Author: sr admin

  • [:en]ယနေ့ခေတ်မှာ တိုးတက်လာလျှက်ရှိတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍများထဲမှ အခိုင်အမာဆုံးဖြစ်တဲ့ Hospitality & Restaurant ပညာရပ်များ[:mm]ယနေ့ခေတ်မှာ တိုးတက်လာလျှက်ရှိတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍများထဲမှ အခိုင်အမာဆုံးဖြစ်တဲ့ Hospitality & Restaurant ပညာရပ်မျာ[:]

    ယနေ့ခေတ်မှာ တိုးတက်လာလျှက်ရှိတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍများထဲမှ အခိုင်အမာဆုံးဖြစ်တဲ့ Hospitality & Restaurant ပညာရပ်များ

    ► ကမ္ဘာ့စီးပွားရေးတိုးတက်ပြောင်းလဲမှု့တွေကြောင့် စီးပွားရေးလုပ်ငန်းများအချင်းချင်း၊ မတူညီတဲ့နိုင်ငံများမှ လူတွေအချင်းချင်း ခရီးသွားလာမှု့တွေနဲ့ ကူးလူးဆက်ဆံမှု့တွေဟာ တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလာလျှက်ရှိပါတယ်။ ၂၀၀၀ ခုနှစ်ရဲ့ ကမ္ဘာလုံးချီ ခရီးသွားဦးရေဟာ ၆၈၂ သန်းပဲ ရှိသော်ငြားလည်း ၂၀၁၇ ခုနှစ်မှာတော့ သန်း၁၃၀၀ အထိ တိုးတက်များပြားလာလျှက် ရှိပါတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေ (၇) ယောက်ရှိတဲ့အနက် (၁) ယောက်ဟာ အမြဲတမ်းခရီးသွားနေတယ်ဆိုတာကို ဖော်ညွှန်းတာပဲဖြစ်ပါတယ်။

    ► တိုးပွားလာတဲ့ ခရီးသွားအရေအတွက်နှင့်အတူ ၎င်းတို့နေထိုင်ဖို့ ဟိုတယ်များလည်း ပိုမိုလိုအပ်လာသောကြောင့် Tourism ကဏ္ဍနှင့်အတူ Hotel ကဏ္ဍ ပါ တိုးတက်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလက်ရှိ ဟိုတယ်ပေါင်း ၁၁၀၀ ကျော်ရှိပြီး သိပ်မကြာသေးခင်ကပဲ ရန်ကုန်မြို့မှာ Pan Pacific Hotel, Melia Hotel စတဲ့ 5 Star hotel ကြီးများထပ်မံပေါ်ပေါက်လာခြင်းကို ကြည့်ခြင်းအားဖြင့် Hospitality ကဏ္ဍရဲ့ ကောင်းမွန်တဲ့ အနာဂတ်ကိုတွေ့မြင်နိုင်ပါတယ်။ ပြည်ပခရီးသွားလာရေးကဏ္ဍမှာတင် မကဘဲ နိုင်ငံရဲ့စီးပွားရေးတိုးတက်လာမှု့ကြောင့် လူလတ်တန်းစားလူဦးရေအချိုးအစားတိုးတက်များပြားလာပြီး ပြည်တွင်းခရီးသွားလာရေးကဏ္ဍမှာလည်း အရှိန်အဟုန်နဲ့တိုးတက်လာနေပါပြီ။

    ► လူသားတွေရဲ့ခရီးသွားလာခြင်းတွေ တိုးတက်များပြားလာတာနဲ့အတူ ဖွံ့ဖြိုးလာတဲ့ လုပ်ငန်းနယ်ပယ် ၂ ခုကတော့ ဟိုတယ်လုပ်ငန်းနှင့် စားသောက်ဆိုင် လုပ်ငန်းတွေ ပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသာမက နိုင်ငံတကာရဲ့အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ကဏ္ဍမှာ Hotel & Restaurant Industry ဟာ အခိုင်မာဆုံးဖြစ်လာနေပါတယ်။

    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ► ► ဒါဆို Hotel & Restaurant ပညာရပ်ကို ဘယ်သူတွေ ရွေးချယ်တက်ရောက်သင့်ပါသလဲ?

    Hotel & Restaurant ပညာရပ်တွေကိုတော့ ဝန်ဆောင်မှု့ကဏ္ဍမှာဝန်ရောက်လုပ်ကိုင်ချင်တဲ့ လူငယ်တွေ အထူးသဖြင့် လူအချင်းချင်းပေါင်းသင်းဆက်ဆံရတာကို စိတ်ဝင်စားသဘောကျပြီး မိမိကြောင့်တခြားသူတွေ စိတ်ကျေနပ်မှု့ရ၊ ပျော်ရွှင်မှု့ကိုပေးလိုတဲ့ လူငယ်တွေ၊ စိန်ခေါ်မှု့တွေကို ကြိုက်နှစ်သက်ပြီး အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားချင်ကြတဲ့ လူငယ်တွေ၊ လူနေမှု့အဆင့်အတန်းကောင်းကောင်းနဲ့ မတူညီတဲ့ ဒေသ၊ ယဉ်ကျေးမှု့နယ်ပယ်မှလူများနှင့် တွေ့ဆုံချင်တဲ့ လူငယ်တွေ၊ အစားအသောက်ကောင်းတွေကို ကြိုက်နှစ်သက်ပြီး မိမိတို့အတွက်သာ မက တခြားသူတွေအတွက်ပါ မျှဝေချင်တဲ့လူငယ်တွေအနေနဲ့ ဝင်ရောက်လုပ်ကိုင်ဖို့ ရွေးချယ်သင့်ပါတယ်။

    ► ► နိုင်ငံတကာအတွေ့အကြုံတွေပါ ရယူပြီး တက်ရောက်ချင်တဲ့ လူငယ်တွေအတွက် ဘယ်နေရာက သင့်တော်မလဲ ?

    နိုင်ငံတကာကျောင်းသားတွေနဲ့အတူတူ ကျောင်းတက်ပြီး International Exposure ရချင်တယ်၊ ကုန်ကျစရိတ်ကိုလည်း အများကြီးမဟုတ်ပဲနဲ့ ခွေ ျတာချင်တယ်၊ Hotel နှင့် Restaurant ပညာရပ်မှာလည်း Entrepreneur သို့မဟုတ် Professional ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်ဆိုတဲ့ မြန်မာလူတွေအတွက်ကတော့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ် တစ်ခုဖြစ်တဲ့ Bangkok University ရဲ့ Bachelor of Arts in Hotel & Restaurant Management Program ကတော့ သင့်လျှော်ပါတယ်။

    ► ► ထိုင်းနိုင်ငံဟာ အာရှရဲ့ ခရီးသွားလာရေးကဏ္ဍမှာ ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ နိုင်ငံတကာမှ လာရောက်လည်ပတ်သူပေါင်း ၃၅ သန်းကျော်ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟာလည်း ကမ္ဘာ့လည်ပတ်သူအများဆုံးမြို့ ၂၀ စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံနဲ့ဘန်ကောက်မြို့ဟာ ဟိုတယ် နှင့် စားသောက်ဆိုင်လုပ်ငန်းတွေ များပြားစွာ တည်ရှိနေပြီး ဒီကဏ္ဍတွေနဲ့ပတ်သတ်လို့ ကောင်းမွန်တဲ့ပညာရေးလမ်းကြောင်းတွေကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ► ဒါကတော့ Hospitality ကိုစိတ်ဝင်စားပြီး အသက်မွေးဝမ်းကြောင်းပြုချင်တဲ့ မြန်မာလူငယ်များအတွက် သင့်လျှော်မယ့် Bangkok University ရဲ့ Hotel & Restaurant Management Program အကြောင်းမျှဝေပေးခဲ့တာဖြစ်ပါတယ်။

    နောက်ထပ် …

    ► နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့စိတ်ဝင်စားတဲ့လူငယ်တွေအတွက် သိသင့်သိထိုက်တဲ့ ထိုင်းနိုင်ငံပညာရေးနှင့်ပတ်သတ်တဲ့ အားသာချက် အကြောင်းအရာများ၊

    ► ၁၀ တန်း (သို့) IGCSE အောင်မြင်ထားသူများ၊ မဟာဘွဲ့တက်ရောက်ချင်သူများ အတွက် ဝါသနာနှင့် ထပ်တူကျစေမယ့် ပညာရေးလမ်းကြောင်းများ၊

    ► ထိုင်းနိုင်ငံတက္ကသိုလ်တွေနဲ့ပါတ်သတ်တဲ့ အကြောင်းအရာအသေးစိတ်များအပြင်

    ► ကျောင်းလခအသေးစိတ် ၊ ဘာသာရပ် အသေးစိတ် နဲ့ Internship Programs များကိုပါ တစ်နေရာထဲမှာ ပြည့်ပြည့်စုံစုံ သိရှိနိုင်မှာမို့ ဆွေးနွေးပွဲကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် …
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်း ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **

    •• Date – 2. 11. 2018 (Friday)
    •• Time – 10:00 am to 12:00 pm
    •• Place – SR Worldwide Education Office

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848

    Online ဖြင့်စာရင်းပေးသွင်းရန် ►► https://goo.gl/forms/KUyUoT5nyW5sMmor1

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #ThailandEducation #BangkokUniversity

  • Computer နှင့် ဒီဇိုင်းရေးဆွဲခြင်းကို စိတ်ဝင်စားပြီး အသက်မွေးဝမ်းကြောင်းပြုချင်တဲ့ လူငယ်များအတွက် အကောင်းဆုံးပညာရေးကို ထောက်ပံ့ပေးမယ့်- Bangkok University

    Computer နှင့် ဒီဇိုင်းရေးဆွဲခြင်းကို စိတ်ဝင်စားပြီး အသက်မွေးဝမ်းကြောင်းပြုချင်တဲ့ လူငယ်များအတွက် အကောင်းဆုံးပညာရေးကို ထောက်ပံ့ပေးမယ့်- Bangkok University

    ► Graphic Design နဲ့ပတ်သတ်ဆက်နွယ်တဲ့အရာတွေ အားလုံးဟာ နည်းပညာအသုံးပြုမှု့တွေတိုးတက်များပြားလာတာနဲ့အမျှ လူတွေရဲ့ပတ်ဝန်းကျင်မှာ ဆက်စပ်တည်ရှိနေကြပြီး လူတွေရဲ့ဘဝမှာအရေးပါတဲ့ အမှတ်တရတွေအဖြစ်ပြောင်းလဲနေရာယူလျှက်ရှိနေပါပြီ။

    ► မနှစ်က Osaka ဆုရရှိသွားတဲ့ လူတိုင်းကြိုက်နှစ်သက်ခဲ့တဲ့ Co Co- Animation ရုပ်ရှင်၊ နောက်ထွက်လာတော့မယ့် How to train your Dragon-3, လတ်တလော နာမည်ကြီးနေတဲ့ Venom ရုပ်ရှင်၊ လူငယ်တိုင်းအသည်းစွဲဖြစ်နေတဲ့ Superhero ရုပ်ရှင်တွေ၊ ဒါမှမဟုတ် လူတွေနေ့စဉ်ငေးမောကြည့်နေရတဲ့ billboard တွေ၊ ကြော်ငြာဆိုင်းဘုတ်တွေ၊ ငယ်ငယ်ကတည်းက စွဲလွမ်းစွာဆော့ကစားခဲ့ရတဲ့ Dota 2, COC စတဲ့ ကွန်ပျူတာနှင့် မိုဘိုင်းလ် Game တွေ ဒီအရာတွေအားလုံးကို ဘယ်သူတွေက ပြုလုပ်ခဲ့လဲ ထင်ပါတယ်။

    ဟုတ်ပါတယ်။ Computer နှင့် Graphic Designer တွေပါ။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်လာမှု့တွေနဲ့အတူ လူသားအားလုံးရဲ့ ကြွယ်ဝချမ်းသာမှု့တွေနဲ့ တစ်ဦးချင်းစီ ငွေကြေးသုံးစွဲနိုင်မှု့တွေဟာ မြင့်မားလာတာနဲ့အညီ ဖျော်ဖြေးရေးကဏ္ဍတွေအတွက် ငွေကြေးသုံးစွဲမှု့တွေလည်း တိုးတက်များပြားလျှက်ရှိပါတယ်။ ဒါ့ကြောင့် ရုပ်ရှင်၊ Game၊ Design စတဲ့ နယ်ပယ်တွေမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေလည်းတိုးတက်များပြားလာလျှက်ရှိပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် Graphic Designer တစ်ယောက်ရဲ့ ပျမ်းမျှလစာဟာ အမေရိကန်ဒေါ်လာ ၅၅၀၀၀ ထိရှိပါတယ်။

    ► ဒါဆို Computer Graphic Designer တစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေလိုအပ်ပါသလဲ? ဘယ်လိုလူငယ်တွေ ရွေးချယ်တက်ရောက်သင့်ပါသလဲ?

    ပထမဦးဆုံး လိုအပ်တဲ့အရည်အချင်းတစ်ခုကတော့ Creativity-တီထွင်ဖန်တီးနိုင်စွမ်းဖြစ်ပါတယ်။ လူတွေရဲ့ စိတ်ဝင်စားမှု့တွေကို ဖမ်းယူနိုင်ဖို့အတွက် သူများနဲ့မတူတဲ့ ထူးခြားပြီး သာလွန်တဲ့ Design တွေဖန်တီးနိုင်ဖို့လိုပါတယ်။

    ဒုတိယအနေနဲ့ကတော့ computer graphic designer တွေဟာ software application တွေကို အသုံးပြုပြီး ရေးဆွဲရတာဖြစ်တဲ့အတွက် software နဲ့ပတ်သတ်တဲ့ အခြေခံတွေကို ကျွမ်းကျင်ဖို့လိုပါတယ်။

    တတိယအနေနဲ့ကတော့ Communication ဖြစ်ပါတယ်။ Client တွေ ဘာလိုချင်လဲဆိုတာကို နားလည်နိုင်ဖို့၊ လူတွေဘာတွေ လိုချင် ကြိုက်နှစ်သက်လဲဆိုတာတွေကို သိရှိနို်င်ဖို့အတွက် ပေါင်းသင်းဆက်ဆံရေး၊ Communication skill ကိုလဲလိုအပ်ပါသေးတယ်။ နောက်ဆုံးတစ်ခုကတော့ Web Design ပဲဖြစ်ပါတယ်။

    ► ဒ့ါကြောင့် တီထွင်ဖန်တီးမှု့ကိုကြိုက်နှစ်သက်ပြီး အသစ်အသစ်တွေကို ပြုလုပ်ချင်တဲ့ လူငယ်တွေ၊ Computer နှင့်အလုပ်လုပ်ရတာကို ကြိုက်နှစ်သက်တဲ့လူငယ်တွေ ၊ စိတ်ကူးယဉ်ရတာကို ကြိုက်နှစ်သက်တဲ့လူငယ်တွေအနေနဲ့ Graphic Design ပညာရပ်ကိုသင်ယူဖို့သင့်လျှော်ပါတယ်။

    ► ဒီ အရည်အချင်းတွေအားလုံးကို ပြည့်မှီအောင်ပြုလုပ်ပေးပြီး၊ ကျွမ်းကျင်ပြီး Professional Graphic Designer တစ်ယောက်ဖြစ်လာဖို့ ဘယ် program ကို ရွေးချယ်သင့်ပါသလဲ?

    ကျွမ်းကျင်ပြီး Professional Graphic Designer တစ်ယောက်ဖြစ်လာဖို့အတွက်ကတော့ ထိုင်းနိုင်ငံ Bangkok University ရဲ့ Bachelor of Technology in Computer Graphic & Multimedia ဟာ မြန်မာလူငယ်တွေအတွက် အသင့်လျှော်ဆုံးဖြစ်မှာပါ။ ဒီ Program နှင့် ကျောင်းပြီးစီးပြီး ရရှိနိုင်မယ့် Career Opportunity တွေကတော့ Internet & E-commerce Business, Film & Media Production, Cinematography, Animation, Website Design စတဲ့ လုပ်ငန်းတွေမှာ Graphic Designer ကောင်းတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

    ဒါ့အပြင် ကျောင်းလခဟာလည်း semester တစ်ခုလျှင် သိန်း ၂၀ ကျော်သာ ကျသင့်နိုင်တာဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းမှာ ကျောင်းတက်တာထက် အနည်းငယ်သာ ကျော်လွန်တဲ့ ကုန်ကျစရိတ်ဖြစ်ပြီး တခြားသောနိုင်ငံမှာ နိုင်ငံတကာမှ ကျောင်းသားများနှင့်အတူ တက္ကသိုလ်တက်ရောက်ရင်း International Exposure, ခမ်းနားကြီးကျယ်တဲ့ တက္ကသိုလ်ပတ်ဝန်းကျင်နှင့်အတူ၊ ပြီးပြည့်စုံတဲ့ facility တွေနဲ့ တက္ကသိုလ်ကျောင်းသားဘ၀ စစ်စစ်ကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။

    ► ဒါကတော့ Computer Graphic Design ကိုစိတ်ဝင်စားပြီး အသက်မွေးဝမ်းကြောင်းပြုချင်တဲ့ မြန်မာလူငယ်များအတွက် သင့်လျှော်မယ့် Bangkok University ရဲ့ Computer Graphic & Multimedia program အကြောင်းမျှဝေပေးခဲ့တာဖြစ်ပါတယ်။

    နောက်ထပ် …

    ► နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့စိတ်ဝင်စားတဲ့လူငယ်တွေအတွက် သိသင့်သိထိုက်တဲ့ ထိုင်းနိုင်ငံပညာရေးနှင့်ပတ်သတ်တဲ့ အားသာချက် အကြောင်းအရာများ၊

    ► ၁၀ တန်း (သို့) IGCSE အောင်မြင်ထားသူများ၊ မဟာဘွဲ့တက်ရောက်ချင်သူများ အတွက် ဝါသနာနှင့် ထပ်တူကျစေမယ့် ပညာရေးလမ်းကြောင်းများ၊

    ► ထိုင်းနိုင်ငံတက္ကသိုလ်တွေနဲ့ပါတ်သတ်တဲ့ အကြောင်းအရာအသေးစိတ်များအပြင်

    ► ကျောင်းလခအသေးစိတ် ၊ ဘာသာရပ် အသေးစိတ် နဲ့ Internship Programs များကိုပါ တစ်နေရာထဲမှာ ပြည့်ပြည့်စုံစုံ သိရှိနိုင်မှာမို့ ဆွေးနွေးပွဲကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် …
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်း ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **

    •• Date – 2. 11. 2018 (Friday)
    •• Time – 10:00 am to 12:00 pm
    •• Place – SR Worldwide Education Office

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848

    Online ဖြင့်စာရင်းပေးသွင်းရန် ►► https://goo.gl/forms/KUyUoT5nyW5sMmor1

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #ThailandEducation #BangkokUniversity

  • စွန့်ဦးတီထွင်မှု့ကို စိတ်ဝင်စားပြီး အနာဂတ်မှာ မိမိတို့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို ဦးစီးလုပ်ကိုင်ချင်တဲ့ လူငယ်များအတွက် အသင့်တော်ဆုံး Bangkok University ရဲ့ Entrepreneurship Program

    ►►► စွန့်ဦးတီထွင်မှု့ကို စိတ်ဝင်စားပြီး အနာဂတ်မှာ မိမိတို့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို ဦးစီးလုပ်ကိုင်ချင်တဲ့ လူငယ်များအတွက် အသင့်တော်ဆုံး Bangkok University ရဲ့ Entrepreneurship Program…

    ► ၂၀၀၀ ခုနှစ်ပြည့်နောက်ပိုင်းမှာ Entrepreneurship ဆိုတဲ့ စကားလုံးဟာ လူငယ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးမှာ ခေတ်စားလာနေတဲ့ စကားလုံးတစ်လုံး ဖြစ်လာပါတယ်။

    ► So, What is Entrepreneurship?

    ဒါဆို Entrepreneurship ဆိုတာဘာလဲ? Entrepreneurship ဆိုတာကတော့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းတွေကို ဆိုလိုတာဖြစ်ပါတယ်။ Entrepreneur ဆိုတာကတော့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းတွေကို ကိုယ်တိုင်လုပ်ဆောင်တဲ့သူတွေပဲဖြစ်ပါတယ်။ ၂၀ ရာစုမတိုင်ခင် လူတွေရဲ့ဘဝကတော့ ကျောင်းပြီး ဘွဲ့ရပြီးတာနဲ့ ကုမ္မဏီတစ်ခုခုလုပ်ငန်းတစ်ခုခုကို ဝင်ပြီး အလုပ်လုပ်ကြတော့၊ ရာထူးတိုး နောက်ပြီး အသက် ၆၀ ပြည့်ပြီး ပင်စင်လစာနဲ့ဆက်လက်နေထိုင်ပြီး အလုပ်အကိုင်ပေါ်မူတည်ပြီး လူလတ်တန်းစား သို့မဟုတ် အခြေခံလူတန်းစားတွေအဖြစ် နေထိုင်ရှင်သန်သွားခဲ့ရပါတယ်။ ဒါပေမယ့် ၂၀ ရာစုနောက်ပိုင်းနှင့် ၂၁ ရာစုအစပိုင်းတွေလောက်မှာ မိမိတို့ဝါသနာပါရာကိုအရင်းတည်ပြီး ဘဝတိုးတက်ရေးအတွက် ကိုယ့်လမ်းကိုယ်ဖောက်ကြပြီး အောင်မြင်လာခဲ့ကြတဲ့ လူငယ်တွေအချို့ကြောင့် ကမ္ဘာကြီးဟာပိုမိုလှုပ်လှုပ်ရှားရှားဖြစ်လာပြီး မိမိတို့ဘဝကို မိမိတို့လက်ထဲမှာထည့်ထားနိုင်တဲ့ မျှောင်လင့်ချက်တွေလဲ ပေါ်ထွန်းလာခဲ့ပါပြီ။

    ► အကောင်းဆုံး ဥပမာ ၃ ခုကို ပြရရင် Steve Jobs တည်ထောင်ခဲ့တဲ့ Apple, Bill Gate တည်ထောင်ခဲ့တဲ့ Microsoft, Mark Zuckerberg တည်ထောင်ခဲ့တဲ့ Facebook တို့ပဲဖြစ်ပါတယ်။ ဒီလုပ်ငန်း သုံးခုလုံးဟာ ယနေ့ကမ္ဘာပေါ်မှာရှိတဲ့ Entrepreneurship စီးပွားရေးလုပ်ငန်းတွေထဲမှာ အအောင်မြင်ဆုံးနဲ့အကြီးဆုံးလုပ်ငန်းတွေပဲဖြစ်ပါတယ်။ သူတို့သုံးဦးလုံးဟာ တခြားသူတွေ မစဉ်းစားမိတဲ့ မလုပ်ရဲတဲ့ အရာတွေကို မိမိတို့ကိုယ်ကို ယုံကြည့်မှု့အပြည်နဲ့ ယုံကြည်ရာကိုလုပ်နိုင်ခဲ့တဲ့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင် သုံးဦးပဲဖြစ်ပါတယ်။

    ► ဒါကြောင့် ယခုနောက်ပိုင်းမှာ လူငယ်တွေအနေနဲ့ မိမိတို့ဝါသနာပါရာနဲ့ယုံကြည်ရာကို ပေါင်းစပ်ပြီး မိမိတို့ကိုယ်တိုင်ဦးဆောင်နိုင်တဲ့ စီးပွားရေးလုပ်ငန်းများကို တည်ထောင်နိုင်ဖို့အခွင့်အရေးတွေ၊ ပညာရပ်တွေလည်း ရရှိလို့နေပါပြီ။ ဒါ့ကြောင့် company တစ်ခုခုမှာ အချိန်ကြာမြင့်စွာလုပ်ဆောင်တာထက် မိမိတို့ ကိုယ်တိုင်လုပ်ငန်းတည်ထောင်ပြီး စီမံခန့်ခွဲချင်တဲ့ လူငယ်တွေအတွက်တော့ Entrepreneurship ပညာရပ်ဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။

    ► ဒါဆို အောင်မြင်တဲ့ Entrepreneur တစ်ယောက်ဖြစ်လာဖို့အတွက် Entrepreneurship ကို ဘယ်တက္ကသိုလ်၊ ဘယ် program တွေမှာရွေးချယ်တက်ရောက်သင့်ပါသလဲ?

    မြန်မာနိုင်ငံ ပြည်တွင်းမှာတော့ Entrepreneurship နဲ့ပတ်သတ်တဲ့ ပညာရပ်ကို သီးသန့် သေချာ train လုပ်ပေးတဲ့ ကျောင်းတွေနဲ့ program တွေ ရှားပါးနေပါတယ်။
    နိုင်ငံခြားမှာကျောင်းသွားတက်ပြီး International Exposure- နိုင်ငံတကာအတွေ့အကြုံ ၊ ကောင်းမွန်တဲ့ပညာရေးနှင့် ကုန်ကျစရိတ်ကိုချွှေတာလိုတဲ့ လူငယ်တွေအတွက် အသင့်အလျှော်ဆုံးကတော့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း International University တစ်ခုဖြစ်တဲ့ Bangkok University ရဲ့ International Program ပဲဖြစ်ပါတယ်။ ( ၁၉၆၂ ခုနှစ်ကတည်းက စတင်တည်ထောင်ထားခဲ့တဲ့ Bangkok University ဟာ ထိုင်နိုင်ငံရဲ့ သက်တမ်းအကြာဆုံး နှင့် အကြီးဆုံး တက္ကသိုလ်များထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှ လူငယ်များအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်မှ ကျောင်းသားပေါင်း ၂၉၀၀၀ ကျော်လောက်ဟာ Bangkok University ရဲ့ Bachelor Degree, Master Degree နှင့် Doctorate Program တွေမှာ ပညာသင်ကြားနေကြတာဖြစ်ပါတယ်။ )

    ► Bangkok University ရဲ့ Entrepreneurship Program မှာသင်ကြားနေတဲ့ Curriculum- သင်ရိုးညွှန်းတမ်းကို အမေရိကန်နိုင်ငံရဲ့ စွန့်ဦးတီထွင်ပညာရပ်နဲ့ပတ်သတ်ပြီး ထိပ်တန်း institution တစ်ခုဖြစ်တဲ့ Babson College မှရေးဆွဲပေးထားတာဖြစ်ပါတယ်။ တကယ့်ကို အရည်အချင်းပြည့်မှီတဲ့ Entrepreneur ကောင်းတွေဖြစ်လာစေဖို့အတွက် Entrepreneurship နဲ့ပတ်သတ်တဲ့ ပညာရပ်တွေကို ပြီးပြည့်စုံစွာ သင်ကြားပေးနိုင်တဲ့ program တစ်ခုဖြစ်ပါသေးတယ်။ ပထမနှစ် မှသည်နောက်ဆုံးနှစ်ထိ Entrepreneurship နှင့်သက်ဆိုင်တဲ့ဘာသာရပ်ပေါင်း ၄၅ ခုကို လေ့လာသင်ယူခွင့် ရရှိမှာဖြစ်ပါတယ်။

    ဒါကတော့ စွန့်ဦးတီထွင်မှု့ကို စိတ်ဝင်စားပြီး အနာဂတ်မှာ မိမိတို့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို ဦးစီးလုပ်ကိုင်ချင်တဲ့ လူငယ်များအတွက် အသင့်တော်ဆုံး Bangkok University ရဲ့ Entrepreneurship Program အကြောင်းမျှဝေပေးခဲ့တာဖြစ်ပါတယ်။

    နောက်ထပ် …

    ► နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့စိတ်ဝင်စားတဲ့လူငယ်တွေအတွက် သိသင့်သိထိုက်တဲ့ ထိုင်းနိုင်ငံပညာရေးနှင့်ပတ်သတ်တဲ့ အားသာချက် အကြောင်းအရာများ၊

    ► ၁၀ တန်း (သို့) IGCSE အောင်မြင်ထားသူများ၊ မဟာဘွဲ့တက်ရောက်ချင်သူများ အတွက် ဝါသနာနှင့် ထပ်တူကျစေမယ့် ပညာရေးလမ်းကြောင်းများ၊

    ► ထိုင်းနိုင်ငံတက္ကသိုလ်တွေနဲ့ပါတ်သတ်တဲ့ အကြောင်းအရာအသေးစိတ်များအပြင်

    ► ကျောင်းလခအသေးစိတ် ၊ ဘာသာရပ် အသေးစိတ် နဲ့ Internship Programs များကိုပါ တစ်နေရာထဲမှာ ပြည့်ပြည့်စုံစုံ သိရှိနိုင်မှာမို့ ဆွေးနွေးပွဲကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် …
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙
    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်း ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **

    •• Date – 2. 11. 2018 (Friday)
    •• Time – 10:00 am to 12:00 pm
    •• Place – SR Worldwide Education Office

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848

    Online ဖြင့်စာရင်းပေးသွင်းရန် ►► https://goo.gl/forms/KUyUoT5nyW5sMmor1

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #ThailandEducation #BangkokUniversity

  • ►►► နိုင်ငံတကာအသိအမှတ်ပြု Education Program များကို မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားတဲ့ ကျောင်းသားတွေ တိုက်ရိုက်တက်ရောက်နိုင်မယ့် ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်- Bangkok University…

    ►►► နိုင်ငံတကာအသိအမှတ်ပြု Education Program များကို မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားတဲ့ ကျောင်းသားတွေ တိုက်ရိုက်တက်ရောက်နိုင်မယ့် ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်- Bangkok University…

    ► ၂၀၁၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှ နိုင်ငံခြားသို့သွားရောက်ပညာသင်လိုတဲ့မြန်မာလူငယ်တွေနဲ့မိဘများရဲ့ ရွေးချယ်မှု့ထဲမှာ ထိုင်းနိုင်ငံဟာလည်း ပါဝင်လာလို့နေပါပြီ။ ဘာကြောင့်ပါလဲ?

    •• ထိုင်းနိုင်ငံပညာရေးရဲ့ အဓိက အားသာချက်ကတော့နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့၊ Degree များကို ကျောင်းကုန်ကျစရိတ် သက်သက်သာသာဖြင့် ရယူနိုင်ခြင်းပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ရေခံမြေခံကောင်းမှု့နှင့် ပညာရေးဆိုင်ရာ အဆင့်အတန်းမြင့်မားမှု့တွေကြောင့် နိုင်ငံတကာမှ ထိပ်တန်းတက္ကသိုလ်များမှ လာရောက်ပြီး ထိုင်းနိုင်ငံမှာ Campus ခွဲများ လာရောက်ဖွင့်ထားကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှလာရောက်ပညာသင်ကြားချင်ကြတဲ့ လူငယ်များအတွက်ရည်ရွယ်ပြီး International University များလည်းပေါ်ပေါက်လာပါပြီ။ အထူးသဖြင့် ထိုင်းနိုင်ငံဟာ နေစရိတ်၊ စားစရိတ်အလွန်သက်သာပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံမှာ နိုင်ငံတကာမှ လာရောက်ပညာသင်ကြားသူတွေများပြားလာတာဖြစ်ပါတယ်။ ဒါ့အပြင် သင်ကြားရေး အထောက်အပံ့များကို ပြည့်စုံစွာ ထောက်ပံ့ပေးနိုင်တဲ့ ထိုင်းနိုင်ငံထိပ်တန်းတက္ကသိုလ်များရဲ့ Tuition Fees ဟာလည်း အလွန်မှ သက်သာပါသေးတယ်။

    အခုအခါမှာတော့ SR Worldwide Education အနေနဲ့ ထိုင်းနိုင်ငံမှာကျောင်းတက်ရောက်ပြီး ကုန်ကျစရိတ်လည်းချွေတာ နိုင်ငံတကာအတွေ့အကြုံတွေလည်း ခံစားရရှိပြီး အရည်အသွေးမြင့်မားတဲ့ ပညာရေးကို ခံစားရရှိလိုတဲ့ လူငယ်တွေအတွက် သင့်လျှော်ကောင်းမွန်တဲ့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း International University တစ်ခုဖြစ်တဲ့ Bangkok University အကြောင်းမျှဝေပေးသွားမှာဖြစ်ပါတယ်။

    ► Bangkok University မှာ သင်ကြားတက်ရောက်နိုင်မယ့် Program တွေကို ရှင်းပြပေးပါ ?

    •• ၁၉၆၂ ခုနှစ်ကတည်းက စတင်တည်ထောင်ထားခဲ့တဲ့ Bangkok University ဟာ ထိုင်းနိုင်ငံရဲ့ သက်တမ်းအကြာဆုံး နှင့် အကြီးဆုံး တက္ကသိုလ်များထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှ လူငယ်များအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်မှ ကျောင်းသားပေါင်း ၂၉၀၀၀ ကျော်လောက်ဟာ Bangkok University ရဲ့ Bachelor Degree, Master Degree နှင့် Doctorate Program တွေမှာ ပညာသင်ကြားနေကြတာဖြစ်ပါတယ်။

    ► မြန်မာနိုင်ငံက ကျောင်းသားတွေနဲ့ Bangkok University က ဘယ်လိုဆက်နွယ်မှု့တွေရှိလို့လဲ?

    •• ဟုတ်ကဲ့ ရှိပါတယ်။ Bangkok University ဟာ မြန်မာနိုင်ငံကအခြေခံပညာရေးစနစ် အထူးသဖြင့် အထက်တန်းပညာရေးစနစ်ကို အသိအမှတ်ပြုလက်ခံထားပြီး Bangkok University ရဲ့ ပထမနှစ်ကို ဘာ Foundation Program မှ မလိုပဲ မြန်မာနိုင်ငံမှ ဆယ်တန်း ဖြေဆိုအောင်မြင်ထားတဲ့ တက္ကသိုလ်ဝင်တန်းကျောင်းသားတွေအားလုံး ကျောင်းဝင်ခွင့်တိုက်ရိုက်လျှောက်ထားနိုင်တာပဲဖြစ်ပါတယ်။

    ► Bangkok University မှာတခြားသောဘယ်လိုအားသာချက်တွေ ရှိပါသေးသလဲ?

    •• အဓိကကတော့ ကျောင်းစရိတ်ပါ။ Bachelor Degree များအတွက် ပျမ်းမျှကျောင်းလခမှာ semester တစ်ခုလျှင် သိန်း ၂၀ ကျော်သာ ကျသင့်နိုင်တာဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းမှာ ကျောင်းတက်တာထက် အနည်းငယ်သာ ကျော်လွန်တဲ့ ကုန်ကျစရိတ်ဖြစ်ပြီး တခြားသောနိုင်ငံမှာ နိုင်ငံတကာမှ ကျောင်းသားများနှင့်အတူ တက္ကသိုလ်တက်ရောက်ရင်း International Exposure, ခမ်းနားကြီးကျယ်တဲ့ တက္ကသိုလ်ပတ်ဝန်းကျင်နှင့်အတူ၊ ပြီးပြည့်စုံတဲ့ facility တွေနဲ့ တက္ကသိုလ်ကျောင်းသားဘ၀ စစ်စစ်ကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

    ဘွဲ့ရရှိပြီးလို့ ပြည်တွင်းပြန်လာပြီး အလုပ်လုပ်ရင်ပဲဖြစ်ဖြစ်၊ ပြည်ပမှာ အခြေချရင်ပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Bangkok University- Programs တွေရဲ့ အားသာချက်ကတော့ ဘာသာရပ်တွေမှာ Internship Program တွေထောက်ပံ့ပေးတဲ့အတွက် ဘွဲ့မရသေးခင်မှာဘဲ မိမိတို့ လေ့လောနေတဲ့ ပညာရပ်တွေမှာ ကျွမ်းကျင်မှု့အပြင် အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Bangkok University- International မှာ သင်ကြားနေကြတဲ့ Professor အများစုဟာ နိုင်ငံတကာမှ ဘွဲ့ရရှိပြီးတဲ့ နိုင်ငံခြားသား Professor များဖြစ်ကြပြီး Bangkok University မှ သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာမှ ချိတ်ဆက်ထားတဲ့ Partner University များနှင့်ချိတ်ဆက်ရေးဆွဲထားတာပဲဖြစ်ပါတယ်။

    ► ဒါဆို Bangkok University မှာ မြန်မာကျောင်းသားတွေအနေနဲ့ ဘယ်လိုမျိုးဘာသာရပ်တွေကို ရွေးချယ်တက်ရောက်နိုင်မလဲ?

    •• Bangkok University မှာ တက်ရောက်နိုင်တဲ့ Bachelor Degree များအနေနဲ့- Communication Arts, Computer Graphic & Multimedia, Entrepreneurship, Hotel & Restaurant Management, Business English, International Tourism Management, Innovative Media Production, Marketing စတဲ့ ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပြီး၊ Master Program များအနေနဲ့ MBA- Master of Business Administration, Master of Business Innovation, Master of Communication Arts, Master of Engineering စတဲ့ ပညာရပ်များကို ရွေးချယ်သင်ယူနိုင်မှာဖြစ်ပါတယ်။

    ဒါကတော့ ၁၀တန်းဖြေဆိုအောင်မြင်ထားတဲ့ မြန်မာတက္ကသိုလ်ဝင်တန်းကျောင်းသားတွေ တိုက်ရိုက်လျှောက်ထားတက်ရောက်နိုင်ပြီး ကုန်ကျစရိတ်သက်သာတဲ့ Bangkok University အကြောင်း SR Worldwide Education မှ မျှဝေပေးသွားခဲ့တာဖြစ်ပါတယ်။

    နောက်ထပ် …
    ► နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့စိတ်ဝင်စားတဲ့လူငယ်တွေအတွက် သိသင့်သိထိုက်တဲ့ ထိုင်းနိုင်ငံပညာရေးနှင့်ပတ်သတ်တဲ့ အားသာချက် အကြောင်းအရာများ၊

    ► ၁၀ တန်း (သို့) IGCSE အောင်မြင်ထားသူများ၊ မဟာဘွဲ့တက်ရောက်ချင်သူများ အတွက် ဝါသနာနှင့် ထပ်တူကျစေမယ့် ပညာရေးလမ်းကြောင်းများ၊

    ► ထိုင်းနိုင်ငံတက္ကသိုလ်တွေနဲ့ပါတ်သတ်တဲ့ အကြောင်းအရာအသေးစိတ်များအပြင်

    ► ကျောင်းလခအသေးစိတ် ၊ ဘာသာရပ် အသေးစိတ် နဲ့ Internship Programs များကိုပါ တစ်နေရာထဲမှာ ပြည့်ပြည့်စုံစုံ သိရှိနိုင်မှာမို့ ဆွေးနွေးပွဲကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် …
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်း ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **

    •• Date – 2. 11. 2018 (Friday)
    •• Time – 10:00 am to 12:00 pm
    •• Place – SR Worldwide Education Office

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန် ►► https://goo.gl/forms/KUyUoT5nyW5sMmor1

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #ThailandEducation #BangkokUniversity

  • ►►► ကနေဒါနိုင်ငံမှာ ကျောင်းတက်ပြီးနောက် အခြေချနေထိုင်ချင်တဲ့ လူငယ်တွေအတွက် သင့်လျော်မယ့် ကနေဒါနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ် – University of Manitoba…

    ►►► ကနေဒါနိုင်ငံမှာ ကျောင်းတက်ပြီးနောက် အခြေချနေထိုင်ချင်တဲ့ လူငယ်တွေအတွက် သင့်လျော်မယ့် ကနေဒါနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ် – University of Manitoba…

    ► နိုင်ငံတကာမှာ သွားရောက်ကျောင်းတက်ကြတဲ့ မြန်မာလူငယ်အများစုကတော့ ကျောင်းပြီးတာနဲ့ ထိုနိုင်ငံမှာပဲ အခြေချ အလုပ်လုပ်ကိုင်ပြီး မိမိတို့ရဲ့ ဘဝအနာဂတ်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။ ဒီ့အတွက် ကျောင်းသားအများစု သွားရောက်ကြတဲ့နိုင်ငံအချို့ကတော့ အမေရိကန်၊ ဗြိတိန်၊ စင်္ကာပူနှင့် ဂျပန်နိုင်ငံတို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ယခု 2010 ခုနှစ်နောက်ပိုင်းမှာ မြန်မာကျောင်းသားတွေအကြား ရွေးချယ်မှု့များပြီး ထင်ရှားလာတဲ့နိုင်ငံတစ်ခုကတော့ ကနေဒါနိုင်ငံပဲဖြစ်ပါတယ်။ ကနေဒါနိုင်ငံရဲ့ ကမ္ဘာ့အဆင့်အတန်းမှီ မြင့်မားတဲ့ ပညာရေး၊ ပေါများတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ PR- Permanent Residence လို့ခေါ်တဲ့အမြဲတမ်းနေထိုင်ခွင့်ရရှိဖို့ လွယ်ကူမှု့တွေကြောင့်ဖြစ်ပါတယ်။

    ► အခုအခါမှာတော့ SR Worldwide Education အနေနဲ့ ကနေဒါနိုင်ငံမှာ သွားရောက်ကျောင်းတက်ချင်တဲ့ မြန်မာလူငယ်တွေအတွက် သင့်လျော်ကောင်းမွန်တဲ့ ပညာရေးနဲ့ ဘွဲ့ရပြီးအလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ဖော်ဆောင်ပေးနိုင်မယ့် ကနေဒါနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်တဲ့ University of Manitoba အကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

    ►► 1. University of Manitoba ဟာ ကနေဒါနိုင်ငံရဲ့ ဘယ်လိုတက္ကသိုလ်မျိုးလဲ?

    University of Manitoba ဟာ ကနေဒါနိုင်ငံအနောက်ပိုင်း Manitoba မြို့မှာတည်ရှိတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ 1877 ခုနှစ်ကနေ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း 140 ကျော်လာပြီဖြစ်တဲ့ University of Manitoba ဟာ စုစုပေါင်း ကျောင်းသားပေါင်း 31,000 ကျော်နဲ့ ကနေဒါနိုင်ငံရဲ့ အနောက်ပိုင်းဒေသမှာ အကြီးဆုံးတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။

    အစိုးရတက္ကသိုလ်တစ်ခုဖြစ်တဲ့University of Manitoba ဟာ သူ့ရဲ့ ကြီးမားလေးနက်တဲ့ သုတေသနလုပ်ငန်းတွေကြောင့် ကနေဒါနိုင်ငံမှာ ထင်ရှားပြီး CWUR- Center of World University Ranking ရဲ့ စာရင်းဇယားများအရ 2016 ခုနှစ်တွင် ကနေဒါနိုင်ငံမှာ Ranking 11th ရရှိခဲ့ပြီး ကမ္ဘာ့တက္ကသိုလ် 20,000 ကျော်မှာ Ranking 236th ရရှိခဲ့ပါတယ်။

    နိုင်ငံပေါင်း 140 ကျော်မှ ကျောင်းသားပေါင်း 190,000 ကျော်မွေးထုတ်ပေးနိုင်ခဲ့တဲ့ ကနေဒါနိုင်ငံရဲ့ တက္ကသိုလ်ကြီး တစ်ခုဖြစ်တဲ့အပြင် ကနေဒါနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်အဖွဲ့အစည်းကြီး နှစ်ခုဖြစ်တဲ့ Association of Commonwealth Universities နှင့် Association of Universities & Colleges of Canada ရဲ့ အဖွဲ့ဝင်တက္ကသိုလ်တစ်ခုလဲဖြစ်ပါသေးတယ်။
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ►► 2. University of Manitoba မှာ ဘယ်လိုမျိုး program တွေ ရှိသလဲ? ဘယ်လိုဘာသာရပ်တွေကို ရွေးချယ်နိုင်သလဲ?

    ကျောင်းသား ကျောင်းသူများဟာ University of Manitoba ရဲ့ Diploma, Bachelor, Master, Doctorate Program- ဘာသာရပ်နယ်ပယ် ပေါင်း 100 ကျော်မှာ မိမိတို့ စိတ်ကြိုက်၊ ဝါသနာပါရာ ပညာရပ်တွေကို ရွေးချယ်တက်ရောက်နိုင်ကြပါတယ်။ University of Manitoba ဟာ နည်းပညာနဲ့ ဆေးပညာဆိုင်ရာ ဘာသာရပ်တွေမှာ သူ့ရဲ့ ကြီးမားတဲ့ သုတေသန လုပ်ငန်းဆောင်တာတွေကြောင့် ထင်ရှားပြီး University of Manitoba မှာ ကိုယ်ပိုင် တက္ကသိုလ်စာကြည့်တိုက်ပေါင်း (19) ခုရှိတဲ့အပြင် Art Galleries ပေါင်း (4) ခုကို ပိုင်ဆိုင်ပါသေးတယ်။
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ►► 3.University of Manitoba ရဲ့ တခြားသော ကနေဒါတက္ကသိုလ်တွေနဲ့မတူတဲ့ အားသာချက်တစ်ခုကိုပြောပြပေးပါဆိုရင် …?

    University of Manitoba ဟာအထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း သုတေသနအခြေပြု တက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့အတွက် တက္ကသိုလ် campus အတွင်းမှာပင် Smartpark Research and Technology Park ကိုတည်ထောင်ထားပြီး သုတေသနလုပ်ငန်းတွေကို အကြီးအကျယ်လုပ်ဆောင်ပါတယ်။ အဲ့ဒီ့ Smartpark မှာဆိုရင် ကနေဒါနိုင်ငံရဲ့ နည်းပညာနဲ့ပတ်သတ်တဲ့ ကုမ္ပဏီပေါင်း (30) ကျော်ဟာ လာရောက်အခြေစိုက်ထားတာဖြစ်ပါတယ်။ ကျောင်းသားများဟာ သူတို့ ကျောင်းမှာသင်ကြားရတဲ့ theory များကို သုတေသနလုပ်ငန်းတွေမှာပြန်လည်အသုံးချလေ့လာနိုင်တာကြောင့် ဘွဲ့ရကျောင်းပြီးတဲ့အခါ တကယ့်ကို မိမိတို့ပညာရပ်မှာ ကျွမ်းကျင်တက်မြောက်တဲ့ Professional များဖြစ်လာစေပြီး အလုပ်အကိုင်ရရှိမှု့မှာ ကြီးစွာသောအထောက်အပံ့ကိုဖြစ်စေမှာပါ။

    ဒါကတော့ ကနေဒါနိုင်ငံမှာကျောင်းတက်ဖို့စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် သင့်လျော်မယ့် ထိပ်တန်းတက္ကသိုလ်တစ်ခုအကြောင်းကို SR Worldwide Education မှ မျှဝေပေးခဲ့တာဖြစ်ပါတယ်။

    နောက်ထပ် …
    ► နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့စိတ်ဝင်စားတဲ့လူငယ်တွေအတွက် သိသင့်သိထိုက်တဲ့ ကနေဒါပညာရေးနှင့်ပတ်သတ်တဲ့ အားသာချက် အကြောင်းအရာများ၊

    ► ၁၀ တန်း (သို့) IGCSE အောင်မြင်ထားသူများ၊ မဟာဘွဲ့တက်ရောက်ချင်သူများ အတွက် ဝါသနာနှင့် ထပ်တူကျစေမယ့် ပညာရေးလမ်းကြောင်းများ၊

    ► ကနေဒါတက္ကသိုလ်တွေနဲ့ပါတ်သတ်တဲ့ အကြောင်းအရာအသေးစိတ်များအပြင်

    ► အခြေချနေထိုင်နိုင်တဲ့ အခွင့်အရေးများအကြောင်းကိုပါ လာမည့် သောကြာနေ့ October 19th မှာ မျှဝေပေးသွားမှာဖြစ်လို့ ကျောင်းသားများနှင့်မိဘများကို ဖိတ်ခေါ်လိုက်ပါတယ်။
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်း ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **

    •• Date – 19. 10. 2018 (Friday)
    •• Time – 10:00 am to 12:00 pm
    •• Place – SR Worldwide Education Office

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန် ►► https://goo.gl/forms/gi6CeTd97Y5gi0Zf1

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #StudyinCanada #UniversityOfManitoba

  • ►►► ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုခုမှာ ကျောင်းတက်ရင်း အခြေချချင်တဲ့ မြန်မာကျောင်းသားများအတွက် အသင့်တော်ဆုံး ကနေဒါနိုင်ငံ

    ►►► ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုခုမှာ ကျောင်းတက်ရင်း အခြေချချင်တဲ့ မြန်မာကျောင်းသားများအတွက် အသင့်တော်ဆုံး ကနေဒါနိုင်ငံ…

    ► ကနေဒါနိုင်ငံဟာ ယခုနောက်ပိုင်း နိုင်ငံခြားပညာရေးနှင့် ရွှေ့ပြောင်းနေထိုင် မှု့များအတွက် မြန်မာလူငယ်များအကြား ရေပန်းစား နာမည်ကြီးလာတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ကျောင်းတက်ဖို့ပဲဖြစ်ဖြစ် အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် အမေရိကန်နှင့် အင်္ဂလန်နိုင်ငံတို့လို မဟုတ်ဘဲ..ဗီဇာရလွယ်ကူခြင်း၊ မြင့်မားသော လူနေမှု့ အဆင့် အတန်းနှင့်ပေါများသောအလုပ်အကိုင်အခွင့်အလမ်းများကြောင့်သော်လည်ကောင်း၊ သင့်တင့်တဲ့ ကျောင်းစရိတ်နဲ့ နေထိုင်မှု့စရိတ်များကြောင့် မြန်မာလူငယ်တွေ နိုင်ငံခြားပညာရေး နှင့် နိုင်ငံရပ်ခြားအခြေချနေထိုင်မှု့အတွက် ကနေဒါနိုင်ငံကို ရွေးချယ်စဉ်းစားလာကြတာပဲဖြစ်ပါတယ်။

    အခုအခါမှာတော့ SR Worldwide Education အနေနဲ့ နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့စိတ်ဝင်စားတဲ့လူငယ်တွေအတွက် သိသင့်သိထိုက်တဲ့ ကနေဒါပညာရေးနှင့်ပတ်သတ်တဲ့ အားသာချက်၊ အကြောင်းအရာအချို့နှင့် အခြေချနေထိုင်နိုင်တဲ့ လမ်းကြောင်း၊ အခွင့်အရေးအချို့ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

    ►► ၁။ ကနေဒါနိုင်ငံနဲ့ပတ်သတ်ပြီး သိသင့်တဲ့အကြောင်းအရာအချို့ကို ပြောပြပေးပါ?

    ကနေဒါ နိုင်ငံဟာ မြောက်အမေရိကတိုက် မြောက်ဖက်ပိုင်းရှိ ပြည်နယ် (၁၀) ခုနှင့် ဖွဲ့စည်းထားတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး စုစုပေါင်း ဧရိယာအားဖြင့် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံးနိုင်ငံဖြစ်ပါသည်။
    ၂၀၁၅ ခုနှစ်မှာဆိုရင် ခန့်မှန်းခြေ လူဦးရေ (၃၅) သန်းခန့် ရှိပါတယ်။ ကနေဒါနိုင်ငံဟာ ဖွံ့ဖြိုးပြီးနိုင်ငံ တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသော နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် စာရင်းဇယားများအရ ကနေဒါနိုင်ငံဟာ ကမ္ဘာပေါ်တွင် (၁၁) ခုမြောက် အကြီးမားဆုံးသော စီးပွားရေး ရှိသည့်နိုင်ငံဖြစ်ပြီး GDP စုစုပေါင်း (၁.၇၉) ထရီယီလံ၊ သာမန် အိမ်ထောင်စုများ၏ တစ်ဦးချင်း ဝင်ငွေ ဟာလည်း အမေရိကန် ဒေါ်လာ (၂၃,၉၀၀) ရှိပါတယ်။

    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ►► ၂။ ကနေဒါနိုင်ငံရဲ့ပညာရေးဟာ ကမ္ဘာ့ထိပ်တန်းအဆင့်ဝင်လို့ ဘာလို့ပြောနိုင်တာပါလဲ?

    နိုင်ငံတစ်နိုင်ငံ စီးပွားရေးကောင်းခြင်း၊ ချမ်းသာကြွှယ်ဝခြင်းတွေဟာ ထိုနိုင်ငံမှာရှိတဲ့ ပညာရေးအဆင့်အတန်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ အထက်မှာဖော်ပြထားတဲ့အတိုင်း ကနေဒါနိုင်ငံဟာ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်နေရခြင်း အကြောင်း အရင်းတစ်ခုဟာ မြင့်မားတဲ့ပညာရေးအဆင့်အတန်းကြောင့်ဖြစ်ပါတယ်။

    ကနေဒါနိုင်ငံရဲ့ ပညာရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CBIE ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကနေဒါနိုင်ငံမှာ ပညာသင်ကြားနေကြတဲ့ နိုင်ငံတကာမှ ကျောင်းသားပေါင်း (၄၉၄,၀၀၀) လောက် ပညာသင်ကြားနေကြပါတယ်။

    World class education ကို ထောက်ပံ့ပေးနိုင်တာနဲ့အမျှ ကနေဒါတက္ကသိုလ်မှ ဘွဲ့၊ ဒီဂရီများကို အမေရိကန်၊ ဗြိတိန်၊ ဥရောပ နှင့် သြစတြေးလျနိုင်ငံများနည်းတူ အသိအမှတ်ပြုကြပါတယ်။ ကနေဒါနိုင်ငံဟာ ပညာရေးနှင့်ပတ်သတ်ပြီး Budget သုံးစွဲမှု့မှာ ကမ္ဘာနိုင်ငံအားလုံးမှာ ထိပ်ဆုံး (၅) နိုင်ငံထဲမှာ ပါတဲ့အပြင် Universitas 21 အဖွဲ့ရဲ့ စာရင်းဇယားများအရ ကနေဒါနိုင်ငံရဲ့ ပညာရေး အဆင့်အတန်းဟာ ကမ္ဘာ့နိုင်ငံပေါင်း (၂၀၀) ကျော်မှာ နံပတ် (၈) ချိတ်ခဲ့ပါတယ်။

    ဒါ့အပြင် နိုင်ငံတကာမှ ကျောင်းသားများအတွက် ပညာသင်ဆုများစွာကိုလည်း ကနေဒါအစိုးရမှ နှစ်စဉ်နှစ်တိုင်းထောက်ပံ့ပေးနေတဲ့အပြင် ကျောင်းစရိတ်- Tuition fee ဟာလည်း အမေရိကန်၊ ဗြိတိန်နိုင်ငံတွေထက် သက်သာပါတယ်။ ဒါ့ကြောင့်ပဲ အမေရိကန်နိုင်ငံသား ကျောင်းသား (၉၀,၀၀၀) လောက်ဟာ ကနေဒါနိုင်ငံမှာ နှစ်စဉ်တက္ကသိုလ်လာတက်နေကြတာပဲဖြစ်ပါတယ်။

    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ►► ၃။ ကနေဒါနိုင်ငံမှာ ကျောင်းတက်ခြင်းအားဖြင့် တခြားနိုင်ငံတွေနဲ့မတူဘဲ ဘယ်လိုမျိုး အခွင့်အရေးတွေရရှိနိုင်မလဲ?

    ပထမဦးဆုံးကတော့ ကနေဒါနိုင်ငံမှာ အလုပ်လုပ်ရင်း ကျောင်းတက်နိုင်တာဖြစ်ပါတယ်။ ကျောင်းသားများဟာ ကျောင်းတက်နေစဉ်ကာလအတွင်းမှာ Campus အတွင်းမှာရော၊ Campus အပြင်မှာပါ အချိန်ပိုင်းအလုပ်များ လုပ်ကိုင်နိုင်ကြပါတယ်။

    ဒုတိယအနေနဲ့ကတော့ ကနေဒါနိုင်ငံရဲ့ ယဉ်ကျေးမှု့ပေါင်းစုံ စုဝေးနေတဲ့ cosmopolitan culture ပဲဖြစ်ပါတယ်။ ကနေဒါနိုင်ငံရဲ့ လူဦးရေ (၃၅) သန်းကျော်ရှိတဲ့အနက်မှ ၂၀% ကျော်ဟာ နိုင်ငံတကာမှ လာရောက်ပြီး ကျောင်းတက်ရောက်သူ၊ အခြေချ နေထိုင်သူတွေပဲဖြစ်ပါတယ်။ မြင့်မားတဲ့ပညာရေးအဆင့်အတန်းနှင့် လူနေမှု့အဆင့်အတန်းတွေကို ပိုင်ဆိုင်ထားတဲ့ ကနေဒါနိုင်ငံမှာ လူသားအားလုံး ခွဲခြားဆက်ဆံမှု့မရှိဘဲ၊ တန်းတူဆက်ဆံကြပါတယ်။ အသားအရောင်၊ လူမျိုးရေး၊ ဘာသာရေး၊ gender တို့နှင့်ပတ်သတ်ပြီး ခွဲခြားဆက်ဆံမှု့တွေကို တက္ကသိုလ်တွေ၊ လုပ်ငန်းခွင်တွေမှာ ကနေဒါအစိုးရမှ တင်းကြပ်စွာ တားမြစ်ပိတ်ပြင်ထားပြီး ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူလေ့ရှိပါတယ်။

    နောက်ဆုံးအနေနဲ့ကတော့ ကျောင်းပြီးတဲ့အခါ ကနေဒါနိုင်ငံမှာတစ်ခါတည်း အခြေချနေထိုင်နိုင်တာဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာ ၂ နှစ်အနည်းဆုံးကျောင်းတက်ပြီးတဲ့ ကျောင်းသားတစ်ယောက်ဟာ Post-Graduation Work Permit Program ကိုလျှောက်ထားနိုင်ပြီး..မည်သည့် Job Acceptance Letter မှ ပြသစရာမလိုဘဲ ကနေဒါနိုင်ငံမှာ သုံးနှစ် နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ပထမတစ်နှစ်အလုပ်လုပ်ကိုင်ပြီးတာနဲ့ အမြဲတမ်းနေထိုင်နိုင်ခွင့် Permanent Resident- PR ကိုလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ PR ရရှိပြီးတာနဲ့ မဲပေးတာက လွဲရင် ကနေဒါနိုင်ငံသားများ ရရှိတဲ့ အခွင့်အရေးအားလုံးကို ရရှိနိုင်မှာဖြစ်ပါ။
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ►► ၄။ ကနေဒါနိုင်ငံမှာ ကျောင်းတက်ရင်ရွေးချယ်သင့်တဲ့တက္ကသိုလ်အချို့ကို အကြံပေးပါဆိုရင်??

    ကနေဒါနိုင်ငံမှာကျောင်းတက်ဖို့ စဉ်းစားနေပြီဆိုရင်တော့ မြန်မာကျောင်းသားတွေ ရွေးချယ်သင့်တဲ့တက္ကသိုလ်အချိုှုကတော့ Royal Roads University, Simon Fraser University နှင့် University of Manitoba တို့ပဲဖြစ်ပါတယ်။

    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    နောက်ထပ် …
    ► နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့စိတ်ဝင်စားတဲ့လူငယ်တွေအတွက် သိသင့်သိထိုက်တဲ့ ကနေဒါပညာရေးနှင့်ပတ်သတ်တဲ့ အားသာချက် အကြောင်းအရာများ၊

    ► ၁၀ တန်း (သို့) IGCSE အောင်မြင်ထားသူများ၊ မဟာဘွဲ့တက်ရောက်ချင်သူများ အတွက် ဝါသနာနှင့် ထပ်တူကျစေမယ့် ပညာရေးလမ်းကြောင်းများ၊

    ► ကနေဒါတက္ကသိုလ်တွေနဲ့ပါတ်သတ်တဲ့ အကြောင်းအရာအသေးစိတ်များအပြင်

    ► အခြေချနေထိုင်နိုင်တဲ့ အခွင့်အရေးများအကြောင်းကိုပါ လာမည့် သောကြာနေ့ October 19th မှာ မျှဝေပေးသွားမှာဖြစ်လို့ ကျောင်းသားများနှင့်မိဘများကို ဖိတ်ခေါ်လိုက်ပါတယ်။
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်း ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **

    •• Date – 19. 10. 2018 (Friday)
    •• Time – 10:00 am to 12:00 pm
    •• Place – SR Worldwide Education Office

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန် ►► https://goo.gl/forms/gi6CeTd97Y5gi0Zf1

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #StudyinCanada

  • ►►► ကနေဒါနိုင်ငံမှာ ကျောင်းတက်ရင်း ကမ္ဘာ့အဆင့်အတန်းမှီပညာရေး နှင့်ပြီးပြည့်စုံသော ကျောင်းသားဘဝကို ခံစားရရှိနိုင်မယ့် ကနေဒါနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်- Simon Fraser University…

    ►►► ကနေဒါနိုင်ငံမှာ ကျောင်းတက်ရင်း ကမ္ဘာ့အဆင့်အတန်းမှီပညာရေး နှင့်ပြီးပြည့်စုံသော ကျောင်းသားဘဝကို ခံစားရရှိနိုင်မယ့် ကနေဒါနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်- Simon Fraser University…

    ► Simon Fraser လို့ခေါ်တဲ့ ဒီတက္ကသိုလ်ဟာ ကနေဒါမှာ လာရောက်ပညာသင်ကြားဖို့ရွေးချယ်ကြတဲ့ အမေရိကန်ကျောင်းသားများနှင့် နိုင်ငံတကာကျောင်းသားများကြားမှာ အထူးထင်ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်ကျစရိတ်ဟာ အမေရိကန်ထိပ်တန်းတက္ကသိုလ်တွေထက် သက်သာပြီး ကမ္ဘာ့ထိပ်တန်းအဆင့်အတန်းဝင်ပညာရေးကို ခံစားရရှိနိုင်တဲ့အပြင် ပြီးပြည့်စုံတဲ့ တက္ကသိုလ်ကျောင်းသားဘဝကိုပါ ခံစားရရှိနိုင်တဲ့အတွက်ကြောင်ဖြစ်ပါတယ်။

    ►► 1. Simon Fraser ကိုဘာကြောင့် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်လို့ ပြောနိုင်တာပါလဲ??

    Simon Fraser University ဟာ အထူးသဖြင့် သူ့ရဲ့ ဆန်းသစ်တီထွင်နိုင်တဲ့ သင်ကြားမှု့၊ ကမ္ဘာ့အဆင့်အတန်းဝင် သုတေသနစာတမ်းတွေနဲ့ လူမှု့အသိုင်းအဝိုင်းကို အကောင်းဆုံးအကျိုးပြုနိုင်မှု့တွေကြောင့် ကနေဒါနိုင်ငံမှာ နာမည်သတင်းကျော်ကြားပါတယ်။ Maclean’s University Ranking ဟာ SFU ကို 1993, 1996,1997, 1998, 2000, 2008-2013, 2015-2017 တို့အတွက် ကနေဒါနိုင်ငံရဲ့ No.1. University အဖြစ်ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့တက္ကသိုလ်ပေါင်း ၂၁၀၀၀ ကျေ်ာရှိတဲ့အနက် QS World Ranking မှ Ranking 264th , Times Higher Education မှ Ranking 251th သတ်မှတ်ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ နိုင်ငံပေါင်း ၁၀၀ ကျော်မှ Undergraduate ကျောင်းသားပေါင်း ၃၀၀၀၀ ကျော်နှင့် Graduate ကျောင်းသားပေါင်း ၄၀၀ ကျော်ဟာ နှစ်စဉ် Simon Fraser University မှာ လာရောက်ပညာသင်ကြားနေကြတာပဲဖြစ်ပါတယ်။

    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ►► 2. Simon Fraser မှာ ဘယ်လို Education Program တွေကို ရွေးချယ်သင်ကြားနိုင်မလဲ?

    Simon Fraser University ဟာသိပ္ပံနှင့်နည်းပညာ၊ လူမှု့ရေးပညာရပ်တွေမှာ ထင်ရှားတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပြီး ကနေဒါနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာနှင့် Science & Engineering မှာ No.6th နှင့် Social Sciences & Humanity မှာ No.10th ရရှိထားပါတယ်။

    Simon Fraser ဟာ Faculty of Applied Science, Arts & Science, Communication- Art – Technology, Education, Environment, Health Sciences, Science နှင့် The Beedie School of Business ဟူ ၍ ကျောင်းခွဲပေါင်း (၈) ခုနဲ့ ဖွဲ့စည်းထားပြီး ထိုကျောင်းများလက်အောက်မှာ Actuarial Science, Anthropology, Archaeology, Art, Performance and Cinema Studies, Behavioral Neuroscience, Biological Physics, Biological Sciences, Biomedical Physiology, Business, Economics, Engineering Science, English, Environmental Science, Film, First Nations Studies, French, French Cohort Program, General Studies in Education, Geographic Information Science, Global Environmental Systems, Health Sciences, History, Humanities, Interactive Arts and Technology, Molecular Biology and Biochemistry, Music, Political Science, Psychology, Resource and Environmental Management, Sociology, Software Systems, Visual Art, World Literature စတဲ့ဘာသာရပ်ပေါင်းများစွာကို ရွေးချယ်သင်ကြားနိုင်ပါတယ်။

    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ►► 3. Simon Fraser University ရဲ့ တက္ကသိုလ်ကျောင်းသားဘဝကရော ဘယ်လိုရှိမလဲ?

    နိုင်ငံခြားမှာ ကျောင်းတက်ခြင်းရဲ့ နောက်ထပ် ကြီးမားတဲ့ ရည်မှန်းချက်တစ်ခုကတော့ ပျော်ရွှင်ဖွယ်ကောင်းပြီး ပြီးပြည့်စုံတဲ့ တက္ကသိုလ်ကျောင်းသားဘဝကို ခံစားရရှိချင်လို့ပဲဖြစ်ပါတယ်။ ကြီးမားပြီး ခမ်းနားတဲ့ တက္ကသိုလ်အဆောက်အအုံကြီးတွေ စာကြည့်တိုက်တွေ၊ လှပလွန်းတဲ့ တက္ကသိုလ်ပရဝုဏ်တွေ၊ လွတ်လပ်စွာလှုပ်ရှားနိုင်တဲ့ ကျောင်းသားအဖွဲ့အစည်းတွေ၊ အားကစားလှုပ်ရှားမှု့တွေ စတာတွေက အမြဲတမ်းအမှတ်ရ ပျော်ရွှင်နိုင်တဲ့ တက္ကသိုလ်ကျောင်းသားဘဝကို ဖန်တီးပေးနိုင်မယ့် အဓိကအချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေအားလုံးကို SFU မှာ ခံစားရရှိနိုင်ပါတယ်။ SFU မှာ စာကြည့်တိုက်ပေါင်းများစွာရှိပြီး အဲ့ဒီထဲကမှာ အကြီးဆုံးစာကြည့်တိုက်တစ်ခုဖြစ်တဲ့ W.A.C. Bennett Library မှာဆိုရင် စာအုပ်ပေါင်း ၂ သန်းကျော်ရှိပြီး Journal Subscriptions ပေါင်း 63,000 ကျော်ရှိပါတယ်။

    ကျောင်းသားတွေကိုယ်တိုင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ရှိပြီး ကျောင်းသားများဟာ မိမိတို့စိတ်အားထက်သန်ရာ အဖွဲ့အစည်းတွေမှာ လွတ်လပ်စွာပါဝင်လှုပ်ရှားပြီး မိမိတို့ရဲ့ အရည်အချင်းတွေကို မြှင့်တင်နိုင်ကြပါတယ်။ အားကစားနဲ့ပတ်သတ်ပြီးတော့ SFU ဟာ အမေရိကန်နိုင်ငံရဲ့ အကြီးမားဆုံးသော တက္ကသိုလ်များဆိုင်ရာ အားကစားပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ the National Collegiate Athletic Association (NCAA) ကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတဲ့ ကနေဒါနိုင်ငံရဲ့ ပထမဦးဆုံးနှင့် တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ SFU မှာ ကျောင်းသားတွေကိုယ်တိုင်အသံလွှင့်တဲ့ CJSF-FM ဆိုတဲ့ Radio Channel တစ်ခုလည်းရှိပါသေးတယ်။

    ဒါကတော့ ကနေဒါနိုင်ငံမှာ ကျောင်းတက်ပြီး ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကမ္ဘာ့ထိပ်တန်းအဆင့်ဝင်ပညာရေးကို ရရှိခံစားနိုင်မယ့် ကနေဒါနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်- Simon Fraser Universityအကြောင်းကို SR Worldwide Education မှမျှဝေပေးခဲ့တာဖြစ်ပါတယ်။

    နောက်ထပ် …
    ► နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့စိတ်ဝင်စားတဲ့လူငယ်တွေအတွက် သိသင့်သိထိုက်တဲ့ ကနေဒါပညာရေးနှင့်ပတ်သတ်တဲ့ အားသာချက် အကြောင်းအရာများ၊

    ► ၁၀ တန်း (သို့) IGCSE အောင်မြင်ထားသူများ၊ မဟာဘွဲ့တက်ရောက်ချင်သူများ အတွက် ဝါသနာနှင့် ထပ်တူကျစေမယ့် ပညာရေးလမ်းကြောင်းများ၊

    ► ကနေဒါတက္ကသိုလ်တွေနဲ့ပါတ်သတ်တဲ့ အကြောင်းအရာအသေးစိတ်များအပြင်

    ► အခြေချနေထိုင်နိုင်တဲ့ အခွင့်အရေးများအကြောင်းကိုပါ လာမည့် သောကြာနေ့ October 19th မှာ မျှဝေပေးသွားမှာဖြစ်လို့ ကျောင်းသားများနှင့်မိဘများကို ဖိတ်ခေါ်လိုက်ပါတယ်။
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်း ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **

    •• Date – 19. 10. 2018 (Friday)
    •• Time – 10:00 am to 12:00 pm
    •• Place – SR Worldwide Education Office

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန် ►► https://goo.gl/forms/gi6CeTd97Y5gi0Zf1

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #StudyinCanada #SimonFraserUniversity

  • ►►►ကနေဒါနိုင်ငံမှာ ကျောင်းတက်ပြီး ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကမ္ဘာ့ထိပ်တန်းအဆင့်ဝင်ပညာရေးကို ရရှိခံစားနိုင်မယ့် ကနေဒါနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ် – Royal Roads University…

    [:en]►►►ကနေဒါနိုင်ငံမှာ ကျောင်းတက်ပြီး ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကမ္ဘာ့ထိပ်တန်းအဆင့်ဝင်ပညာရေးကို ရရှိခံစားနိုင်မယ့် ကနေဒါနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ် – Royal Roads University…

    ► ကနေဒါနိုင်ငံဟာ ယခုနောက်ပိုင်း နိုင်ငံခြားပညာရေးမှာ ဘာကြောင့်လူကြိုက်များလာတာလဲလို့ ပြောလိုက်ရင် ကနေဒါတက္ကသိုလ်တွေရဲ့ သက်သာလှတဲ့ Tuition Fee တွေကြောင့်ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်နိုင်ငံမှ တက္ကသိုလ်များထက်စာရင် ကနေဒါတက္ကသိုလ်တော်တေ်ာများက သင့်တင့်လျှောက်ပတ်တဲ့ ဈေးနှုန်းသာ ရှိပါတယ်။ ဒါပေမယ့်လည်း Education Quality နဲ့ပတ်သတ်လို့တော့ အမေရိကန်၊ ဗြိတိန်နိုင်ငံတို့နည်းတူ ကမ္ဘာ့အဆင့်အတန်းမှီ ပညာရေးကို ပေးအပ်နိုင်ကြပါတယ်။

    ► အခုအခါမှာတော့ SR Worldwide Education အနေနဲ့ အမေရိကန်၊ ဗြိတိန်ကကျောင်းတွေထက် Tuition Fee အထူးသက်သာပြီး ကောင်းမွန်တဲ့ ကမ္ဘာ့အဆင့်အတန်းမှီ ပညာရေးကို ထောက်ပံ့ပေးနေတဲ့ ကနေဒါနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ Royal Roads University အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

    ►► ၁။ Royal Roads University နဲ့ပတ်သတ်လို့ သိသင့်တဲ့အကြောင်းအရာတွေကိုပြောပြပါဆိုရင်?

    Royal Roads University ဟာ ကနေဒါနိုင်ငံ အနောက်ပိုင်းရှိ ထင်ရှားတဲ့ပြည်နယ်တစ်ခုဖြစ်တဲ့ British Columbia ပြည်နယ်၊ Colwood မြို့မှာတည်ရှိတဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ RRU ကိုတည်ထောင်ခဲ့တာ မကြာသေးပေမယ့် တိုတောင်းသောအချိန်ကာလအတွင်းမှာ ကောင်းမွန်တဲ့ နိုင်ငံတကာအဆင့်ရှိတဲ့ ပညာရေးကို ထောက်ပံ့ပေးနိုင်တဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။

    ဘာကြောင့်လဲ…

    ပထမဦးဆုံးတစ်ချက်က သေးငယ်တဲ့ စာသင်ခန်းအရွယ်အစားတွေကြောင့်ဖြစ်ပါတယ်။ RRU ရဲ့ စာသင်ခန်းတွေမှာ ကျောင်းသားနဲ့ဆရာအချိုးဟာ 12:1 ရှိတဲ့အတွက် ကျောင်းသား ၁၂ ယောက်ကို ဆရာ ၁ ယောက်က ကောင်းမွန်စွာ ဂရုစိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ကျောင်းသားတစ်ဦးချင်းစီရဲ့ တိုးတက်မှု့အခြေအနေ၊ လေ့လာမှု့၊ သင်ခန်းစားနဲ့ပတ်သတ်ပြီး ဆရာတွေရဲ့ ဂရုစိုက်မှု့နဲ့အချိန်ပေးနိုင်မှု့တွေ မြင့်မားတာကြောင့် ကျောင်းသားတွေဟာသင်ခန်းစာနဲ့ ပတ်သတ်ပြီး ပိုမိုတက်မြောက်နိုင်ကြပါတယ်။

    ဒုတိယအနေနဲ့ RRU ရဲ့ Professors များဟာ မိမိတို့ရဲ့ သင်ကြားရေးပညာရပ်နယ်ပယ်တွေမှာ စာသင်တာချည်းသက်သက်နဲ့ရောက်လာခဲ့ကြတာမဟုတ်ပဲ သက်ဆိုင်ရာလုပ်ငန်းခွင်တွေမှာ ကျွမ်းကျင်သည်အထိ ဝင်ရောက်လုပ်ကိုင်ခဲ့ကြတဲ့ industry expert များပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စာတွေ့သဘောတရားများကို လက်တွေ့နှင့်နီးကပ်စွာသင်ကြားပို့ချနိုင်ကြပြီး ကျောင်းသားများရဲ့ နားလည်နိုင်စွမ်းတွေကို တိုးတက်စေပါတယ်။ ဒါ့အပြင် internship opportunity တွေပါ ထားရှိပေးတဲ့အတွက် ကျောင်းသားများဟာ သင်ခန်းစာတွေကို လက်တွေ့မှာပြန်လည်အသုံးချဖို့အခွင့်အရေးတွေလည်း ရရှိနေတာဖြစ်ပါတယ်။

    တတိယအနေနဲ့ ၁၉၉၆ ခုနှစ် မှ ယနေ့ ၂၀၁၈ အထိ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်းမှာ Ranked No.1# Public University in Canada for Active & Collaborate Learning ( NSSE 2013) နှင့် Ranked No.1# Public University in Canada for a Level of Academic Challenge ( NSSE 2013) တို့ကို ရရှိထားခဲ့ပါတယ်။ Universities Canada or Association of Universities and Colleges of Canada- AUCC ဟာ ကနေဒါနိုင်ငံရဲ့ အကြီးမားဆုံးသော တက္ကသိုလ်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဖွဲ့ဝင်တက္ကသိုလ်တိုင်းဟာ အရည်အသွင်းမြင့်မားတဲ့ ပညာရေးအတွက် တင်းကြပ်တဲ့ criteria တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြရပါတယ်။ RRU ဟာ တိုတောင်းသောအချိန်ကာလအတွင်း AUCC ရဲ့ အဖွဲ့ဝင်တက္ကသိုလ်အဖြစ်တက်လှမ်းနိုင်ခဲ့ပါတယ်။

    ►► ၂။ Royal Roads University ရဲ့အကြီးမားဆုံးအားသာချက်ကိုပြောပြပါဆိုရင်?

    Royal Roads University ဟာ အစိုးရထောက်ပံ့မှု့ကို ရရှိထားတဲ့အတွက်ကြောင့် ကျောင်းလခတွေကို တခြားတက္ကသိုလ်များထက် ထူးခြားစွာ သင့်တင့်လျှောက်ပတ်တဲ့ ဈေးနှုန်းတွေနဲ့ တက်ရောက်နိုင်အောင်စီစဉ်ထားပေးပါတယ်။ Royal Roads University ရဲ့တစ်နှစ်စာအတွက် ပျမ်းမျှကျောင်းစရိတ်ဟာ ကနေဒါဒေါ်လာ ၉၀၀၀ နီးပါးပဲကျသင့်တာဖြစ်တဲ့အတွက်ကြောင့် အတော်သက်သာတယ်လို့ဆိုရမှာဖြစ်ပါတယ်။

    ►► ၃။ Royal Roads University တွေမှာ ဘယ်လိုဘာသာရပ်တွေကို သင်ကြားနိုင်ပါသလဲ?

    Royal Roads University မှာ စီးပွားရေးနှင့်သက်ဆိုင်တဲ့ ဘာသာရပ်တွေကတော့ အထူးထင်ရှားပါတယ်။ Royal Roads University ရဲ့ MBA Program ဟာ Ranking 20th ရရှိထားပြီး၊ Commerce Program ဟာ 28th ရရှိထားပါတယ်။ RRU မှာ Business, Communication & Culture, Education & Technology, Environment & Sustainability, Leadership, Tourism & Hospitality, Humanitarian, Interdisciplinary စတဲ့ပညာရပ်တွေနဲ့ပါတ်သတ်ပြီး Bachelor, Master Degree များကိုလေ့လာသင်ကြားနိုင်မှာဖြစ်ပါတယ်။

    ဒါကတော့ ကုန်ကျစရိတ်သက်သာပြီး ကမ္ဘာ့အဆင့်အတန်းမှီ ပညာရေးကို ရရှိခံစားနိုင်မယ့် ကနေဒါနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Royal Roads University အကြောင်း မျှဝေပေးခဲ့တာဖြစ်ပါတယ်။

    နောက်ထပ် …
    ► နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့စိတ်ဝင်စားတဲ့လူငယ်တွေအတွက် သိသင့်သိထိုက်တဲ့ ကနေဒါပညာရေးနှင့်ပတ်သတ်တဲ့ အားသာချက် အကြောင်းအရာများ၊

    ► ၁၀ တန်း (သို့) IGCSE အောင်မြင်ထားသူများ၊ မဟာဘွဲ့တက်ရောက်ချင်သူများ အတွက် ဝါသနာနှင့် ထပ်တူကျစေမယ့် ပညာရေးလမ်းကြောင်းများ၊

    ► ကနေဒါတက္ကသိုလ်တွေနဲ့ပါတ်သတ်တဲ့ အကြောင်းအရာအသေးစိတ်များအပြင်

    ► အခြေချနေထိုင်နိုင်တဲ့ အခွင့်အရေးများအကြောင်းကိုပါ လာမည့် သောကြာနေ့ October 19th မှာ မျှဝေပေးသွားမှာဖြစ်လို့ ကျောင်းသားများနှင့်မိဘများကို ဖိတ်ခေါ်လိုက်ပါတယ်။
    ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်း ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **

    •• Date – 19. 10. 2018 (Friday)
    •• Time – 10:00 am to 12:00 pm
    •• Place – SR Worldwide Education Office

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန် ►► https://goo.gl/forms/gi6CeTd97Y5gi0Zf1

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #StudyinCanada #RoyalRoadsUniversity[:mm]►►►ကနေဒါနိုင်ငံမှာ ကျောင်းတက်ပြီး ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကမ္ဘာ့ထိပ်တန်းအဆင့်ဝင်ပညာရေးကို ရရှိခံစားနိုင်မယ့် ကနေဒါနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ် – Royal Roads University…

    #StudyinCanada #RoyalRoadsUniversity[:]

  • Thiha Thway Thuta

    Thiha Thway Thuta

    [:en]
    •• Scholarship Amount – USD 16, 000 per year
    •• BSc Civil Engineering, Illinois Institute of Technology
    [:mm]
    •• Scholarship Amount – USD 16, 000 per year
    •• BSc Civil Engineering, Illinois Institute of Technology
    [:]
  • Min Thwin Khant ( 100% Scholarship )

    Min Thwin Khant ( 100% Scholarship )

    ••  Engineering Program
    •• Skyline College (US)

    (more…)