ဒါ့အပြင် ဒေသခံ ဒတ်ချ် လူမျိုးများတွေရဲ့ ၉၅%ကျော်ဟာ အင်္ဂလိပ်စကားကို ပြောဆိုနိုင်တဲ့အတွက် နိင်ငံတကာက လာရောက်ပညာသင်ကြားတဲ့ ကျောင်းသားတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။

    ► ဒုတိယအချက်အနေနဲ့ကတော့ နယ်သာလန်နိုင်ငံ တက္ကသိုလ်တွေရဲ့ ကျောင်းစရိတ် Tuition Fee ဈေးသက်သာလို့ပဲဖြစ်ပါတယ်။ဘာကြောင့် ဒီလို ကျောင်းစရိတ်တွေ သက်သာရလဲဆိုရင် နယ်သာလန်နိင်ငံဟာ ဝင်ငွေမြင့်မားတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့် အစိုးရဟာ နိုင်ငံသားတွေအတွက် အရည်အသွေးမြင့်မားပြီး ကုန်ကျစရိတ်သက်သာတဲ့ပညာရေးစနစ်တစ်ခုကို ဖန်တီးပေးထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

    ► တတိယအရေးကြီးတဲ့အားသာချက်ကတော့ နယ်သာလန် တက္ကသိုလ်တွေရဲ့ သင်ကြားမှု့ပုံစံဖြစ်ပါတယ်။ တက္ကသိုလ်တွေဟာ သင်ခန်းစာ lecture တွေထက် ကျောင်းသားအချင်းချင်းပူးပေါင်းဆောင်ရွက်မှု့ Teamwork ကို အဓိကထား ဆောင်ရွက်စေပြီး professor တွေနဲ့ ကျောင်းသားတွေကြားမှာ Good Personal Relationship ကို တိုးတက်စေပြီး ကျောင်းသားများရဲ့ Academic Skillတွေသာမက လုပ်ငန်းခွင်ဝင်ရောက်မှု့မှာ အရေးပါတဲ့ Soft skill တိုးတက်မှု့တွေအတွက်ပါ လေ့ကျင့် သင်ကြားပေးပါတယ်။ စာသင်ခန်းတိုင်းမှာလည်း အနည်းဆုံးကျောင်းသား ၁၅ ယောက် နှင့်အများဆုံးကျောင်းသား ၃၀ ထိပဲ လက်ခံထားပါတယ်။ ဒါ့ကြောင့် နယ်သာလန်နိုင်ငံမှ ဘွဲ့ဒီဂရီများကို ဥရောပနိုင်ငံအားလုံးအသိအမှတ်ပြုကြပြီး သာမန်တက္ကသိုလ်တစ်ခုမှ Diploma ဘွဲ့တစ်ခုရပါက မည်သည့်နိုင်ငံမှာမဆို ကိုယ်ပိုင်စီးပွားရေးပြန်လည်လုပ်နိုင်တဲ့အထိ ကျွမ်းကျင်စွာ မွေးထုတ်ပေးနိုင်ကြပါတယ်။

    ► ဒါဆို မြန်မာကျောင်းသားများအတွက် ကျောင်းစရိတ်လည်း အဆင်ပြေ၊ ပညာရေးအဆင့်အတန်းလည်းမြင့်မားပြီး Scholarship Opportunity တွေလည်းရနိုင်တဲ့ တက္ကသိုလ်တွေကို ညွှန်းဆိုပေးပါဆိုရင်?

    ► SR Worldwide Education အနေနှင့် ဥရောပမှာ တက္ကသိုလ်ဆက်တက်ဖို့ စိတ်ဝင်စားတဲ့မြန်မာကျောင်းသားတွေ အားလုံးအတွက် အသင့်လျှော်ဆုံးဖြစ်မယ့် တက္ကသိုလ်တွေကို ရွေးချယ်ပေးရမယ်ဆိုရင်
    1. Erasmus University in Rotterdam, Netherlands
    2. Tilburg University in Tilburg, Netherlands
    3. University of Twente in Enschede, Netherlands
    4. Vrije Universiteit Amsterdam in Vrije, Amsterdam
    5. Hanze University of Applied Sciences in Groningen, Netherlands
    6. The Hague University of Applied Sciences in Hague, Netherlands တို့ပဲဖြစ်ပါတယ်။

    ►►► ယခုတက္ကသိုလ်အားလုံးဟာ မြန်မာကျောင်းသားများအတွက် ပညာသင်ဆုတွေပေးအပ်နေတာဖြစ်ပြီး ပမာဏအနေနှင့် Up to £5,000 ထိရရှိနိုင်ပါတယ်။

    ►►► အခုလိုမျိုး နယ်သာလန်နိုင်ငံ ရဲ့ ပညာရေးအခွင့်အလမ်းတွေ၊ တက္ကသိုလ်ရွေးချယ်မှုလမ်းကြောင်းတွေနဲ့ Scholarship အခွင့်အလမ်းတွေကို အသေးစိတ်သိရှိလိုတယ်ဆိုရင် SR Worldwide Education ရဲ့ ရုံးခန်းသို့ လာရောက်၍ ဖြစ်စေ၊ Facebook Message Box မှ ဖြစ်စေ လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်…

    ဆက်သွယ်ရန် ***
    ရုံးခန်းလိပ်စာ- Times City Complex, Office Tower 3, 11st Floor, Room No.1102, between KyunTaw and HanTharWaddy Road, (Opposite Side of Junction Square), Kamayut Township, Yangon.

    ဖုန်းနံပါတ်- 09 514 8848, 09 542 8848, 09 543 884

    #askSR #The_World_Is_In_Your_Hands #SRWorldwideEducation
    #Netherlands

  • ►►► ခေတ်မီပြီး လူငယ်တွေနဲ့အရင်းနှီးဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံ Chicago မြို့မှာ ၄နှစ်ဆက်တိုက် Scholarship တွေနဲ့ သွားရောက် ပညာသင်ကြားနိုင်မယ့် အခွင့်အရေး…

    ►► ၁။ အမေရိကန်နိုင်ငံမှာ ကျောင်းတက်ဖို့ရွေးချယ်ရင် Chicago မြို့မှာ တက်ဖြစ်ဖို့ ဘာကြောင့်စဉ်းစားသလဲ ?

    ► Chicago မြို့နဲ့ပါတ်သက်ပြီး မြန်မာလူငယ်အချို့ရင်းနှီးတာကတော့ Rampage, Down-3, Terminator, Batman, Home Alone စတဲ့ ရုပ်ရှင်တွေနဲ့ မြင်တွေ့ဖူးနေတာကြာပါပြီ။ Chicago မြို့ဟာ လူဦးရေ (10) သန်းကျော်ရှိပြီး New York နှင့် Los Angles တို့ပြီးရင် အမေရိကန်နိုင်ငံမှာ တတိယမြောက် လူဦးရေ အများဆုံးမြို့ဖြစ်ပါတယ်။ Lake Michigan ဘေးမှာတည်ရှိတဲ့ ရာသီဥတု သင့်လျော်ပြီး၊ လှပလွန်းတဲ့ မြို့ပြအဆောက်အအုံ၊ ပန်းခြံတွေကြောင့် နာမည်ကျော်တဲ့ Chicago မြို့ကို လာရောက်လည်ပတ်သူ နှစ်စဉ် (55) သန်းကျော်ရှိပြီး New York ပြီးရင် အမေရိကန်နိုင်ငံမှာ ဒုတိယမြောက် လာရောက်လည်ပတ်သူ အများဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။

    ► ပညာရေးနဲ့ပါတ်သက်ပြီးတော့လည်း Chicago ဟာတက္ကသိုလ်ပညာရေး နှင့် သုတေသနပိုင်းမှာ ကမ္ဘာ့ center ဖြစ်လာတာ 1850 ကျော်ကတည်းကပါ။ Chicago မြို့မှာတည်ရှိတဲ့ ကမ္ဘာ့ နာမည်ကြီးထိပ်တန်းတက္ကသိုလ်များကတော့ University of Chicago; Illinois Institute of Technology; the University of Illinois at Chicago, Northwestern University တို့ပဲဖြစ်ပါတယ်။

    ►► ၂။ Chicago မြို့ထဲက တက္ကသိုလ်တွေထဲမှာ ဘယ်တက္ကသိုလ်ကို ဦးစားပေးရွေးချယ်သင့်ပါသလဲ ?

    ► Chicago မြို့ရဲ့တက္ကသိုလ်တွေထဲကမှ မြန်မာကျောင်းသားတွေနဲ့ အသင့်တော်ဆုံးတက္ကသိုလ်ကို recommend ပေးပါဆိုရင် Ranking ကောင်းတဲ့ အမေရိကန်နိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ်ရပ်တည်နေတဲ့ University of Illinois at Chicago ကို ရွေးချယ်စေချင်ပါတယ်။ UIC ဟာ Chicago မြို့မှ အကြီးဆုံး တက္ကသိုလ်တစ်ခုဖြစ်ပြီး Ranking အမြင့်ဆုံးတက္ကသိုလ်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ UIC ဟာ top (60) research universities in the United States ထဲက တစ်ခု အပါအဝင်ဖြစ်ပြီး Worldwide အနေနဲ့ ကမ္ဘာ့တက္ကသိုလ်ပေါင်း (23,000) ကျော်မှာ Ranking 200th မှာ ရပ်တည်လျက်ရှိပါတယ်။ UIC ဟာ Chicago မြို့ရဲ့တစ်ခုတည်းသော Public University ဖြစ်ပြီး အထူးခြားဆုံးအနေနဲ့ အမေရိကန်နိုင်ငံရဲ့ အကြီးမားဆုံး တက္ကသိုလ်ကို ပိုင်ဆိုင်ထားပါတယ်။

    ► တက္ကသိုလ်တစ်ခုရဲ့ ပညာအရည်အချင်းကို ထိုတက္ကသိုလ်ရဲ့ သုတေသန လုပ်ငန်းတွေနဲ့ အဓိကထားတိုင်းတာလေ့ရှိပြီး ချမ်းသာကြွှယ်မှု့ကိုလည်း သုတေသနလုပ်ငန်းတွေအပေါ်မှာ ငွေကြေးသုံးစွဲမှု့နဲ့ ဆုံးဖြတ်လေ့ရှိကြပါတယ်။ UIC ဟာ ဆေးပညာနှင့်ပတ်သတ်ပြီး သုတေသန အသုံးစရိတ်ပေါင်း $ 412 သန်းကျော်အထိ သုံးစွဲခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ သုတေသနနဲ့ပတ်သတ်ပြီး ငွေကြေးသုံးစွဲမှု့အများဆုံး ထိပ်တန်းတက္ကသိုလ်ပေါင်း (50) ထဲမှာ ပါဝင်ပါသေးတယ်။

    ►► ၃။ UIC မှာ တက်ရောက်ရခြင်းရဲ့အကြီးမားဆုံး အားသာချက် (3) ခုကို ဖော်ပြပါဆိုရင်…

    ► ပထမဦးဆုံးအနေနဲ့ UIC ဟာ Public University ဖြစ်တဲ့အတွက် ကျောင်းစရိတ်ဟာ တခြားပုဂ္ဂလိကတက္ကသိုလ်များထက် သက်သာပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ ကျောင်းသားများအတွက် ပညာသင်ဆု (4) နှစ်ဆက်တိုက်ပေးနေတဲ့ အစီအစဉ်တွေရှိနေပါသေးတယ်။

    ► ဒုတိယအနေနဲ့ UIC မှာ နိုင်ငံပေါင်း (100) ကျော်မှ ကျောင်းသားပေါင်း (30,000) လောက် ပညာသင်ကြားနေကြပြီး မတူညီမှု့ ကွဲပြားမှု့တွေကို တန်ဖိုးထားပြီး ကျောင်းသားအားလုံး တန်းတူညီမျှမှု့ကို အထူးအလေးပေး ဆောင်ရွက်ပြီး ကျောင်းသားအဖွဲ့အစည်းပေါင်း (200) ကျော်ရှိတဲ့အတွက် မိမိတို့ဝါသနာပါရာ အဖွဲ့အစည်းတွေမှာ လုပ်ကိုင်ဆောင်ရွက်ပြီး မိမိတို့ရဲ့ soft skills တွေကို တိုးတက်စေမှာဖြစ်ပါတယ်။ Chicago မြို့လယ်ကို (10) မိနစ်လမ်းလျှောက်ရုံနဲ့ ရောက်ရှိနိုင်တဲ့အတွက် မြို့ပြဘဝအလှအပတွေကိုလည်း ကျောင်းတက်ရင်း ယူဆောင်နိုင်ပါသေးတယ်။ မြို့ထဲမှာဖြစ်တဲ့အတွက် အချိန်ပိုင်းအလုပ်အကိုင်တွေလဲ လုပ်ကိုင်နိုင်ပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေ ရှာနိုင်တဲ့အပြင် ကျောင်းပြီးလို့ ဘွဲ့ရပြီးရင်လည်း Chicago မြို့မှာနေထိုင်ပြီး အလုပ်အကိုင်ရှာဖွေဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်ပါသေးတယ်။

    ►နောက်ဆုံးအချက်အနေနဲ့ကတော့ မိမိတို့နှစ်သက်တဲ့ ဘာသာရပ်မျိုးစုံကို ရွေးချယ်နိုင်တာဖြစ်ပါတယ်။ UIC ဟာ တက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့အတွက် UIC အောက်မှာ စုစုပေါင်း college ပေါင်း (15) ခုရှိပြီး ၎င်း college များမှာ Bachelor Program ပေါင်း (83) ခု၊ Master Program ပေါင်း (93)ခု နှင့် Doctoral program ပေါင်း (64) ခုကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

    ►► ၄။ University of Illinois at Chicago ကို Scholarship တွေနဲ့ ကျောင်းလျှောက်ဖို့အတွက် ဘာတွေ လိုအပ်မလဲ? ဘာတွေ ပြင်ဆင်ထားရမလဲ?

    ►University of Illinois at Chicago ရဲ့ ကျောင်းဝင်ခွင့်နှင့်ပါတ်သက်ပြီး အသေးစိတ်သိချင်တယ်..scholarship ရဖို့အတွက်ပြင်ဆင်ချင်တယ်..အမေရိကန်ပညာရေးနှင့်ပါတ်သက်ပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဇွန်လ (၁၄)ရက်နေ့မှာ SR Worldwide Education မှ ကျင်းပပြုလုပ်မယ့် USA Education Seminar ကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

    USA Education Seminar မှာဆိုရင် ….
    ► US က တက္ကသိုလ်တွေမှာ သွားရောက်ပညာသင်ယူဖို့ ဘာတွေလိုအပ်မလဲ ?
    ► Scholarship (4) နှစ်ဆက်တိုက် အထိရရှိုဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ?
    ► စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေတဲ့ ယနေ့ခေတ်မှာ လူငယ်အများစု ရွေးချယ်တက်ရောက်လာကြတဲ့ STEM ပညာရပ်တွေဆိုတာ ဘာလဲ ?
    ► ဘွဲ့ရပြီးUS မှာပဲ လုပ်ငန်းခွင်ဝင်ရောက်နိုင်ဖို့ OPT လျှောက်ထားတဲ့အခါ အခြားပညာရပ်ဘွဲ့ရများထက် STEM ပညာရပ်များဖြင့် ဘွဲ့ရထားသူများအနေနဲ့ ဘယ်လိုအားသာချက်တွေရှိမလဲ ?
    စတဲ့အကြောင်းအရာအများကို အသေးစိတ်ဆွေးနွေးဟောပြောပေးသွားမယ့်အပြင်
    ◙ အမေရိကန်နိုင်ငံရဲ့ ပြည်နယ် (11)ခုမှာ ရှိတဲ့ တက္ကသိုလ်များနှင့် ကမ္ဘာ့ထိပ်တန်း အမေရိကန်တက္ကသိုလ်များမှ ပေးအပ်တဲ့ ပညာသင်ဆုများကိုပါ University Representative မှ အသေးစိတ် လာရောက်ဆွေးနွေး ပြောကြား ပေးသွားမှာဖြစ်ပါတယ်။

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်း ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **

    •• Date – 14. 6. 2019 (Friday)
    •• Time – 1:00 pm to 3:00 pm
    •• Place- SR Worldwide Education Office
    Room No. 1102, Office Tower 3, Times City Complex, between Kyun Taw and HanTharWaddy Road, (Opposite Side of Junction Square), Kamayut Township, Yangon.

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန် ►► https://forms.gle/YqGRUNcyqNXNP46a6

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #UniversityOfIllinoisatChicago #UIC

  • ►►► Engineering နှင့် Business ဘာသာရပ်များကို Ohio ပြည်နယ်ရှိ Ranking မြင့်မားသော အမေရိကန်နိင်ငံရဲ့ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Dayton တွင် Scholarship up to 50% အထိလျှောက်ထား တက်ရောက်နိုင်မယ့် အခွင့်အရေး…..

    ◙►► About the University of Dayton

    ► 1850 ကတည်းက စတင်တည်ထောင်ခဲ့ပြီး Ohioပြည်နယ်ရဲ့ ဒုတိယမြောက်အကြီးဆုံး Private University တစ်ခုဖြစ်တဲ့ University of Dayton မှာဆိုရင် Undergraduate, Postgraduate နှင့် Doctorate Program ပေါင်း ၁၃၀ကျော်ကိုရွေးချယ်သင်ယူနိုင်မှာဖြစ်ပါတယ်။

    ► ဒါ့အပြင် တက္ကသိုလ်တည်ရှိတဲ့ Dayton မြို့ဟာ ကမ္ဘာပေါ်မှာ လေကြောင်းအတက်ပညာ စတင်ထွန်းကားခဲ့တဲ့မြို့ဖြစ်ပြီး STEM Education – Science, Technology, Engineering, Mathematics နဲ့ ပတ်သတ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေမှာ New York, Chicago, Los Angeles မြို့တို့ထက် သာလွန်တယ်လို့ ၂၀၁၇ ခုနှစ်မှာ National Survey တစ်ခုရဲ့ ဖော်ပြခြင်းခံခဲ့ရပါတယ်။
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ◙►►နိုင်ငံတကာကျောင်းသားများအတွက် ဘယ်လိုထူးခြားတဲ့ အားသာချက်တွေရှိလဲ ?

    ►နိုင်ငံတကာကျောင်းသားများအတွက် မတူညီတဲ့ပညာရေးစနစ်တွေကြားက ကွာဟချက်တွေကို Student Services Advisor တွေ၊ Academic and English Tutor တွေ၊ Career and Major Advisor တွေကနေ ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်အလိုက် အနီးကပ်ဖြည့်ဆည်း ဆွေးနွေးသင်ကြားပေးသွားမယ့်အပြင် study skills တွေ personal skills တွေကိုပါ ပေါင်းစပ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

    ► နောက်ထပ် အားသာချက်တစ်ခုကတော့ နိုင်ငံတကာကျောင်းသားများဟာ ပထမနှစ်မှာ small class size ဖြင့်သင်ကြားခွင့်ရမှာဖြစ်တဲ့အတွက် Professor တွေနဲ့ ချက်ချင်းမေးမြန်းဆွေးနွေးနိုင်ပါတယ်။

    ► အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်လည်း Career Accelerator Program တွေထားရှိပေးပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့သူ၊ Entrepreneur တစ်ယောက် ဖြစ်ချင်တဲ့သူ၊ Master Program ဆက်လက်တက်ရောက်ချင်တဲ့သူ၊ နိုင်ငံတကာကုမ္ပကြီးတွေမှာ ဝင်ရောက်လုပ်ကိုင်ချင်တဲ့သူ အစရှိသဖြင့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ ရည်မှန်းချက်တွေအပေါ်ကိုမူတည်ပြီး သင်ကြားပြင်ဆင်ပေးပါသေးတယ်။
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ◙►►ဘယ်လို ဘာသာရပ် တွေကို တက်ရောက်နိုင်မလဲ ?

    ► University of Dayton မှာတက်ရောက်နိုင်တဲ့ ဘာသာရပ်နယ်ပယ်များကတော့

    ◙ International Business Management, Marketing, Entrepreneurship, Business Economics,
    ◙ Mechanical & Aerospace Engineering, Civil Engineering, Electrical & Electronic Engineering, Chemical Engineering,
    ◙ Communication & Media Studies, Arts and Design,
    ◙ Politics & International Studies, Social Sciences, Sociology,
    ◙ Computer Science,
    ◙ Psychology,
    ◙ Law စတဲ့ ဘာသာရပ်များကို Undergraduate နှင့် Graduate Program များ ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ◙►► လာမည့် (၁၄)ရက်နေ့၊ သောကြာနေ့ USA Education Seminar မှာဆိုရင် ….

    ► US က တက္ကသိုလ်တွေမှာ သွားရောက်ပညာသင်ယူဖို့ ဘာတွေလိုအပ်မလဲ?

    ► Scholarship (4) နှစ်ဆက်တိုက် အထိရရှိုဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ?

    ►စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေတဲ့ ယနေ့ခေတ်မှာ လူငယ်အများစု ရွေးချယ်တက်ရောက်လာကြတဲ့ STEM ပညာရပ်တွေဆိုတာ ဘာလဲ?

    ► ဘွဲ့ရပြီးUS မှာပဲ လုပ်ငန်းခွင်ဝင်ရောက်နိုင်ဖို့ OPT လျှောက်ထားတဲ့အခါ အခြားပညာရပ်ဘွဲ့ရများထက် STEM ပညာရပ်များဖြင့် ဘွဲ့ရထားသူများအနေနဲ့ ဘယ်လိုအားသာချက်တွေရှိမလဲ ?

    အစရှိ တဲ့အကြောင်းအရာအများကို အသေးစိတ်ဆွေးနွေးဟောပြောပေးသွားမယ့်အပြင်

    ►အမေရိကန်နိုင်ငံရဲ့ ပြည်နယ် (11)ခုမှာ ရှိတဲ့ တက္ကသိုလ်များနှင့် ကမ္ဘာ့ထိပ်တန်း အမေရိကန်တက္ကသိုလ်များမှ ပေးအပ်တဲ့ ပညာသင်ဆုများကိုပါ University Representativeမှ အသေးစိတ် လာရောက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်း ပေးပါရန်
    မေတ္တာရပ်ခံအပ်ပါသည် **

    •• Date – 14. 6. 2019 (Friday)
    •• Time – 1:00 pm to 3:00 pm
    •• Place- SR Worldwide Education Office
    Room No. 1102, Office Tower 3, Times City Complex, between Kyun Taw and HanTharWaddy Road,
    (Opposite Side of Junction Square), Kamayut Township, Yangon.

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►► 09 514 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန် ►► https://forms.gle/YqGRUNcyqNXNP46a6

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #UniversityOfDayton