Author: sr admin

  • ►►►အနုပညာကိုစိတ်ဝင်စားပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တဲ့ လူငယ်များအတွက် Drama Foundation Program …

    ► မြန်မာလူငယ်တွေအတွက် အလားအလာရှိတဲ့ အနုပညာ ပညာရပ်တစ်ခုကတော့ သရုပ်ဆောင် ပညာရပ်ပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေက ပိုမိုအရည်အသွေးမြင့်မားတဲ့ ရုပ်ရှင်များကို တောင်းဆိုလာတာနဲ့အညီ ပိုပြီး အရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်များဟာ လိုအပ်နေသေးတာပဲ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကမှာအရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်များရှိနေသော်လည်း မျက်နှာသစ် လူငယ်သရုပ်ဆောင်များစွာ လိုအပ်နေသေးတာပဲ ဖြစ်ပါတယ်။ ယခုနောက်ပိုင်း ရုပ်ရှင်တစ်ကားရိုက်ရင် နိုင်ငံတကာကလို သရုပ်ဆောင်အသစ်တွေကို ရွေးခေါ်တဲ့စနစ်တွေကို ကျင့်သုံးလာနေပါပြီ။ ဥပမာ- ပရိတ်သတ်ကြားမှာ အောင်မြင်ခဲ့တဲ့ ည ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ ဆရာမ ဂျူးရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ “ လရောင်အောက်ဘက် မိုင်အဝေးမှာ” ကို ရုပ်ရှင်ရိုက်ကူးဖို့အတွက် မျိုးဆက်သစ် သရုပ်ဆောင်တွေကို သတင်းစာမှတစ်ဆင့် အတိအလင်းခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် အရည်အချင်းရှိပြီး ကြိုးစားတဲ့ သရုပ်ဆောင်ပညာကို ဝါသနာပါတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတွေ ပိုပြီးများပြားလာနေပြီ ဖြစ်ပါတယ်။

    ► သရုပ်ဆောင်ခြင်း အနုပညာဆိုတာဟာ အမြင်မှာတော့ လွယ်ကူတယ်ထင်ရပေမယ့် အမှန်တကယ်တော့ အလွန်မှ နက်နဲခက်ခဲလှပါတယ်။ သရုပ်ဆောင်ခြင်းမှာ အဓိကအချက် ၂ ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ လူသားဆန်ခြင်းဖြစ်ပါတယ်။ လူသားတစ်ယောက်အနေနဲ့ လူသားတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေ အတွေ့အကြုံတွေကို လေးလေးနက်နက် ခံစားသိရှိနိုင်ခြင်း၊ အဲ့ဒီ့ ခံစားချက်တွေကို သိရှိနိုင်ဖို့ လူသားအချင်းချင်း ကူးလူးဆက်သွယ် နားလည်အောင်ကြိုးစားရမှာ ဖြစ်ပြီး တစ်ဖန် ထိုခံစားချက်တွေကိုပဲ လူသားဆန်စွာ လွတ်လပ်စွာ စစ်မှန်စွာ ပြန်လည်ထုတ်ဖော်ပြသနိုင်ရမှာဖြစ်ပါတယ်။

    ► ဒုတိယ အချက်အနေနဲ့ အနုပညာနယ်ပယ်မှာ နည်းပညာတွေ ပေါင်းစပ်ပါဝင်လာမှု့နဲ့ အတူ အနုပညာရှင်ရဲ့ စက်ပစ္စည်း နည်းပညာတွေပေါ် ရင်းနှီးကျွမ်းဝင်မှု့ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တိုးတက်လာတဲ့နည်းပညာတွေနဲ့အတူ သရုပ်ဆောင်နဲ့ပရိတ်သတ်ကြားမှာ ပေါင်းသင်းဆက်ဆံမှု့ ပိုမိုအားကောင်းလာပြီး ပိုမိုကောင်းမွန်တဲ့ အနုပညာတွေအဖြစ်ပေါ်ထွက်လာဖို့ဖြစ်ပါတယ်။ ဥပမာ- 3D နည်းပညာဖြင့် ရိုက်ထူးထုတ်လုပ်မှု့၊ ရုပ်ရှင် setting တွေတည်ဆောက်ခြင်း CGI တွေ အသုံးပြုခြင်း စသည်ဖြင့် တကယ့်လက်တွေ့မှာလို ခံစားမှု့ ရရှိစေမှု့စတဲ့ နည်းပညာရဲ့ ပါဝင်ပတ်သတ်မှု့တွေဟာ အနုပညာနယ်ပယ်မှာ အရေးပါလာပါတယ်။ ဒါကြောင့် သရုပ်ဆောင်များဟာလည်း ထိုနည်းပညာတွေနဲ့ ရင်းနှီးကျွမ်းဝင်မှသာ မိမိတို့ရဲ့ ခံစားချက်အနုပညာတွေကို ရာနှုန်းပြည့်ထုတ်ဖော်ပြသနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သရုပ်ဆောင်ခြင်းအနုပညာဆိုတာ ခံစားချက်နှင့် နည်းပညာနှစ်ခုကို ပေါင်းစပ်ထားတဲ့ အနုပညာတစ်ခုဖြစ်ပါတယ်။

    ► ဒီလိုမျိုး သရုပ်ဆောင်ခြင်းအနုပညာကို နားလည်ပြီး ကျွမ်းကျင်တဲ့ သရုပ်ဆောင်တွေ ဖြစ်လာဖို့အတွက် SR Worldwide Education မှ ကူညီပေးနိုင်ပါတယ်။ SR Worldwide Education နဲ့ချိတ်ဆက်ထားတဲ့ အင်္ဂလန်နိုင်ငံမှ CSVPA- Cambridge School of Visual & Performing Arts မှနေပြီး ဖွင့်လှစ်ထားတဲ့ Drama Foundation Program ဟာ အနုပညာကို စိတ်ဝင်စားတဲ့လူငယ်တွေ၊ သရုပ်ဆောင်ခြင်းကို ဝါသနာပါတဲ့ လူငယ်တွေအတွက်အကောင်းဆုံးပါပဲ။

    ► ဒီ program မှာဆိုရင် သရုပ်ကောင်းတစ်ယောက်ဖြစ်ဖို့ အရေးပါတဲ့ ဘာသာရပ်တွေဖြစ်တဲ့ Acting, Scene Study, Voice, Text, Exploratory Movement, Applied Movement Theory, Group Singing, Acting A Song, Contemporary Dance, Musical Theatre Dance, Phonetics and Introduction to Accent & Dialect Work, Ballet စတဲ့ ဘာသာရပ်တွေကို England နိုင်ငံမှာ သွားရောက် လေ့လာသင်ကြားရမှာဖြစ်ပါတယ်။ တစ်ပါတ်ကို အနည်းဆုံး သင်ကြားရေးဆရာတွေနဲ့ နာရီ ၃၅-၄၀ ကြားဆည်းပူးလေ့လာရမှာဖြစ်ပြီး တစ်ပတ်ချင်းမှာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ တီထွင်ဖန်တီးမှု့ဆိုင်ရာ အရည်အချင်းတွေကို ဆရာများမှ အကဲဖြတ် တိုးတက်အောင် သင်ကြားလေ့ကျင့်ပေးနိုင်မှာဖြစ်ပါတယ်။

    ► ဒါ့ကြောင့် CSVPA ရဲ့ Drama Foundation Program- Classical & Contemporary Acting Program ဟာဆိုရင် Trinity College London ရဲ့ အသိအမှတ်ပြု ထောက်ခံချက်ကို ရရှိထားပြီး သရုပ်ဆောင်ပညာနဲ့ပတ်သတ်ပြီးဆက်လက်လေ့လာလိုပါက Royal Academy of Dramatic Arts, New York Film Academy, Arts Education London, Royal Scottish Academy of Music & Drama စတဲ့ တက္ကသိုလ်တွေမှာလည်း ဆက်လက်တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။

    ► ဒါ့အပြင် 15th of June မှာ CSVPA မှ Education Program Manager မှ ဂီတ, ဒရမ်မာ, သရုပ်ဆောင်ခြင်း စတဲ့ ပညာရပ်များအတွက် အသိပညာတွေကို မျှဝေပေးသွားမယ့် Workshop တစ်ခုကို SR Worldwide Education Office မှာ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အနုပညာကို စိတ်ဝင်စားတဲ့ လူငယ်တိုင်း Workshop လေးကိုတက်ရောက်နိုင်ပြီး မိမိတို့ရဲ့ အနုပညာနဲ့ပါတ်သတ်တဲ့ အရည်အချင်းတွေကိုမျှဝေနိုင်မှာဖြစ်ပါတယ်။

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေး၍လာရောက်ပေးပါရန်
    မေတ္တာရပ်ခံအပ်ပါသည်**

    Date – 15.6.2018 ( Friday)
    Time- 3:00 pm to 5:00 pm
    Place- SR Worldwide Education Office
    Building 90, Ground Floor, Sin Yay Kan Street, (Near Kwin Kyaung Street)
    Ahlone Township, Yangon.

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန်►► https://goo.gl/forms/ReHZgN0GaIjlc4fW2

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands

  • ►►► ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတွေဖြစ်တဲ့ University of Oxford နှင့် University of Cambridge တွေမှာ ကျောင်းတက်ချင်တဲ့ လူငယ်များအတွက်…

    ► နိုင်ငံခြားမှာ ကျောင်းတက်ချင်တယ်လို့ စဉ်းစားလိုက်တာနဲ့ ခေါင်းထဲကို အရင်ဆုံးရောက်လာတာက အားလုံးအိပ်မက်တက္ကသိုလ်တွေဖြစ်တဲ့ Oxford, Cambridge စတဲ့ တက္ကသိုလ်များပဲ ဖြစ်ပါတယ်။ မြန်မာအပါအဝင် ကမ္ဘာကိုဦးဆောင်နိုင်တဲ့ လူတော်အများအပြားကို မွေးထုတ်ပေးတဲ့ တက္ကသိုလ်တွေဖြစ်တဲ့အတွက် ရည်းမှန်းချက်ကြီးမားတဲ့ လူငယ်အများစုဟာ ဒီတက္ကသိုလ်ကြီးတွေမှာ တက်ရောက်နိုင်ဖို့ အိပ်မက်မက်ကြပါတယ်။

    ► ဒါဟာ အိပ်မက်သက်သက်ပါလို့ ထင်နေတဲ့ လူငယ်အချို့ရှိသလို ဒီလို အိပ်မက်မက်တဲ့လူငယ်တွေကိုလည်း စိတ်ကူးယဉ်သက်သက်ပဲဆိုပြီး လှောင်ပြောင်ကြတာတွေ ခံရဖူးမှာပါ။
    ၁၀ တန်းတုန်းက သင်ခဲ့ရတဲ့ သင်ခန်းစာလေးအတိုင်း “ Dreams Do Come True” အိပ်မက်တွေဟာ တစ်ကယ်ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာနိုင်ဖို့ SR Worldwide Education မှ ကူညီပေးနိုင်ပါတယ်။

    ► Oxford University ဟာ QS World Rankingရဲ့ စာရင်းဇယားများအရ 2018 ရဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး Cambridge University ဟာလည်း နံပတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။ နှစ်စဉ် ကျောင်းသားပေါင်း ၃၃၀၀၀ ကျော်ဟာ ဒီထိပ်တန်းတက္ကသိုလ် ၂ ခုကို လျှောက်ထားကြပြီး ဝင်ခွင့် ရရှိသူကျောင်းသားအရေအတွက်ဟာ ၆၀၀၀ ကျော် အများဆုံးပါပဲ။ ဒါကြောင့် ဒီကျောင်းတွေကို ဝင်ခွင့်ရချင်တဲ့ကျောင်းသားများဟာ ကြိုတင်လေ့လာ လေ့ကျင့်မှု့တွေကို အသေအချာ ပြုလုပ်ထားရပြီး ဒီတက္ကသိုလ်တွေကို တိုက်ရိုက်ပို့ဆောင်ပေးနိုင်တဲ့ Preparation Program တွေကိုတက်ကြရပါတယ်။

    ► ဒီ preparation program တွေထဲမှာ ထင်ရှားတဲ့ program တစ်ခုကတော့ Oxbridge Preparation Program ပဲ ဖြစ်ပါတယ်။ ဒီ Oxbridge Preparation Program ကို တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ထားတဲ့ ကျောင်းသားတွေ စတင်တက်ရောက်နိုင်မှာဖြစ်ပြီး Oxford University နဲ့ Cambridge University တို့အပြင် တခြားသော အင်္ဂလန်မှ ထိပ်တန်းတက္ကသိုလ်တွေကို တက်ရောက်နိုင်မယ့် အရည်အချင်းတွေကို ရရှိအောင် လုပ်ပေးမှာဖြစ်ပါတယ်။

    ► Program တက်ရောက်နေစဉ်ကာလအတွင်းမှာလည်း Oxford နှင့် Cambridge university များကို study tour သွားရောက်လေ့လာနိုင်မယ့် အပြင် ထိုတက္ကသိုလ်များမှပြုလုပ်တဲ့ activity များကိုလည်း ပါဝင်ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် မိမိတို့ရဲ့ အိပ်မက်တက္ကသိုလ်များကို အနီးကပ်လေ့လာ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ တကယ်ကျောင်းလျှောက်တဲ့အချိန်မှာ အဓိက အားသာချက်တွေ ဖြစ်လာစေမှာဖြစ်ပြီး တခြားသော Leadership Skills, Critical thinking, Motivational & Management Skills တွေကိုလည်း ရရှိစေမှာဖြစ်ပါတယ်။

    ► လာမည့် 15 ရက်နေ့မှာ Oxbridge Preparation Program ကိုဖွင့်လှစ်ထားတဲ့ အင်္ဂလန်နိုင်ငံမှ CATS School မှ Education Program Officer ကိုယ်တိုင် SR Worldwide Education ကိုလာရောက်ပြီး ဒီ programနဲ့ပတ်သတ်ပြီး အသေးစိတ်အကြောင်းအရာတွေအပြင်၊ ကျောင်းလျှောက်ဖို့ပြင်ဆင်ရမှာတွေ စတဲ့အကြောင်းအရာတွေကို ပြောပြပေးသွားမှာဖြစ်တဲ့အတွက် ဆယ်တန်းအောင်ပြီးသား ရည်မှန်းချက်မြင့်မားပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ချင်တဲ့ ကျောင်းသူ/သားများ လာရောက်ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေး၍လာရောက်ပေးပါရန်
    မေတ္တာရပ်ခံအပ်ပါသည်**

    Date – 15.6.2018 ( Friday)
    Time- 10 am to 1 pm
    Place- SR Worldwide Education Office
    Building 90, Ground Floor, Sin Yay Kan Street, (Near Kwin Kyaung Street)
    Ahlone Township, Yangon.

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန်►► https://goo.gl/forms/s8NWYu1FKvD3jkZ63

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands

  • ► အင်္ဂလန်မှာ ကျောင်းတက်ဖို့ စိတ်ဝင်စားတဲ့ မြန်မာကျောင်းသားတွေအတွက် အသင့်တော်ဆုံး- Coventry University

    ► အခုအခါမှာတော့ SR Worldwide Education အနေနဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ထာပြီး နို်င်ငံခြား အထူးသဖြင့် အင်္ဂလန်နိုင်ငံမှာ ကျောင်းတက်ရောက်ဖို့ စိတ်ဝင်စားတဲ့ မြန်မာကျောင်းသားတွေအတွက် ကောင်းမွန်ပြီး သင့်တော်တဲ့ အင်္ဂလန်နိုင်ငံက ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Coventry University အကြောင်းလေး မျှဝေပေးချင်ပါတယ်။

    ► 1843 ခုနှစ်ထဲက စတင်လာခဲ့တဲ့ Coventry University ဟာ နှစ်ပေါင်း ၁၇၅ နှစ်ကျော်ကြာမြင့်ပြီဖြစ်ပြီး အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ 2018 – Guardian University Guide ရဲ့ စာရင်းဇယားများအရ အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်းမှာ Ranking #12 ရရှိထားပြီး အသစ်အသစ်သော တီထွင်ဖန်တီးမှု့များနဲ့ ခေတ်မှီမှု့များကြောင့် “ Modern University of the Year” အဖြစ် 2014,2015 နှင့် 2016 သုံးနှစ်ဆက်တိုက် Times နှင့် Sunday Times Good University Guide တို့မှ သတ်မှတ်ဖော်ပြခြင်း ခံထားရတဲ့ အင်္ဂလန်နိုင်ငံရဲ့ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါတယ်။

    ► ဒါ့ကြောင့်လည်း Coventry University မှာ အင်္ဂလန်နို်င်ငံသားများအပါအဝင် နိုင်ငံတကာမှ ကျောင်းသားပေါင်း ၃၁၀၀၀ ကျော်လောက် လာရောက် ပညာသင်ကြားနေကြတာဖြစ်ပြီး Diploma, Bachelor, Master နှင့် PhD Program ပေါင်း ၃၀၀ ကျော်ကို ရွေးချယ်တက်ရောက်နိုင်ကြမှာဖြစ်ပါတယ်။ Coventry University မှာ သင်ကြားပို့ချပေးနေတဲ့ ဘာသာရပ်အချို့ဟာလည်း Oxford, Cambridge စတဲ့ တက္ကသိုလ်များနည်းတူ အင်္ဂလန်နိုင်ငံရဲ့ Top Ten စာရင်းမှာ ပါ၀င်ကြပါတယ်။ Film Production & Photography- #1, Hospitality & Tourism Management- #4, Economics- #6, Mechanical Engineering- #7 စတဲ့ ဘာသာရပ်များအပြင် တခြာသော Management, Accounting, Medicine စတဲ့ ဘာသာရပ်များဟာလည်း လူကြိုက်များ ထင်ရှားပါတယ်။

    ► Coventry University ဟာ တခြားသော အမေရိကန်, အင်္ဂလန်မှ ထိပ်တန်းတက္ကသိုလ်များလိုမဟုတ်ဘဲ ကျောင်းစရိတ်လည်း အတော်အသင့် သက်သာတဲ့အပြင် နိုင်ငံတကာမှ ကျောင်းသားများအတွက် scholarship opportunity များလည်း ထားရှိပေးပါတယ်။ Sports & Society စတဲ့ ကျောင်းသားအသင်းအဖွဲ့ပေါင်း ၁၀၀ ကျော်ရှိတဲ့အတွက် ကျောင်းသားများဟာ မိမိတို့ စိတ်ဝင်စားရာ အားကစားနှင့်လူမှု့ရေးအသင်းအဖွဲ့များပါ ပါ၀င်ဆောင်ရွက်ရင်း မိမိတို့ရဲ့ ခေါင်းဆောင်မှု့၊ စီမံခန့်ခွဲမှု့၊ အသင်းအဖွဲ့နှင့်ဆောင်ရွက်တက်မှု့ စတဲ့ မိမိဘဝကို တိုးတက်စေမယ့် soft skills များကိုလည်း ဖြည့်ဆည်းနို်င်မှာဖြစ်ပါတယ်််််။

    ► ဒီလိုမျိုး မြန်မာကျောင်းသားများအတွက် သင့်လျော်ပြီး အားသာချက်တွေရှိနေတဲ့ Coventry University မှာ ကျောင်းတက်ရောက်နိုင်ဖို့အတွက် SR Worldwide Education မှကူညီပေးနိုင်ပါတယ်။ လာမည့် 29 ရက်နေ့ သောကြာနေ့မှာ Coventry University မှ Education Program Officer ကိုယ်တိုင် SR Worldwide Education ရဲ့ ရုံးခန်းကို လာရောက်၍ ကျောင်းတက်ဖို့စိတ်ဝင်စားတဲ့လူငယ်တွေအတွက် Scholarship Opportunity တွေအပါအဝင် ကျောင်းဝင်ခွင့်တွေနဲ့ပါတ်သက်ပိီးအသေးစိတ်ကို ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်။

    ►ဒါ့ကြောင့် ကျောင်းတက်ဖို့စိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ အခွင့်အရေးကို အမိအရဆုပ်ကိုင်နို်င်ဖို့ ပွဲလေးမှာ လာရောက်ဆွေးနွေးနိုင်ဖို့ ဖိိတ်ခေါ်လိုက်ပါ တယ်။

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေး၍လာရောက်ပေးပါရန်
    မေတ္တာရပ်ခံအပ်ပါသည်**

    Date – 29.6.2018 (Friday)
    Time- 1:00 pm to 4:00 pm
    Place- SR Worldwide Education Office
    Building 90, Ground Floor, Sin Yay Kan Street, (Near Kwin Kyaung Street)
    Ahlone Township, Yangon.

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန်►►https://goo.gl/forms/6dXY0c41M22oQgK43
    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands

  • ► နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့များကို ကျောင်းစရိတ်သက်သက်သာသာနဲ့ မြန်မာနိုင်ငံနှင့်အနီးဆုံးမှာရယူနိုင်မယ့် ထိုင်းနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ် – Rangsit University

    ► ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံး အတူဆုံးနိုင်ငံကို ပြောပါဆိုလျှင် အိမ်နီးချင်း ထိုင်း နိုင်ငံကိုပဲ အားလုံးညွှန်းဆိုပါလိမ့်မယ်။ မြန်မာနို်င်ငံနှင့် နယ်နိမိတ် အရှည်လျားဆုံး ဆက်စပ် တည်ရှိနေတဲ့ ထို်င်းနိုင်ငံဟာ လူဦးရေမှာ မြန်မာနိုင်ငံနှင့် သိပ်မကွာပဲ (65) သန်းကျော်ရှိပြီး မြန်မာနိုင်ငံလိုပဲ လူဦးရေရဲ့ (90)% ကျော်ဟာ Buddhist များဖြစ်ကြတဲ့ အတွက် ယဉ်ကျေးမှု့၊ ပွဲတော် စတဲ့အရာတွေမှာ မြန်မာနိုင်ငံနှင့် အလွန်မှ နီးစပ် တူညီကြ ပါတယ်။

    မြန်မာနိုင်ငံမှာ ရေသဘင်ပွဲတော် သင်္ကြန် ရှိသလို ထိုင်းနိုင်ငံမှာလဲ Songkran- ဆောင်ကရမ် လို့ခေါ်တဲ့ ရေကစားပွဲတော် ရှိပါတယ်။ ယခု နောက်ပိုင်းမှာဆိုရင် မြန်မာ ပြည်သူများနှင့် ထိုင်း နိုင်ငံသားများရဲ့ ရင်းနှီးဆက်ဆံမှု့များတိုးပွားလာပြီး အနုပညာ နယ်ပယ် မှာ ချစ်ကြည်ရေး ရုပ်ရှင်များ ဥပမာ- From Bangkok to Mandalay, နာနာဘာဝ ချစ်သူ စတဲ့ ရုပ်ရှင်များ၊ ထိုင်းမိန်းမလှလေးများနှင့် မြန်မာမိန်းမလှလေးများပါ၀င် ဖွဲ့စည်းထားတဲ့ Rose Quartz ဂီတအဖွဲ့ စတာတွေကလည်း ပရိတ်သတ်အားပေးမှု့ အခိုင်အမာရရှိလာ ခဲ့ကြပါတယ်။

    ► ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ စင်္ကာပူပြီးရင် ဒုတိယစီးပွားရေး အင်အားအကြီး ဆုံးနိုင်ငံဖြစ်ပြီး မြင့်မားလာတဲ့ စီးပွားရေးနဲ့အတူ ပညာရေးနယ်ပယ်မှာလည်း ကမ္ဘာ့အဆင့်ကို တက်လှမ်းလာပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှ ထိပ်တန်းတက္ကသိုလ်များဟာ International University များအဖြစ် ပြောင်းလဲလာကြပြီး English ဘာသာစကားဖြင့် သင်ကြားပြီး နိုင်ငံ တကာအသိအမှတ်ပြုဘွဲ့များကို ပေးအပ်လာတဲ့အတွက် မြန်မာနိုင်ငံ အပါအဝင် အာဆီယံ ၀န်းကျင် ဒေသမှ နိုင်ငံများမှ လူငယ်များအတွက် ပညာရေးနဲ့ ပတ်သတ်ပြီး ရွေးချယ်စရာနိုင်ငံ တစ်ခုဖြစ်လာခဲ့ပါတယ်။

    ► ထိုင်းနိုင်ငံပညာရေးရဲ့ အဓိက အားသာချက်ကတော့ နို်င်ငံတကာအသိအမှတ်ပြု ဘွဲ့ Degree များကို ကျောင်းစရိတ် သက်သက်သာသာဖြင့် တက်ရောက်ရယူနိုင်ခြင်း ပဲဖြစ်ပါ တယ်။ ထိုင်းနိုင်ငံရဲ့ ရေခံမြေခံကောင်းမှု့နှင့် ပညာရေးဆိုင်ရာ အဆင့်အတန်းမြင့်မားမှု့ တွေကြောင့် နိုင်ငံတကာမှ ထိပ်တန်းတက္ကသိုလ်များမှ လာရောက်ပြီး ထိုင်းနိုင်ငံမှာ Campus ခွဲများ လာရောက်ဖွင့်ထားကြပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံဟာ နေစရိတ် စားစရိတ်အထူးသက်သာပြီး မြန်မာနိုင်ငံထက်တောင် သက်သာပါသေးတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံမှာ နိုင်ငံတကာမှ လာရောက်ပညာသင်ကြားသူတွေများပြားလာတာဖြစ်ပါတယ်။ ဒါ့အပြင် သင်ကြားရေး အထောက်အပံ့များကို ပြည့်စုံစွာ ထောက်ပံ့ပေးနို်င်တဲ့ ထိုင်းနိုင်ငံ ထိပ်တန်းတက္ကသိုလ်များရဲ့ Tuition Fees ဟာလည်း အလွန်မှ သက်သာပါသေးတယ်။

    ► ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်များထဲမှ မြန်မာကျောင်းသားတွေ ရွေးချယ်သင့်တဲ့ တက္ကသိုလ်တစ်ခုကတော့ Rangsit University ပဲဖြစ်ပါတယ်။ Rangsit University ဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းပုဂ္ဂလိက တက္ကသိုလ်တစ်ခုအဖြစ် ထိုင်းပညာရေးဝန်ကြီဌာန မှ အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ 1986 ခုနှစ်ကတည်းက စတင် လာခဲ့တဲ့ Rangsit University မှာ ကျောင်းသားပေါင်း 28,000 ကျော်ဟာ Bachelor Degree ပေါင်း (87)ခု၊ Master Degree ပေါင်း (36)ခု၊ Doctorate Program ပေါင်း (11) ခုမှာ ပညာ သင်ကြားနေကြပြီး နိုင်ငံပေါင်း (20) ကျော်မှ ကျောင်းသားများဟာလည်း လာရောက်တက် ရောက်လျှက်ရှိပါတယ်။

    ► RSU- Rangsit University ရဲ့အားသာချက်တစ်ခုကတော့ နိုင်ငံတကာမှ ထိပ်တန်း တက္ကသိုလ်များနှင့်ချိတ်ဆက်ထားပြီး ထိုကျောင်းများမှာလည်း Exchange Program များနှင့် သွားရောက်လည်ပတ် တက်ရောက်နိုင်မှာဖြစ်ပါသေးတယ်။ ဒါဟာ ကျောင်းသားများ အတွက် နို်င်ငံတကာအတွေ့အကြုံများပိုမိုရရှိအောင် ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။

    ► ဒီလိုမျိုးအားသာချက်တွေ ရှိနေတဲ့ Rangsit University မှာ သွားရောက်ပညာသင်ကြား လိုတဲ့ ကျောင်းသားများအတွက် SR Worldwide Education မှ အခကြေးငွေလုံးဝမယူဘဲ ကူညီပေးလျှက်ရှိပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံကို သွားရောက်ပြီး မိမိတို့ရဲ့ ရည်မှန်းချက် များကို အကောင်အထည်ဖော်လိုတဲ့ လူငယ်များအနေနဲ့ SR Worldwide Education ကို အခုပဲ ဆက်သွယ်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

    ►အသေးစိိတ်သိရှိလိုပါက 09 514 8848, 09 543 8848, 09 542 8848 တို့ကိုဆက်သွယ်မေးမြန်နိုင်သလို

    ►SR Worldwide Education Office
    No (90), Sin Yay Kan Street (near Kwin Kyaung Street), Ahlone Township သို့ အသေးစိတ် လာရောက်ဆွေးနွေးမေးမြန်းနိုင်ပါတယ်။

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #RangsitUniversity

  • ►►►အမေရိကန်နိုင်ငံမှာ လူကြိုက်များပြီး နို်င်ငံတကာကျောင်းသားအများစု ရွေးချယ်လေ့ရှိတဲ့ ဘာသာရပ်များ

    ► အမေရိကန်နိုင်ငံကို ကမ္ဘာ့ပညာရေးရဲ့ ဗဟိုအဖြစ် တင်စားကြပြီး ကမ္ဘာ့အကောင်းဆုံးပညာရေးကို ပိုင်ဆိုင်ထားကာ နိုင်ငံတကာမှကျောင်းသားပေါင်း (၁.၁၈) သန်းကျော်လောက်ဟာ အမေရိကန်နို်င်ငံမှာ ပညာသင်ကြားလျက်ရှိပါတယ်။ အခုအခါမှာတော့ SR Worldwide Education အနေနဲ့ နိုင်ငံတကာကျောင်းသားအများစု အမေရိကန်နိုင်ငံမှာ ရွေးချယ်သင်ကြားကြတဲ့ ဘာသာရပ်အချို့ကို မျှဝေပေးချင်ပါတယ်။

    ► 1. Business

    နှစ်စဉ် တိုင်းပြည်ဝင်ငွေ- GDP- 19 trillion ရှိပြီး ကမ္ဘာ့တိုင်းပြည်အားလုံးဝင်ငွေရဲ့ (၃၁) ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားတဲ့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာစီးပွားရေးအင်အားအတောင့်အတင်းဆုံးနဲ့ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ကမ္ဘာ့အကြီးမားဆုံးစီးပွားရေးလုပ်ငန်းများနဲ့ အချမ်းသာဆုံးလူပုဂ္ဂိုလ်များဟာ အမေရိကန်နိုင်ငံမှဖြစ်ပါတယ်။

    အမေရိကန်အစိုးရဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့တိုးတက်မှု့ကို ဦးစားပေးပြီး နိုင်ငံတွင်းမှာရှိတဲ့ လူသားအားလုံး မိမိကြိုးစားရင် ကြိုးစားသလောက်အောင်မြင်နိုင်မယ့် အခွင့်အရေးကိုလဲ ပေးအပ်ထားပါတယ်။ ဒါ့ကြောင့် စီးပွားရေးနဲ့ပတ်သတ်ပြီး စွန့်စားလုပ်ကိုင်လိုတဲ့ လူငယ်တိုင်းဟာ အမေရိကန်ပြည်ထောင်စုမှာ အခြေချကြပြီး ပညာရေးနဲ့ပတ်သတ်ပြီး အမေရိကန်တက္ကသိုလ်များရဲ့စီးပွားရေးဆိုင်ရာ ဘာသာရပ်များကို စိတ်ဝင်စားမှု့များပြားကြပါတယ်။

    ကျောင်းသားအများစုရွေးချယ်ကြပြီး ၀င်ငွေမြင့်မားတဲ့ အလုပ်အကိုင်များကို ရရှိနိုင်တဲ့ စီးပွားရေးဆိုင်ရာ ဘာသာရပ်များကတော့ Business Management, Business Administration, Financial Management, Tourism, Entrepreneurship, Economics, Statistics, Accounting စတဲ့ ဘာသာရပ်များပဲ ဖြစ်ပါတယ်။

    ► 2. Science & Engineering

    ကမ္ဘာပေါ်မှာ သိပ္ပံနှင့်နည်းပညာ အတိုးတက်ဆုံးနိုင်ငံများထဲမှာ အမေရိကန်ပြည်ထောင်စုဟာ ထိပ်ဆုံးမှ ပါ၀င်ပါတယ်။ အဆင့်မြင့် နည်းပညာများကို အသုံးပြုပြီး လူသားများအတွက် အသုံးဝင်တဲ့ ကုန်ပစ္စည်းများကို အမြဲတစေ ထုတ်လုပ်နေတဲ့အတွက် သိပ္ပံပညာရှင်များဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါ၀င်ပြီး ကမ္ဘာ့အကောင်းဆုံး နည်းပညာတက္ကသိုလ်ဖြစ်တဲ့ MIT – Massachusetts Institute of Technologyအပြင်
    ကမ္ဘာပေါ်မှာ design ဆန်းပြားပြီး မြင့်မားတဲ့အဆောက်အဦးအများစုဟာလည်း အမေရိကန်ပြည်ထောင်စုမှာ တည်ရှိပါတယ်။

    သမ္မတဟောင်း အိုဘားမား လက်ထက်မှစတင်ပြီး နည်းပညာနဲ့ သိပ္ပံဘာသာရပ်များကို ဦးစားပေးအနေနဲ့ပိုမိုအဆင့်အတန်းမြင့်မားလာအောင် လုပ်ဆောင်လာခဲ့တဲ့အတွက် ဒီဘာသာရပ်တွေရဲ့ အရည်အသွေးဟာလည်း တိုးတက်မြင့်မားလာခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့ တိုင်းပြည်ကိုလည်း ကောင်းမွန်စွာ ပြန်လည် အကျိုးပြုနိုင်တဲ့အတွက် သိပ္ပံနှင့်နည်းပညာဘာသာရပ်များကို နိုင်ငံတကာမှကျောင်းသားများ ဦးစားပေးရွေးချယ်လေ့ရှိပါတယ်။

    ထင်ရှားတဲ့ ဘာသာရပ်များကတော့ Engineering ( Civil, Electrical, Industrial, Mechanical, Chemical, Aerospace, Software, Mining), Architecture, Aviation Science, Neuroscience, Computers ( Computing, Science, Information Systems, Information Management), Information Technology, Physics, Chemistry အစရှိတဲ့ ဘာသာရပ်များပဲဖြစ်ပါတယ်။

    ► 3.Medical & Psychology

    အမေရိကန်နိုင်ငံမှာ လုပ်ခလစာ အမြင့်ဆုံး အသက်မွေးဝမ်းကြောင်းပညာရှင်များဟာ ဆရာဝန်များပဲ ဖြစ်ပါတယ်။ အစိုးရဲ့ ကြီးမားတဲ့ ကျန်းမားရေးစောင့်ရှောက်မှု့အပေါ် ဘဏ္ဍာငွေ သုံးစွဲမှု့များနှင့် မြင့်မားတဲ့ ကျန်းမာရေးစောင့်ရှောက်ရေး စနစ်များကြောင့် ဆရာဝန်များဟာ အလုပ်အကိုင်အခွင့်အလမ်းပေါများကြပြီး ဆေးပညာနဲ့သက်ဆိုင်တဲ့ ဘာသာရပ်များကိုလည်း ရွေးချယ်မှု့ များပြားကြပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ ဆေးပညာရေး အဆင့်အတန်းဟာလည်းမြင့်မားတဲ့အတွက် အမေရိကန်တက္ကသိုလ်များမှ ဘွဲ့ရဆရာဝန်များကို တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြု လက်ခံကြပါတယ်။

    ယနေ့ခေတ်မှာ လူသားများဟာ ကိုယ်ခန္ဓာကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေး အခြေအနေများကို ပိုမိုဂရုစိုက်လာကြတဲ့အတွက် စိတ်ကျန်းမာရေးနဲ့ပတ်သတ်ပြီး စိတ်ရောဂါကု ဆရာဝန်များနဲ့ မိိမိတို့ဘဝရဲ့ အခက်အခဲများနှင့် စိတ်ဖိစီးမှု့များကို နှစ်သိမ့်ဆွေးနွေး အကြံပေးနိုင်တဲ့ Clinical & Counseling Psychologist များဟာလည်း အရေးပါလာပါတယ်။

    Medical နှင့် Psychology နဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ ဘာသာရပ်များကတော့ Public Health, General & Clinical Psychology, Pharmacology, Physical Therapy, Mental Health Counseling, Nursing အစရှိတဲ့ ဘာသာရပ်များပဲ ဖြစ်ပါတယ်။

    ဒါကတော့ SR Worldwide Education အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ကြားနေကြတဲ့ နိုင်ငံတကာကျောင်းသားများရဲ့ရွေးချယ်မှု့ အမြင့်မားဆုံး ဘာသာရပ်များကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။

    ယခု ဘာသာရပ်များနဲ့ ပတ်သတ်ပြီး အသေးစိတ်အကြောင်းအရာများကို SR Worldwide Education ကို ဆက်သွယ်မေးမြန်းနို်င်သလို ဒီဘာသာရပ်များကို အမေရိကန်ပြည်ထောင်စုမှာ သွားရောက်ပညာသင်ကြားချင်ကြတဲ့ လူငယ်များအနေနဲ့လည်း နိုင်ငံခြားပညာရေးနှင့်ပါတ်သတ်ပြီး အတွေ့အကြုံများပြားသည့် SR Worldwide Education မှ ပညာရေးအတိုင်ပင်ခံများနှင့် အခမဲ့ လာရောက်ဆွေးနွေး Counseling လုပ်နိုင်တဲ့အကြောင်းလည်း ပြောပြပေးချင်ပါတယ်။

    SR Worldwide Education Office ►
    No (90), Ground Floor (B), Sin Yay Kan Street (near Kwin Kyaung Street), Ahlone Township.

    ပညာရေးအတိုင်ပင်ခံများနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ကြိုတင်appointment ယူပေးပါရန်
    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန်►► https://goo.gl/forms/TFVIrKnv3ZjxAPCR2

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #StudyinUSA #StudyAbroad

  • ►►► နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တဲ့ လူငယ်တွေအတွက် ဝန်ဆောင်မှု အကောင်းဆုံးနဲ့ စိတ်ချယုံကြည်ရတဲ့ နိုင်ငံခြားပညာရေးအတိုင်ပင်ခံ SR Worldwide Education …

    ►►► Contact – 09 5148848, 09 5428848, 09 543 8848

    ► SR Worldwide Education ဟာဆိုရင်ဖြင့် မြန်မာနိုင်ငံမှ ကျောင်းသားများရဲ့ ပညာရေးအဆင့်အတန်း မြင့်မားဖို့ ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြားမှာ Diploma, Bachelor , Master, PhD Program များဖြင့် ကျောင်းဆက်တက်ပြီး မိမိတို့ရဲ့ အရည်အသွေးများကို မြှင့်တင်လိုတဲ့ကျောင်းသားများအတွက် ယုံကြည်စိတ်ချရပြီး၊ အာမခံချက်ရှိတဲ့ ပညာရေးအခွင့်အလမ်းများကို SR Worldwide Education မှ ပံ့ပိုးပေးနေတာဖြစ်ပါတယ်။

    ► နိုင်ငံခြားပညာရေး ဝန်ဆောင်မှု့များနှင့်ပါတ်သတ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး အဖွဲ့အစည်းအနေဖြင့်၂၀၀၅ ခုနှစ်ကတည်းက စတင်လာခဲ့တဲ့ SR ဟာဆိုရင် အခုဆို အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ နယူးဇီလန်၊ ဟော်လန်၊ ဆွစ်ဇာလန်၊ ကနေဒါ၊ စင်္ကာပူ၊ ဂျပန်၊ ထိုင်း အစရှိတဲ့ နိုင်ငံများမှ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၁၅၀ ကျော်နှင့်ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။
    မြန်မာ့ကျောင်းသားများရဲ့ ဘဝရည်မှန်းချက်၊ အရည်အချင်း၊ အောင်မြင်မှု့တွေအတွက် SR Worldwide Education မှ ပံ့ပိုးပေးနေတဲ့ ဝန်ဆောင်မှု့များဆိုရင် ကျောင်းသားများအတွက် အထောက်အပံ့ဖြစ်စေမယ့်

    ► 1.Abroad Education Counseling
    နိုင်ငံခြားပညာရေးအခွင့်အလမ်းများနှင့် ပါတ်သက်ပြီး အကြံညဏ်ပေးမှု့များ

    ► 2.Scholarship application and advisory assistance
    ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆု လျှောက်ထားရာမှာ ပါဝင်ကူညီပေးခြင်း

    ► 3.Immigration and VISA application services
    ပြည်ဝင်ခွင့်နှင့် VISA လျှောက်ထားပေးခြင်း

    ► 4.Necessary Pre-departure and Post-arrival services
    လေဆိပ် အကြို/အပို့ အစီအစဉ်များဆွဲပေးခြင်း

    ► 5.Overseas accommodation arrangements
    နိုင်ငံရပ်ခြားနေရာထိုင်ခင်းများ စီစဉ်ပေးခြင်း

    ► 6.Post-graduate job search for repatriates
    ဘွဲ့ရပြီး ကျောင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေပေးခြင်း
    တို့ အတွက် အခကြေးငွေမယူဘဲ Free of Charge အခမဲ့ ဝန်ဆောင်မှု့ပေးနေတာပဲ ဖြစ်ပါတယ်……

    ► လူငယ်များအနေနဲ့ SR Worldwide Education ကို အပါတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း မည်သည့်အချိန်မှာမဆို မိမိတို့အနာဂါတ်ပညာရေးလမ်းကြောင်းတွေနဲ့ပါတ်သတ်ပြီး SR Worldwide Education မှ Education Counselors များနှင့်လာရောက် ဆွေးနွေး အကြံညဏ်တောင်းခံနိုင်ပါတယ်။ ဒါ့အပြင် တယ်လီဖုန်းဖြင့် လည်ကောင်း၊ SR Worldwide Education ရဲ့ Facebook Page- Message Box မှလည်ကောင်း မိမိတို့သိလိုသည်များကို အချိန်မရွေး မေးမြန်နိုင်ပါသေးတယ်။

    ► SR Worldwide Education အနေနဲ့ လူငယ်တစ်ဦးတစ်ယောက်ချင်းရဲ့ စိတ်ဝင်စားမှု့၊ ဝါသနာ၊ အနာဂတ်ရည်မှန်းချက်၊ မိဘများရဲ့ သဘောထား၊ ငွေကြေးထောက်ပံ့ပေးနိုင်မှု့ စတဲ့ အကြောင်းအရာများပေါ် မူတည်ပြီး တစ်ဦးတစ်ယောက်ချင်းစီအတွက် သင့်လျော်မယ့် ပညာရေးလမ်းကြောင်းများကို နိုင်ငံခြားပညာရေးနဲ့ပါတ်သက်ပြီး အတွေ့အကြုံပြည့်ဝတဲ့ Education Consultants နှင့် Counselors များမှ ဓမ္မဓိဠာန်ကျကျ မှန်ကန်စွာ ဆွေးနွေးအကြံပေးလျက်ရှိပါတယ်။

    ► SR Worldwide Education အနေနဲ့လည်း နိုင်ငံတကာမှ ချိတ်ဆက်ထားတဲ့ Partner University များမှ Professors များနှင့် ပြင်ပ ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်းပြီး မြန်မာလူငယ်များ အသိပညာ ဗဟုသုတတိုးပွားစေမယ့် Workshop များ၊ Seminar များကို အခါအားလျော်စွာ ပြုလုပ်ပေးနေတဲ့အတွက် စိတ်ဝင်စားတဲ့ လူငယ်များအနေနဲ့ SR Worldwide Education ရဲ့ Facebook Page ကို စောင့်ကြည့်ပြီး ပါဝင်ဆောင်ရွက်နိုင်ပါတယ်။

    SR Worldwide Education Myanmar ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ The World is in your Hands- ကမ္ဘာကြီးတစ်ခုလုံးကို သင့်လက်ထဲ အရောက်ထည့်ပေးနိုင်ဖို့ SR Worldwide Education ကို အခုပဲ ဆက်သွယ်ဖို့ ဖိတ်ခေါ်ပါရေစေ….

    ►►► Contact – 09 5148848, 09 5428848, 09 543 8848

    ►►► Office Address – Building 90,Ground Floor (B), Sin Yay Kan Street, (Near Kwin Kyaung Street and Wite Taw Busstop) , Ahlone Township, Yangon.

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #StudyAbroad #ServiceCompany #Yangon

  • ►►► စင်္ကာပူနိုင်ငံကို ၂ညအိပ်၊ ၃ရက်ခရီး အခမဲ့ သွားရောက်နိုင်မယ့် Raffles Design Competition Myanmar 2018

    ► အခုအခါမှာတော့ ပုံဆွဲခြင်း ကို စိတ်ဝင်စားတဲ့ မြန်မာ လူငယ်တွေအတွက် Drawing Competition တစ်ခုကို SR Worldwide Education မှ မျှဝေပေးချင်ပါတယ်။ ဒီပြိုင်ပွဲလေးကိုတော့ စင်္ကာပူမြို့ အခြေစိုက်ထားတဲ့ Fashion & Design ကျောင်းတစ်ကျောင်းဖြစ်တဲ့ Raffles Design Institute မှ ဦးစီးကျင်းပပေးတာဖြစ်ပါတယ်။

    ► ပြိုင်ပွဲရဲ့ Main Theme ကတော့ “Your Greatest Gift” ပဲဖြစ်ပါတယ်။ ခေါင်းစဉ်ကတော့ အရမ်းကို အဓိပ္ပါယ်ရှိပြီး လူငယ်များအနေနဲ့ မိမိတို့ဘဝမှာ မွေးစကတည်းက ယခုအချိန်ထိ အကောင်းဆုံး ရှိနေတဲ့ အရာ၊ ဘဝရဲ့ အကောင်းဆုံး လက်ဆောင်တစ်ခုကို စဉ်းစားပုံဖော်ရမှာဖြစ်ပြီး ဒီလက်ဆောင်ကို A4 sized paper မှာ ပုံဆွဲပြီး ဖော်ပြပေးရမှာဖြစ်ပါတယ်။

    ► ယခုပြိုင်ပွဲအတွက် ဆုများကို စီစဉ်ထားပြီး

    ပထမဆုအနေနဲ့ >> စင်္ကာပူနိုင်ငံကို ၂ ညအိပ် ၃ ရက် ခရီး ကို မိမိအဖော်ခေါ်ဆောင်လိုတဲ့သူ တစ်ဦးနှင့်ပါ သွားရောက်နိုင်မှာဖြစ်တဲ့ အပြင် Raffles Singapore Graduation Exhibition အတွက် လက်မှတ်နှစ်ဆောင်၊ USD 300 Cash Voucher နှင့် Certificate of Award တွေကိုပါ ရရှိမှာဖြစ်ပါတယ်။

    ဒုတိယဆုအနေနဲ့ >> USD 200 Cash Voucher နှင့် Certificate of Award တွေကို ရရှိမှာဖြစ်ပြီး၊

    တတိယဆုအနေနဲ့ >> USD 100 Cash Voucher နှင့် Certificate of Award တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

    ► ဒီ Raffles Design Competition Myanmar-2018 ကို မြန်မာနိုင်ငံမှ အသက် ၁၆ နှစ်မှ ၂၀ ထိ အထက်တန်းနှင့်တက္ကသိုလ်ကျောင်းသား လူငယ်အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပြီး ဒီပြိုင်ပွဲအတွက် Form များကိုတော့ SR Worldwide Education ရဲ့ Office မှာ ရုံးချိန်အတွင်းဖြစ်တဲ့ Monday to Saturday- From 9:00am to 5:00pm အတွင်း August 31 ရက်နေ့နောက်ဆုံးထား လာရောက်ထုတ်ယူနိုင်ပြီဖြစ်ပါတယ်။

    ► ထုတ်ယူထားသော Form များကို October 31 နောက်ဆုံးထား၍ ပြန်လည်ပေးပို့ရမှာဖြစ်ပြီး Winner Announcement ကို November 16 တွင်ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ပါတယ်။

    ► ဒါ့ကြောင့် ပုံဆွဲခြင်းကို စိတ်ဝင်စား ဝါသနာပါပြီး ဘဝရဲ့ အကောင်းမွန်ဆုံးသော လက်ဆောင်တစ်ခုကို ပုံဆွဲထုတ်ဖော်ပြသခြင်းဖြင့် စင်္ကာပူနိုင်ငံကို ၂ ညအိပ်၊ ၃ရက် ခရီးသွားရောက်နိုင်မယ့် အခွင့်အရေးကို အခုပဲ ရယူကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

    Submission Deadline: 31 October 2018
    Winner Announcement: 16 November 2018

    SR Worldwide Education Office
    ► No (90), Ground Floor (B), Sin Yay Kan Street (near Kwin Kyaung Street), Ahlone Township.

    ►►09 514 8848 , 09 543 8848, 09 542 8848

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #RafflesDesignCompetitionMyanmar2018

  • ►►► ရရှိထားတဲ့ ဘွဲ့နဲ့ ကိုယ့်ဝါသနာ မကိုက်ညီတဲ့အခါ အသက်မွေးဝမ်းကြောင်းပြောင်းလဲချင်တဲ့ လူငယ်တွေအတွက် အသုံးဝင်မယ့် Postgraduate Diploma in Global Logistics and Supply Chain Management…

    ► မြန်မာလူငယ်တွေအနေနဲ့ ဘွဲ့ရရှိပြီးတဲ့အခါ အသက်မွေးဝမ်းကြောင်းအတွက် လုပ်ငန်းခွင်ဝင်တဲ့အချိန်မှာ ကိုယ့်ရဲ့သက်ဆိုင်ရာဘွဲ့အလိုက် လုပ်ငန်းခွင် အသီးသီးကို ဝင်ရောက်ကြပါတယ်၊ ဒီလိုအချိန်မှာပဲ ကိုယ့်ဝါသနာ အရ လုပ်ငန်းခွင်ရွေးချယ်မှု မှန်ကန်တဲ့လူငယ်တွေအတွက် အခက်အခဲ သိပ်မရှိပေမယ့် ကိုယ့်ဝါသနာနဲ့ မကိုက်ညီတဲ့ လုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်နေရတဲ့ လူငယ်တွေအတွက် အခက်အခဲတွေ စတင်လာပါပြီ…

    ► ဒီလိုအချိန်မှာ လူငယ်တွေအနေနဲ့လဲ အချိန်ကုန်၊ လူပင်ပန်းခံ တက်ထားခဲ့ရတဲ့ ဘွဲ့ကိုလည်း မစွန့်လွှတ်နိုင် ၊ လုပ်ငန်းခွင်မှာလဲ စိတ်မပါ၊ ဘယ်လုပ်ငန်းခွင်ကို ပြောင်းလို့ပြောင်းရမှန်းလဲ မသိ၊ ယုံကြည်ချက်လဲမရှိ ဖြစ်တတ် ကြပါတယ်…

    ► အခုဆိုရင် မြန်မာနိုင်ငံအတွင်းကိုလည်း နိုင်ငံတကာက Brands တွေ၊ Company ကြီးတွေ ဝင်ရောက် လာတာ နဲ့အမျှ Logistics and Supply Chain နယ်ပါယ်အတွက် အတတ်ပညာရှင်တွေ ထပ်တိုး လိုအပ်လာပါပြီ…

    ► ကုန်စည် စီးဆင်းမှုရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ Logistics နဲ့ Supply Chain နယ်ပါယ်ဟာဆိုရင် တူသယောင်ယောင်နဲ့ ကွဲပြားပါတယ်၊ ကုန်စည်စတင်ထုတ်လုပ်မှုကနေ ကုန်စည် ကိုယ့်ဆီကို အရောက်ပို့ဆောင်တဲ့ Process တွေကို တာဝန်ယူ စီမံခန့်ခွဲတဲ့ အလုပ်တာဝန်တွေကို Logistic ဘာသာရပ်မှာ သင်ကြားနိုင်ပါတယ်….

    ► နောက်ထပ် ကုန်စည်တစ်ခု စတင်ဖြစ်ပေါ်ဖို့ Raw Materials တွေ Management လုပ်တာကစလို့ ကုန်ပစ္စည်း ဆိုင်ပေါ်ရောက်တဲ့အထိ စီမံခန့်ခွဲရတဲ့ Process တွေအပါအဝင် Risk Management တွေကိုပါ Supply Chain Management ဘာသာရပ်မှာ သင်ကြားနိုင်ပါတယ်..

    ► Logistic and Supply Chain Management ဘာသာရပ်ကို သင်ကြားတတ်မြောက်ထားတဲ့ လူငယ်တွေအနေနဲ့ Business Process တွေမှာ အဓိက အခြေခံဖြစ်တဲ့ Negotiation အပိုင်းတွေ၊ ကုန်ပစ္စည်း သယ်ယူနိုင်ဖို့အတွက် Contract ချုပ်ဆိုတဲ့အပိုင်းတွေ၊ ကုန်စည် အချိန်မီရောက်ရှိနိုင်ဖို့သယ်ယူပို့ဆောင်မှုအပိုင်းတွေ၊ အန္တရာယ်အမျိုးမျိုးကြောင့် ကုန်စည် ပျက်စီးသွားခဲ့ရင် ဘယ်လိုမျိုးစီမံခန့်ခွဲမလဲ စတဲ့ အသေးစိတ်ကျတဲ့ ပညာရပ်တွေကို သင်ကြားရမှာမို့လို့ စီးပွားရေးလုပ်ငန်းနဲ့ ပါတ်သက်တဲ့ သင့်ရဲ့အမြင်တွေ ကျယ်ပြန့်လာစေမှာပါ…

    ► အခုလိုမျိုး Logistics and Supply Chain နယ်ပါယ်ကို စိတ်ပါဝင်စားလို့ ပြောင်းလဲချင်ကြတဲ့ လူငယ်တွေ အတွက် အချိန်အကြာကြီးလဲတက်စရာမလို၊ ကိုယ်ရရှိထားတဲ့ ဘွဲ့ကိုလည်း စွန့်လွှတ်စရာမလိုပဲ လက်ရှိ နိုင်ငံတကာရော မြန်မာမှာပါ တွင်ကျယ်လာပြီဖြစ်တဲ့ Postgraduate Diploma in Global Logistics and Supply Chain Management ကို တက်ရောက်နိုင်ပါပြီ…

    ► အခုလာမယ့် 4.8.2018 ( Saturday ) မှာ Logistics and Supply Chain နယ်ပါယ်နဲ့ပါတ်သက်လို့ဗဟုသုတရစေမယ့် Intro Lecture Session ကို လက်ရှိ Supply Chain နယ်ပါယ်မှာ အတွေ့အကြုံရင့်ကျက်တဲ့ PSB Academy မှ Assistant Head of School of Postgraduate Studies ဖြစ်တဲ့ Dr. John Heng ကိုယ်တိုင် လာရောက်မျှဝေပေးမှာဖြစ်လို့
    Logistics and Supply Chain နယ်ပါယ်ကို စိတ်ပါဝင်စားတဲ့ လူငယ်တွေကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

    ► ဆွေးနွေးပွဲမှာ လာရောက်တဲ့ လူငယ်တွေအတွက် ထူးထူးခြားခြားအနေနဲ့ Study Grant Coupon $100 ကိုလည်း ပေးအပ်ချီးမြှင့်သွားမှာဖြစ်လို့ ကျောင်းသွားတက်ဖို့စိတ်ပါဝင်စားတဲ့ လူငယ်တွေကိုလည်း လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **
    •• Date – 4.8.2018 (Sat)
    •• Time- 9:30 am to 12:00 pm
    •• Place- Melia Hotel , First Floor ,Function Room 4, (Beside Myanmar Plaza)

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန်►► https://goo.gl/forms/HLuT7amrpD1OoEs92

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #SupplyChainManagement #StudyAbroad #StudyGrant

  • 👏🏼👏🏼👏🏼 Big Congratulations to Thiha Thway@Thuta on getting Scholarship amount 16,000 USD per year from Illinois Institute of Technology, Chicago…

    👏🏼👏🏼👏🏼 Big Congratulations to Thiha Thway@Thuta on getting Scholarship amount 16,000 USD per year from Illinois Institute of Technology, Chicago…

    ► SR Worldwide Education မှ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့ Mr.Thiha Thway@ Thuta ဟာ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့မှာရှိတဲ့ Institute of Technology မှာ B.Sc Civil Engineering ဘာသာရပ်ကို သွားရောက်သင်ကြားလျက်ရှိပြီး ထူးချွန်ထက်မြက်သောကျောင်းသားအနေဖြင့် Institute of Technology မှပေးအပ်တဲ့ Scholarship amount 16,000 USD ကို နှစ်စဉ် ပေးအပ်ခြင်းခံရသဖြင့် Mr.Thiha Thway@Thuta နှင့် မိသားစုများ ထပ်တူ SR Worldwide Education မိသားစုမှလည်း အထူးဂုဏ်ယူ ဝမ်းမြောက်လျက်ရှိပါတယ်…

    #askSR #SRWorldwideEducation
    #The_World_Is_In_Your_Hands
    #Scholarship #Student #Congratulations

  • ►►► Study in Japan with English Language and Learn Japanese as a Bonus…

    ►2015 နောက်ပိုင်းမှစပြီး ဂျပန်နိုင်ငံကို အလုပ်လုပ်ဖို့ဖြစ်စေ၊ ကျောင်းတက်ရောက်ဖို့ဖြစ်စေ သွားရောက်ကြတဲ့ မြန်မာလူငယ်အရေအတွက် ဟာ တစ်နေ့တစ်ခြားတိုးတက်မြင့်မားလာနေပါတယ်။

    ► SR Worldwide Education အနေနဲ့ ဂျပန်နိုင်ငံမှာ အင်္ဂလိပ်စာဘာသာစကား တက်မြောက်ရုံဖြင့် ဂျပန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်မှာ တက်ရောက်ခွင့်ရနိုင်ပြီး ကျောင်းတက်ရင်းအချိန်ပိုင်းအလုပ်တွေပါ လုပ်ကိုင်နိုင်မယ့် အခွင့်အရေးတစ်ခုကိုယူဆောင်လာပါပြီ။

    ► SR Worldwide Education နဲ့ချိတ်ဆက်ထားတဲ့ ဂျပန်နိုင်ငံရဲ့Ritsumeikan Asia Pacific University- APU ဟာဆိုရင် ဂျပန်တက္ကသိုလ်ပေါင်း 780 ကျော်မှာ အဆင့် 21 မှာ ရပ်တည်လျက်ရှိပြီး အင်္ဂလိပ်ဘာသာစကားနဲ့ သင်ကြားပေးလျက်ရှိတဲ့ International University တစ်ခုဖြစ်ပြီး ဂျပန်အစိုးရမှ ဂျပန်နိုင်ငံရဲ့ အကောင်းဆုံးသော နိုင်ငံတကာတက္ကသိုလ် “ Top Global University” အဖြစ် အသိအမှတ်ပြု ခံထားရတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ ကျောင်းရဲ့ Professor အများစုဟာလည်း Australia, US, UK စတဲ့ နိုင်ငံများမှ professor များဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျောင်းသားဦးရေးရဲ့ 50% ကျော်ဟာ နိုင်ငံတကာမှ ဖြစ်ပြီးတော့ စုစုပေါင်း နိုင်ငံပေါင်း ၉၀ ကျော်မှ ကျောင်းသားများလာရောက်တက်ရောက်ကြပါတယ်။

    ► Ritsumeikan Asia Pacific University-APU ဟာ သင်ခန်းစာများကို English Language နှင့် သင်ကြားပေးတဲ့အပြင် Japan ဘာသာစကားမတက်မြောက်သေးတဲ့ လူငယ်တွေအတွက် Japan ဘာသာစကားကိုပါ သပ်သပ် ထပ်မံသင်ကြားပေးတဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို အင်္ဂလိပ်စာဖြင့် နိုင်ငံတကာဘွဲ့ကိုလည်းရ ဂျပန်စာကိုပါ တက်မြောက်သွားနိုင်မှာဖြစ်တဲ့အတွက် ဘွဲ့ရပြီး ဂျပန်နိုင်ငံမှာသာမက နိုင်ငံတကာမှာပါ အလုပ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

    ► အချိန်ပိုင်းအလုပ်အနေနဲ့လည်း APU ရဲ့ ကျောင်းသားတွေကို ကျောင်းဝင်းအတွင်းမှာ ကျောင်းဖွင့်ရက် အတွင်းဆိုရင် တစ်ပါတ်ကို 28 နာရီနဲ့ ကျောင်းပိတ်ရက်ဆိုရင် နာရီ 40 အထိ နာရီ အကန့်အသတ်နဲ့ တရားဝင် ခွင့်ပြုထားတာကြောင့် ဝင်ငွေရှာချင်တဲ့ လူငယ်တွေအတွက်လည်း အရမ်းအဆင်ပြေပါတယ်…

    ► ဒါ့အပြင် AACSB- The Association of Advance Collegiate Schools of Business လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးတက္ကသိုလ်များ အသင်းအဖွဲ့ရဲ့ အသိအမှတ်ပြုခံထားရတဲ့အတွက် Ritsumeikan Asia Pacific University က ပေးအပ်တဲ့ဘွဲ့များဟာ UK, USA , Australia စတဲ့နိုင်ငံများနည်းတူ နိုင်ငံတကာမှ အသိအမှတ်ပြုလက်ခံကြပါတယ်။ ဒါ့ကြောင့် တက္ကသိုလ်ကျောင်းဆင်းများရဲ့ 90% ကျော်ဟာဆိုရင် ဘွဲ့ရပြီးတာနဲ့ အလုပ်တန်းရလေ့ ရှိကြပါတယ်။

    ► Ritsumeikan Asia Pacific University မှာဆိုရင် Accounting & Finance, Marketing Management, Hospitality & Tourism Management, International Relations & Peace Studies, Society & Media, Innovation & Economics, Strategic Management & Organization, Environment and Development စတဲ့ ဘာသာရပ်တွေကို ဘွဲ့ကြိုနဲ့ ဘွဲ့လွန်- Bachelor and Master နှစ်မျိုးလုံးအတွက် Scholarship up to 100% နဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

    ► လာမည့် August လ ၁၄ ရက်နေ့မှာ Ritsumeikan Asia Pacific University ရဲ့ Education Program Officer ကိုယ်တိုင်လာရောက်ပြီး ဂျပန်နိုင်ငံပညာရေးနဲ့ပါတ်သက်တဲ့ အကြောင်းအရာတွေအပြင် Ritsumeikan Asia Pacific University ရဲ့ Scholarship Opportunity တွေကိုလည်း မျှဝေပေးသွားမှာဖြစ်တဲ့အတွက် ဂျပန်နိုင်ငံမှာ ပညာသွားသင်ဖို့ ပြင်ဆင်နေကြတဲ့ သို့မဟုတ် စိတ်ဝင်စားတဲ့ ကျောင်းသား၊ကျောင်းသူများကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **

    ••• Date – 14 .8.2018 (Tuesday)
    •• Time-10:00 am to 12:00 pm
    •• Place- SR Worldwide Education Myanmar President Office

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန်►► https://goo.gl/forms/yBlRCPRsBX4zgafd2

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #Japan