Author: sr admin

  • Soe Min Latt

    Soe Min Latt

    [:en]

    •• Global Business MBA

    •• Coventry University, London Campus

    (more…)

  • ►Thank everyone for contributing your precious time in our SR Worldwide Education.

    ►Thank everyone for contributing your precious time in our SR Worldwide Education.

    ►Thank everyone for contributing your precious time in our SR Worldwide Education. We are really happy cause we could help for your future education and abroad studying.
    ► ယနေ့ Ritusmeikan Aisa Pacific University ( Japan) ရဲ့ Scholarship Information Section ကို အချိန်ကုန်ခံပြီး လာရောက်ပေးကြတဲ့ ကျောင်းသားများနှင့် မိဘများကို SR Worldwide Education မှ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။

    ကုန်ဆုံးခဲ့ရသောအချိန်များနည်းတူ မိမိတို့ အနာဂတ် ရည်မှန်းချက်အတွက် အရေးပါတဲ့ အချက်အလက်အချို့ကို ရရှိသွားကြလိုက်မယ်လို့ မျှော်လင့်ပါတယ်။

    မြန်မာနိုင်ငံအနာဂတ်မှာ အရေးပါတဲ့လူငယ်တွေ ရဲ့ ပညာရေးအတွက် SR Worldwide Education မှ ကူညီခွင့်ရတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

    လူငယ်များအားလုံး မိမိတို့ ရည်မှန်းချက် အနာဂတ်များကို အခက်အခဲမရှိ ရောက်ရှိနိုင်ကြပါစေလို့ SR Worldwide Education မှ တောင်းဆုပြုလိုက်ပါတယ်။

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands #StudyInJapan
    #Ritsumeikan_Asis_Pacific_University

  • It was really really a Big Day!

    It was really really a Big Day!

     

    Thank you all for the time you spent participating with us during the Event Management Workshop .

    We do hope you all will have so much fun with our special guests from Stamford International University and special thanks to Carl , Daniel , Thiri & Su for all of your kindness support.

    And last but not the least, we want to thank you all for coming 

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands

  • Thank you so much for attending Living & Studying in Singapore with Kaplan Higher Education Academy 😃

    Thank you so much for attending Living & Studying in Singapore with Kaplan Higher Education Academy 😃

    It was a big success and all of your participation is all a lot to us 😉
    Also Special Thanks to Saw Melvyn Kolay, Market Development Manager of Kaplan Higher Education Academy for an excellent presentation 😃

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands

  • Thae Myat Thazin

    Thae Myat Thazin

    [:en]

    •• Diploma in Construction Engineering

    •• NanYang Institute of Management

    (more…)

  • ► အင်္ဂလန်နိုင်ငံမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေကြတဲ့ မြန်မာလူငယ်များအတွက် အခွင့်အလမ်းများ

    •• Date – 24. 8. 2018 (Friday)
    •• Time – 10:00 am to 4:00 pm
    •• Place- SR Worldwide Education Office

    ► အခုအခါမှာတော့ SR Worldwide Education အနေနဲ့ အင်္ဂလန်နိုင်ငံမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေကြတဲ့ မြန်မာလူငယ်များအတွက် အရေးကြီးပြီး သိထားသင့်တဲ့ အင်္ဂလန်နိုင်ငံပညာရေးနှင့်ပါတ်သတ်တဲ့အကြောင်းအရာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

    ► 2018 ခုနှစ် Times Higher Education ရဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များအဖြစ် စာရင်းဝင်တဲ့ Oxford University နှင့် Cambridge University တို့ဟာ အင်္ဂလန်နိုင်ငံမှဖြစ်ပြီး ကမ္ဘာပေါ်မှာ အကောင်းမွန်ဆုံးသောပညာရေးစနစ်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ ကမ္ဘာ့ခေတ်မှီပညာရေးရဲ့ အစနေရာလို့ပြောလို့ရတဲ့ အင်္ဂလန်နိုင်ငံဟာ ကမ္ဘာ့သက်တမ်းအကြာဆုံး တက္ကသိုလ်များတည်ရှိရာနေရာဖြစ်ပြီး မြင့်မားတဲ့ပညာရေးစနစ်ကြောင့် နိုင်ငံတကာမှ ကျောင်းသားပေါင်း (4) သိန်းခွဲကျော်လောက်ဟာ အင်္ဂလန်နိုင်ငံမှာ ပညာသင်ကြားနေကြတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ကျောင်းသားများအနေနဲ့ အင်္ဂလန်နိုင်ငံမှာ အရင်တုန်းကပညာသင်ဖို့ ခက်ခဲပေမယ့် အခုအချိန်မှာတော့ ယခင်ကထက် အများကြီး ပိုမိုလွယ်ကူလာပါပြီ။

    ► အင်္ဂလန်နိုင်ငံပညာရေးရဲ့ အားသာတဲ့အချက်များအနေနဲ့ အင်္ဂလန်နိုင်ငံမှာ တက္ကသိုလ်ပေါင်း (109) ခု ရှိတဲ့အနက်မှ (93) ခုဟာ Time Higher Education World Ranking ရဲ့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (1,000) စာရင်းမှာ အားလုံးပါဝင်ကြပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ တက္ကသိုလ် (2) ခုဖြစ်တဲ့ Oxford University နှင့် Cambridge Universityဟာ 2018ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးနှစ်ခုအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ နိုင်ငံတကာမှ ကျောင်းသားပေါင်း (442,000) လောက်ဟာ အင်္ဂလန်နိုင်ငံမှာ လာရောက် ပညာသင်ကြားနေကြတာဖြစ်ပါတယ်။

    ► အင်္ဂလန်နိုင်ငံရဲ့ ပညာရေး၊ တက္ကသိုလ်များနဲ့ ဘွဲ့ရကျောင်းသားတွေကို နိုင်ငံတကာမှ အသိအမှတ်ပြုလက်ခံကြပြီး မျက်နှာပန်းလည်း လှကြပါတယ်။ ဘာလို့လဲ ဆိုတော့ အင်္ဂလန်မှာရှိတဲ့ တက္ကသိုလ်များကို အစိုးရမှ အမြဲတမ်းမပြတ် ဝင်ရောက်စစ်ဆေးလေ့ရှိပြီး သင်ကြားမှု့အဆင့်အတန်း၊ ကျောင်းသားများရဲ့ အဆင်ပြေမှု့၊ ဆရာ ဆရာမတွေရဲ့ အရည်အချင်းတွေကို QAA- Quality Assurance Agency for Higher Education မှ အမြဲတမ်း ကြပ်မတ်ပါတယ်။ ဒါကြောင့် အင်္ဂလန်နိုင်ငံက ဘွဲ့ရတဲ့ကျောင်းသားတွေဆိုရင် နိုင်ငံတကာ အဖွဲ့အစည်း၊ company တွေမှ အမြဲတမ်း ကြိုဆိုလျက်ရှိပြီး ဘွဲ့ရပြီး အလုပ်အတွက် အာမခံချက်ကို ပေးနိုင်မှာဖြစ်ပါတယ်။

    ► SR Worldwide Education ဟာ မြန်မာနိုင်ငံမှ လူငယ်များအတွက် အရည်အသွေးကောင်းမွန်ပြီး မြင့်မားတဲ့ ပညာရေးလမ်းကြောင်းတွေကို ထောက်ပံ့ပေးလာခဲ့တာ (2005) ခုနှစ်တည်းကဖြစ်ပြီး အခုဆို (13) နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတကာပညာရေးကို စိတ်ဝင်စားတဲ့ လူငယ်များအတွက် အတွက် တစ်နှစ်ပြီး တစ်နှစ် နိုင်ငံတကာတက္ကသိုလ်များနဲ့ ချိတ်ဆက်လာခဲ့ပြီး ယခုဆိုရင် ကမ္ဘာ့ပညာရေးထိပ်တန်း နိုင်ငံပေါင်း (10) နိုင်ငံ မှ တက္ကသိုလ်ပေါင်း (350) ကျော်နဲ့ ချိတ်ဆက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

    ► အင်္ဂလန်နိုင်ငံမှ ထိပ်တန်းတက္ကသိုလ် (100) ကျော်နဲ့ SR Worldwide Education အနေနှင့် ယခုအချိန်မှာ ချိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ထင်ရှားတဲ့ တက္ကသိုလ်များကတော့ University of Oxford, University of Cambridge, University of St Andrews, London School of Economics & Political Science, Imperial College London, University City College, Coventry University, Royal Holloway- University of London, University of Sheffield, University of Surrey, University of Sussex, Durham University, University of Bristol, University of the West of England, University of York, University of Nottingham, Lancaster University, University of Birmingham စတဲ့ တက္ကသိုလ်များပဲဖြစ်ပါတယ်။

    ► အင်္ဂလန်နိုင်ငံမှာBachelor Degree၊ Master Degree ကျောင်းတက်ဖို့ စိတ်ဝင်စားတဲ့ လူငယ်များအတွက် SR Worldwide Education မှ လာမည့် (24) ရက်နေ့မှာ Counseling Section ပြုလုပ်ပေးဖို့ ရှိပါတယ်။ ကျောင်းတက်ဖို့ ဘာတွေလိုအပ်တယ်၊ ဘာတွေပြင်ဆင်ထားရမလဲ၊ ဘယ်ကျောင်းတွေက ကိုယ့်ရည်မှန်းချက်နဲ့ ကိုက်ညီမလဲ ၊ ဘယ်လိုမျိုး Scholarship Program တွေရှိမလဲ၊ ကိုယ့်ရဲ့ အိပ်မက်တက္ကသိုလ်တွေကို ဝင်ခွင့်ရဖို့ ဘယ်လိုမျိုးကြိုးစားရမလဲ စသည်ဖြင့် အင်္ဂလန်နိုင်ငံပညာရေးနဲ့ပါတ်သတ်တဲ့အကြောင်းအရာတွေကို အသေးစိတ်နားလည်သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်နိုင်ငံမှာ ကျောင်းတက်ဖို့ စိတ်ဝင်စားတဲ့ ပြင်ဆင်နေကြတဲ့ ကျောင်းသားများအနေနဲ့ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပြီး လာရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **

    •• Date – 24. 8. 2018 (Friday)
    •• Time – 10:00 am to 4:00 pm
    •• Place- SR Worldwide Education Office

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848

    Online ဖြင့်စာရင်းပေးသွင်းရန်►►https://goo.gl/forms/roFSHONJQw2N5jtE3

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #StudyinUK

  • ► ► IGCSE (သို့) တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ လာရောက်လေ့လာသင့်သည့် US, UK, Canada, Singapore, Thailand တို့မှ ပညာရေးအခွင့်အလမ်းများ

    •• Date – 24. 8. 2018 (Friday)
    •• Time – 10:00 am to 4:00 pm
    •• Place – SR Worldwide Education Office

    ◙ ကမ္ဘာ့အကောင်းဆုံး ပညာရေးကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်နိုင်ငံ

    ◙ သက်တမ်းအကြာဆုံး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များတည်ရှိရာ အင်္ဂလန်နိုင်ငံ

    ◙ ပညာရေးစနစ်ကောင်းမွန်ပြီး ကျောင်းပြီးလျှင် Permanent Residence (PR) လျှောက်ထားဖို့အခွင့်အရေးတွေရနိုင်မယ့် ကနေဒါနိုင်ငံ

    ◙ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များမှ ဘွဲ့များကို အချိန်တိုအတွင်းတက်ရောက်ရယူနိုင်မယ့် ခေတ်မှီပညာရေးထွန်းကားရာ စင်္ကာပူနိုင်ငံ

    ◙ ကမ္ဘာ့အသိအမှတ်ပြု ပညာရေးကို ကျောင်းစရိတ်သက်သာစွာသင်ယူနိုင်မယ့် ထိုင်းနိုင်ငံ
    တို့ တွင် သွားရောက်ပညာဆည်းပူးလိုတဲ့ IGCSE (သို့) တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများအတွက် လာမည့် Aug 24 တွင် နိုင်ငံတကာပညာရေးနှင့်ပါတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ဆယ့်သုံးနှစ်ကျော် အတွေ့အကြုံရှိသော SR Worldwide Education ရဲ့ Head of Education Consultant ကိုယ်တိုင် US, UK, Canada, Singapore, Thailand တို့မှ ပညာရေးအခွင့်အလမ်းများကို အသေးစိတ် ဆွေးနွေးဟောပြောပေးသွားမှာဖြစ်ပါတယ်။

    ► ► ဆွေးနွေးဟောပြောပွဲမှာဆိုရင် ……

    ◙ ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် တက္ကသိုလ်ကို ဘယ်လိုရွေးချယ်မလဲ ?
    ◙ ဘယ်လိုမျိုး Scholarship Program တွေရှိမလဲ ?
    ◙ ကိုယ့်ရဲ့ အိပ်မက်တက္ကသိုလ်တွေကို ဝင်ခွင့်ရဖို့ ဘယ်လိုမျိုးကြိုးစားရမလဲ ?
    ◙ ဘာတွေပြင်ဆင်ထားရမလဲ ?
    စတဲ့ အသေးစိတ်အကြောင်းအရာတွေကို တစ်နေရာတည်းမှာ သိရှိလေ့လာခွင့်ရမှာဖြစ်တဲ့အတွက် IGCSE နှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများကို ဖိတ်ခေါ်လိုက်ပါတယ်။

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **

    •• Date – 24. 8. 2018 (Friday)
    •• Time – 10:00 am to 4:00 pm
    •• Place- SR Worldwide Education Office

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848

    Online ဖြင့်စာရင်းပေးသွင်းရန် ►►https://goo.gl/forms/roFSHONJQw2N5jtE3

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #StudyinUS #StudyinUK #StudyinSingapore #StudyinCanada #StudyinThailand

  • ► အမေရိကန်နိုင်ငံမှာ သွားရောက်ပညာသင်ကြားဖို့ စိတ်ပါဝင်စားတဲ့လူငယ်များ လာရောက်လေ့လာသင့်တဲ့ ပညာရေးအခွင့်အလမ်းများ….

    •• Date – 24. 8. 2018 (Friday)
    •• Time – 10:00 am to 4:00 pm
    •• Place- SR Worldwide Education Office

    ► အခုအခါမှာတော့ SR Worldwide Education အနေနဲ့ IGCSE အောင်မြင်ထားသူများ၊ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ထားသူများ၊ ဘွဲ့ရရှိထားပြီး အမေရိကန်နိုင်ငံမှာ ဘွဲ့ကြို၊ ဘွဲ့လွန်တက်ရောက်ဖို့ စိတ်ဝင်စားတဲ့ လူငယ်များအတွက် အမေရိကန်ပညာရေး ရဲ့ အားသာချက်တွေ၊ ဘယ်ပြည်နယ်တွေမှာ ဘယ်တက္ကသိုလ်တွေကို ရွေးချယ်သင့်လဲ၊ ဘယ်ဘာသာရပ်တွေကတော့ လူကြိုက်များတယ် စတဲ့ အမေရိကန်ပညာရေးနဲ့ပတ်သတ်ပြီး ဗဟုသုတအချို့ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

    ► ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (10) ခုထဲကမှ (5) ခု (MIT, Harvard, Stanford, Caltech and University of Chicago)၊ (50) ထဲကမှ (27) ခု၊ (200) ထဲကမှ (72) ခုတို့ဟာ အမေရိကန်နိုင်ငံမှာတည်ရှိနေတာဖြစ်ပါတယ်။ သေချာတာတစ်ခုက ကမ္ဘာမှာအကောင်းဆုံးသော တက္ကသိုလ်တွေနဲ့အတူ အကောင်းဆုံးသော professors တွေ၊ အကောင်းဆုံးသော ကျောင်းသားတွေ ( သင့် သူငယ်ချင်းတွေ)၊ အကောင်းဆုံးသော ဘာသာရပ်တွေ၊ အကောင်းဆုံးသော facilities တွေ စတဲ့ အကောင်းဆုံးတွေ က သင့်ကို စောင့်ကြိုနေမှာဖြစ်ပြီး သင့်ကိုလည်း အကောင်းဆုံးထဲက အကောင်းဆုံးသော လူသားတစ်ယောက် ဖြစ်စေမှာဖြစ်ပါတယ်။

    ► အမေရိကန်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ထူးခြားပါတယ်။ လူငယ်တွေဟာ ငယ်ရွယ်တဲ့ အချိန်မှာ မိမိကိုယ် မိမိ ဘာကို ဝါသနာပါတယ်ဆိုတာ အများအားဖြင့် မသိကြသေးပါဘူး။ တစ်ခါတစ်လေမှာ ကိုယ်ဝါသနာပါတာက တကယ်ဝါသနာမပါတာဖြစ်နိုင်ပါတယ်။ ဒီပြသနာတွေကို အဖြေရှာဖို့ အမေရိကန်ပညာရေးစနစ်က ရှိနေပါတယ်။ အမေရိကန်နိုင်ငံမှာ တက္ကသိုလ်တက်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ဘယ်ပညာရပ်ကို လေ့လာမယ်ဆိုတာ ဆုံးဖြတ်လိုက်စရာ မလိုသေးပါဘူး။

    ► ပထမနှစ်နဲ့ ဒုတိယနှစ်မှာ သင့်အနေနဲ့ သိသင့်သိထိုက်တဲ့ ဘာသာရပ်အားလုံးရဲ့ အခြေခံတွေကို သင်ကြားရမှာဖြစ်ပြီး သင်လေ့လာချင်တဲ့ ဘာသာရပ်တွေကို လဲ လေ့လာနိုင်ပါသေးတယ်။ ဒါကို General Education လို့ခေါ်ပါတယ်။ တတိယနှစ်ရောက်မှ သင့်အနေနဲ့ သင်သဘောကျ ဝါသနာပါတဲ့ ပညာရပ်ကို မေဂျာအနေနဲ့ရွေးချယ်ရမှာဖြစ်ပါတယ်။ အကျိုးရလဒ်က သင့်အနေနဲ့ သိသင့်သိထိုက်တဲ့ ဘာသာရပ်အားလုံးရဲ့ အခြေခံသဘောတရားတွေ နားလည်သွားမှာဖြစ်ပြီး နေရာတိုင်း အချိန်တိုင်းမှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိပြီး မှန်ကန်တဲ့ ရွေးချယ်မှု့တွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ အမေရိကန်မှာ အကောင်းဆုံးနဲ့ အတော်ဆုံးသော လူ့အရင်းအမြစ်တွေ တည်ရှိနေတာဖြစ်ပါတယ်။

    ► အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်ပေါင်း (50) ရှိတဲ့အနက်မှ မြန်မာကျောင်းသားအများစု ရွေးချယ်ကြတဲ့ ပြည်နယ် များကတော့ New York, Massachusetts, California, Florida, South Carolina, Illinois, Kansas, Alabama စတဲ့ ပြည်နယ်များပဲ ဖြစ်ပါတယ်။ဒီ ပြည်နယ်တွေထဲမှာတော့ လူသိများထင်ရှားပြီး မြန်မာကျောင်းသားအများစု ရွေးချယ်ကြတဲ့ တက္ကသိုလ်များကတော့ UCLA- University of California- Los Angeles, Cornell University, New York University, University of Wisconsin-Madison, Boston University, University of Miami, University of Washington, University of Vermont, Adelphi University, American University, Auburn University, Florida International University, University of Central Florida, The University of Illinois at Chicago, University of South Carolina, The University of Kansas စတဲ့ တက္ကသိုလ်များပဲ ဖြစ်ပါတယ်။

    ► SR Worldwide Education ဟာ မြန်မာနိုင်ငံမှ လူငယ်များအတွက် အရည်အသွေးကောင်းမွန်ပြီး မြင့်မားတဲ့ ပညာရေးလမ်းကြောင်းတွေကို ထောက်ပံ့ပေးလာခဲ့တာ (2005) ခုနှစ်တည်းကဖြစ်ပြီး အခုဆို (13) နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတကာပညာရေးကို စိတ်ဝင်စားတဲ့ လူငယ်များအတွက် အတွက် တစ်နှစ်ပြီး တစ်နှစ် နိုင်ငံတကာတက္ကသိုလ်များနဲ့ ချိတ်ဆက်လာခဲ့ပြီး ယခုဆိုရင် အမေရိကန်နိုင်ငံမှ ဖော်ပြထားတဲ့ တက္ကသိုလ်များအပါအဝင် ထိပ်တန်းတက္ကသိုလ်ပေါင်း (130) ကျော်၊ ကမ္ဘာ့ပညာရေးထိပ်တန်း နိုင်ငံပေါင်း (10) နိုင်ငံ မှ တက္ကသိုလ်ပေါင်း (350) ကျော် နှင့်ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။

    ► အမေရိကန်နိုင်ငံမှာ Bachelor Degree၊ Master Degree တက်ရောက်ဖို့ စိတ်ဝင်စားတဲ့ လူငယ်များအတွက် SR Worldwide Education မှ လာမည့် (24) ရက်နေ့မှာ Counseling Section ပြုလုပ်ပေးဖို့ ရှိပါတယ်။ ကျောင်းတက်ဖို့ ဘာတွေလိုအပ်တယ်၊ ဘာတွေပြင်ဆင်ထားရမလဲ၊ ဘယ်လိုမျိုး Scholarship Program တွေရှိတယ်၊ ကိုယ့်ရဲ့ အိပ်မက်တက္ကသိုလ်တွေကို ဝင်ခွင့်ရဖို့ ဘယ်လိုမျိုးကြိုးစားရမလဲ စသည်ဖြင့် အမေရိကန်နိုင်ငံပညာရေးနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို အသေးစိတ်နားလည်သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံမှာ ကျောင်းတက်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသားများအနေနဲ့ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပြီး လာရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေးသွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် **

    •• Date – 24. 8. 2018 (Friday)
    •• Time – 10:00 am to 4:00 pm
    •• Place- SR Worldwide Education Office

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848

    Online ဖြင့်စာရင်းပေးသွင်းရန်►►https://goo.gl/forms/roFSHONJQw2N5jtE3

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #StudyinUS

  • ►►► လူငယ်တွေအတွက် သင်ကြားရေးပါမက အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ အကောင်းဆုံး ဖန်တီးပေးလျက်ရှိတဲ့ DMU- De Montfort University, Leicester

    ► ယနေ့ခေတ်မှာဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေး ကဏ္ဍမှာ ပိုမို ပွင့်လင်း ပြောင်းလဲလာတာနဲ့အညီ ပိုမိုကောင်းမွန်တဲ့ ပညာရေး နဲ့ ဘဝအာမခံချက်တွေအတွက် နိုင်ငံရပ်ခြားမှာ သွားရောက် ပညာသင်လိုတဲ့ ကျောင်းသားအရေအတွက်ဟာလည်း တဖြည်းဖြည်း တိုးတက်များပြားလာနေပါပြီ။ မြန်မာကျောင်းသားအများစု ရွေးချယ်လေ့ရှိတဲ့ နိုင်ငံတွေထဲမှာလည်း အင်္ဂလန်နိုင်ငံဟာလည်း ကမ္ဘာ့အဆင့်အတန်းမှီပြီး အာမခံချက်ရှိတဲ့ ပညာရေး စနစ်ကြောင့် ထိပ်တန်းမှ ပါဝင်လို့ လာပါပြီ။ ဒါပေမယ့် မြန်မာကျောင်းသားတွေ သတိပြုရမယ့်အချက်က ကျောင်းတွေရွေးချယ်တဲ့နေရာမှာ ကျောင်းကောင်းကောင်းရွေးချယ်တက်ဖို့နဲ့ မိမိတို့ ဘ၀ ရည်မှန်းချက်၊ အသက်မွေးဝမ်းကြောင်းပညာရပ်တွေအတွက် အာမခံချက်ပေးနို်င်တဲ့ တက္ကသိုလ်တွေကို ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုရွေးချယ်တဲ့နေရာမှာကျောင်းရဲ့ History, Ranking, Teaching Excellence, Research, Campus Life နဲ့ Job Placements စတဲ့ အချက်တွေကို စဉ်းစားကြဖို့ လိုပါတယ်။

    ► အခုအခါမှာတော့ နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့ မြန်မာကျောင်းသားတွေအတွက် ရွေးချယ်မှု့ မှန်ကန်စေမယ့် အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ DMU- De Montfort University အကြောင်းလေး မျှဝေပေးချင်ပါတယ်။

    1. Academic Excellence
    1870 ခုနှစ်တည်းက စတင်လာခဲ့တဲ့ DMU ရဲ့ ပညာရေးဟာ 1992 မှာ University အဖြစ် အင်္ဂလန်နိုင်ငံရဲ့ယခုလက်ရှိဘုရင်မကြီး Queen Elizabeth 2 မှ အဆင့်တိုးမြင့်ပေးခဲ့ပြီး ယနေ့ခေတ်မှာတော့ အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်း အစိုးရတက္ကသိုလ်တစ်ခုအနေနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ တက္ကသိုလ်တွေရဲ့ ပညာရေးအရည်အသွေးတွေကို အစိုးရမှ တိုက်ရိုက်ကြီးကြပ်လေ့ရှိပြီး TEF- Teaching Excellence Framework တည်ထောင်၍ တက္ကသိုလ်တွေကို 1. Teaching Quality, 2. Learning Environment, 3. Student Outcome စတဲ့ စံ သုံးခုနဲ့ အမြဲတိုင်းတာလေ့ရှိပြီး Gold, Silver, Bronze ဆိုပြီး အဆင့်သတ်မှတ်ချက်တွေ ထုတ်ပြန်ပေးလေ့ရှိပါတယ်။ 2017 မှာ DMU ဟာ အရမ်းကောင်းမွန်တဲ့ သင်ကြားရေးနဲ့လေ့လာရေးနည်းစနစ်တွေအပြင် ဘွဲ့ရကျောင်းသားများရဲ့ အရည်အချင်းပြည့်ဝမှု့ နဲ့ အလုပ်အကိုင် ရရှိမှု့ မြင့်မားမှု့တို့ကြောင့် TEF ရဲ့ အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်တဲ့ Gold ကို ရရှိခဲ့ပါတယ်။

    2. Graduate Success & Employability
    တခြားတက္ကသိုလ်များနဲ့ မတူဘဲ DMU ရဲ့အကြီးမားဆုံးနဲ့ထူးခြားချက်တစ်ခုကတော့ Work Placement Program ပဲဖြစ်ပါတယ်။ DMU ရဲ့ Undergraduate နဲ့ Postgraduate ကျောင်းသားတွေအားလုံးဟာ သင်ခန်းစာတွေပြီးဆုံးသွားတာနဲ့ တစ်ပြိုင်နက် ကျောင်းမှစီစဉ်ပေးတဲ့ Workplace program ကို ၁၂ လကြာ ဝင် join ကြရပါတယ်။ ကျောင်းသားများဟာ Microsoft, IBM, Airbus UK နဲ့ BMW စတဲ့ နိုင်ငံတကာထိပ်တန်းကုမ္မဏီများဝင်ရောက်လုပ်ကိုင်ခွင့်ရရှိကြပြီး တစ်နှစ်ကို ပျမ်းမျှ £ 13,000 မှ £
    18,000 ကြားရရှိကြပါတယ်။ ဒါ့အပြင် ကျောင်းတက်နေစဉ်ကာလအတွင်း နေစရိတ် စားစရိတ်များကို အတော်အတန်ကာမိစေဖို့အတွက် ကျောင်းမှ တရားဝင် အလုပ်လုပ်ခွင့်ပေးထားပြီး ကျောင်းမှလည်း part-time work များကို ရှာဖွေပေးပါတယ်။ ကျောင်းသားအားလုံးအတွက် Careers and Employability Team ကိုထားပေးထားပြီး အလုပ်အကိုင်အတွက် Counseling Service များထောက်ပံ့ပေးထားပါတယ်။ ဒါ့ကြောင့်ပဲ DMU ကျောင်းရဲ့ ဘွဲ့ရ အလုပ်အကိုင်ရရှိနှုန်းဟာ အလွန်မှမြင့်မားပြီး 96.7% ရှိတဲ့အတွက် အလုပ်အကိုင်ရရှိဖို့ အာမခံချက်အလွန်မြင့်မားတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။

    3. Leicester City
    DMU ရဲ့ နောက်ထပ်အားသာချက်ကတော့ အင်္ဂလန်နိုင်ငံရဲ့ အလွန်လှပတဲ့ Leicester မြို့မှာ တည်ရှိတာဖြစ်ပါတယ်။ Leicester ဟာ အင်္ဂလန်နိုင်ငံမှာ ပညာသင်ကြားဖို့နဲ့ အလုပ်လုပ်ကိုင်ဖို့အကောင်းဆုံးမြို့အဖြစ် Good Growth for Cities Index-2016 ရဲ့ စာရင်းဇယားများအရ သိရှိရပြီး London နဲ့ Cardiff မြို့တို့ရဲ့ အထက်မှာတည်ရှိပါတယ်။ ဒါ့အပြင် Leicester မြို့ဟာ London ကို တစ်နာရီ ခရီး Nottingham, Birmingham, Cambridge စတဲ့မြို့တွေဝန်းရံနေတဲ့ မြို့တစ်မြို့ဖြစ်တဲ့အပြင် London နဲ့ တခြားသောမြို့ကြီးများထက် နေစရိတ်၊စားစရိတ် သက်သာပါတယ်။ Leicester မြို့ဟာ သူ့ရဲ့ ထူးခြားပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ ပွဲတော်တွေကြောင့်လည်း ထင်ရှားပြီး India နိုင်ငံပြင်ပမှာ ကျင်းပတဲ့ အကြီးမားဆုံး Color Festival- Diwali ပွဲတော်, Caribbean Carnival နဲ့ Simon Says Music Festival တို့ ကျင်းပလေ့ရှိတဲ့မြို့ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ကျောင်းသားဘဝအပြင် ထူးခြားတဲ့ဘဝအတွေ့အကြုံတွေကို ပေးစွမ်းနိုင်တဲ့ မြို့လေးဖြစ်ပါတယ်။

    ► DMU ရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ #DMUGlobal ဆိုတဲ့ program တစ်ခုကို ဖွဲ့စည်းထားပြီး DMU ကျောင်းသားတွေကို England နိုင်ငံပြင်ပ နိုင်ငံတကာအတွေ့အကြုံတွေရဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီ Program အရ ကျောင်းသားပေါင်း ၁၀၀၀ ကျော်ခန့်ဟာ New York City ကို သွားရောက်လေ့လာခဲ့ကြပြီး Fashion ကျောင်းသားတွေဟာ Victoria’s Secret, Media ကျောင်းသားများဟာ NBC, Journalism ကျောင်းသားများဟာ New York Times နဲ့ Engineering ကျောင်းသားများဟာ Grand Central Station နဲ့ မြေအောင်ရထားလိုင်းတွေကို လေ့လာခဲ့ကြပါတယ်။

    ► DMU မှာ Art & Design, Media- Music and Performing Arts, Humanities, Business and Management, Law, Computer Science, Engineering, Health and Life Sciences စတဲ့ ဘာသာရပ်တွေကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။
    နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့ မြန်မာကျောင်းသားတွေအတွက် ရွေးချယ်မှု့ မှန်ကန်စေမယ့် အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ DMU- De Montfort University အကြောင်းလေး မျှဝေပေးခဲ့တာဖြစ်ပါတယ်။ ဒီထိပ်တန်းတက္ကသိုလ်ကို ကျောင်းလျှောက်ပြီး Scholarship Opportunity တွေနဲ့အတူ တက်ရောက်နိုင်ဖို့ SR Worldwide Education မှ ကူညီပေးနိုင်ပါတယ်။

    ► လာမည့် 7th July မှာ De Montfort Universityရဲ့ Country Manager ကိုယ်တိုင် လာရောက်ပြီး ကျောင်းဝင်ခွင့်နဲ့ပါတ်သက်တဲ့အကြောင်းအရာတွေ၊ Scholarship Opportunity တွေကို အသေးစိတ် ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

    ► ဒါ့အပြင် ကျောင်းလျှောက်ဖို့ အတွက် လိုအပ်တဲ့ documents ကြိုတင်ပြင်ဆင်ထားတဲ့ကျောင်းသားတွေ၊ ကျောင်းလျှောက်ဖို့အဆင်သင့်ဖြစ်နေတဲ့ ကျောင်းသားတွေအတွက် Scholarship Interview ပါတစ်ခါတည်း ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်မှာ ကျောင်းတက်ဖို့စိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ဖို့ ပွဲလေးမှာ လာရောက်ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
    ►ဒါ့ကြောင့် ကျောင်းတက်ဖို့စိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ အခွင့်အရေးကို
    အမိအရဆုပ်ကိုင်နိုင်ဖို့ ပွဲလေးမှာ လာရောက်ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

    ** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေး၍လာရောက်ပေးပါရန်
    မေတ္တာရပ်ခံအပ်ပါသည်**

    Date – 7.7.2018 ( Saturday)
    Time- 9:30 am to 1 pm
    Place- Melia Hotel, Function Room – 6, First Floor ( Beside Myanmar Plaza)

    ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848
    Online ဖြင့်စာရင်းပေးသွင်းရန်►► https://goo.gl/forms/kGYx250lSxbR0Zaq1
    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands

  • It was really a big day of Art & Design 1 Hour Intensive Drawing Techniques Course 😍

    It was really a big day of Art & Design 1 Hour Intensive Drawing Techniques Course 😍

    Thank you all of your time and we do hope you all might get a lot of experience in drawing techniques and Special thank you Sayar Kyaw Nyo for your incredible teaching session 😃

    Hope to see you all with a success in the brighter future 😃

    #askSR #SRWorldwideEducation #The_World_Is_In_Your_Hands
    #IntensiveCourse #Workshop
    #ArtandDesign