Min Thwin Khant ( 100% Scholarship )

••  Engineering Program
•• Skyline College (US)

► ကျွန်တော့အနေနဲ့ Skyline College ကို တက်ရောက်ဖို့ရွေးချယ်ဖြစ်ခဲ့တာကတော့ ကျောင်းမှာ ခေတ်မီ လက်တွေ့စမ်းသပ်ခန်းတွေ၊ နောက်ဆုံးပေါ် သင်ထောက်ကူပြုပစ္စည်းတွေ နဲ့ ထူးချွန်ဆုရရှိထားတဲ့ သင်ကြားရေး ဌာနတွေကိုသေဘာကျနှစ်သက်လို့ပါ။ နောက်ပြီး Skyline College ကတစ်ဆင့် နာမည်ကျော် ထိပ်တန်းတက္ကသိုလ်တွေကို Transfer လုပ်နိုင်တဲ့နှုန်း မြင့်မားတဲ့အတွက်လည်း ရွေးချယ် တက်ရောက်ဖြစ် ခဲ့တာပါ…

► ကျွန်တော့်အနေနဲ့လည်း နိုင်ငံတကာစံချိန်နဲ့အညီစစ်ဆေးတဲ့ Test တွေဖြစ်တဲ့ TOEFL နဲ့ SAT စာမေးပွဲ တွေကို ကျောင်းဝင်ခွင့်နဲ့ Scholarship ရဖို့အတွက် ဖြေဆိုခဲ့ပါတယ်၊ Scholarship Essay အနေနဲ့ကတော့ ကျွန်တော်၏အကြောင်းနဲ့အတူ ကျွန်တော့်အနာဂတ်ရည်မှန်းချက်ကိုလည်း ထည့်သွင်းရေးသားခဲ့ပါတယ်…

► ကျွန်တော့အတွက် Online ပေါ်မှာစစချင်း ကျောင်းကိုလေ့လာကြည့်တော့ သူတို့ရဲ့ကျောင်းမှာရှိတဲ့ ခေတ်မီ လက်တွေ့စမ်းသပ်ခန်း နဲ့ သူတို့ဆီက ကျောင်းသားတွေရဲ့ နာမည်ကျော်တက္ကသိုလ်တွေကို လျှောက်လှမ်းနိုင်တဲ့ Progress ကို ကြည့်ပြီး အရမ်းကို သဘောကျခဲ့ပါတယ်၊ နောက်ပြီး ကျွန်တော့အနေနဲ့ SR က အစ်မတွေနဲ့ Counselling လုပ်ပြီးတဲ့အချိန်မှာ ကျောင်းကိုတက်ဖို့ ပိုပြီး စိတ်ထက်သန်ခဲ့ပါတယ်…

► နောက်ပြီး ကျွန်တော့် ဒီကျောင်းကိုလာတဲ့အခါမှာလည်း Myanmar ကနေ US ကို လေယာဉ်အကြာကြီးစီးရတာကလွဲလို့ တခြားဘာပြသနာမှ မရှိခဲ့ပါဘူး…

► SR Worldwide Education ဆိုတာ ပညာရေးနဲ့ပါတ်သက်လို့ ဆွေးနွေးတိုင်ပင်ချင်တာပဲဖြစ်ဖြစ်၊ နိုင်ငံခြားမှာ ကျောင်းသွားတက်ချင် လို့ စုံစမ်းဖို့အတွက် တကယ်ကို ယုံကြည်စိတ်ချရပြီး၊ အားကိုးရတဲ့ Agent တစ်ခုဖြစ်ပါတယ်…

Comments

Leave a Reply

Your email address will not be published. Required fields are marked *