အမေရိကန်

အမေရိကန်နိုင်ငံသည် နိုင်ငံခြားပညာရေးတွင် ထိပ်တန်းနိုင်ငံကြီးတစ်ခုဖြစ်ပြီး နိုင်ငံတကာကျောင်းသားကျောင်းသူ အရေအတွက်မှာလည်း အခြားပညာရေးနိုင်ငံများထက် ကျောင်းသားပေါင်းဦးရေအများဆုံးဖြစ်သည်။ အမေရိကန်နိုင်ငံမှ ဘွဲ့ရထားသည့် ကျောင်းသားကျောင်းသူများအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာရှိရသည့် အကြောင်းအရင်းမှာ အမေရိကန်နိုင်ငံ၏ ပညာရေးသည် ကမ္ဘာတွင် အကောင်းဆုံးပညာရေးတစ်ခုအဖြစ် သက်မှတ်ခံထားရခြင်းကြောင့်ဖြစ်ပါသည်။

အမေရိကန်တက္ကသိုလ်အောင်မြင်ထားသည့် နိုင်ငံတကာမှကျောင်းသားကျောင်းသူများကိုလည်း အလုပ်ဗီဇာခေါ် Optional Practical Training ပေးထားပြီး ကျောင်းတက်နေချိန်အတွင်းတွင်လည်း အချိန်ပိုင်းအလုပ်များနှင့် အလုပ်သင်များကို ကုမ္ပဏီကြီးများတွင် စီစဉ််ပေးသည့်အတွက် အလုပ်အတွေ့အကြုံများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။