►•• ကျွန်တော့်နာမည်က ပိုင်ကျင်းထန်ပါ။
►•• အခုကျွန်တော် University of Huddersfield မှာ Business Management with Finance ကို Sandwich Year နဲ့ တက်ရောက်နေပါတယ်။ ကျွန်တော်က Finance ပိုင်းနဲ့ HR ပိုင်းကို လေ့လာချင်ပါတယ်။ ဒီ Course မှာဆိုရင် Finance ပိုင်းကို Main Module တခုအဖြစ်သင်ရသလို HR ပိုင်းကိုလည်း Optional module အဖြစ် သင်ယူနိုင်တဲ့အတွက် ရွေးချယ်သင်ယူဖြစ်တာပါ။
►•• လက်ရှိသင်ကြားနေတဲ့ဘာသာရပ်မှာ ကြိုက်နှစ်သက်တဲ့အချက်ကတော့ lecture အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ တပည့်ဦးရေနဲ့ဆရာမျတအောင် ကျောင်းသားတွေကိုအတန်းခွဲပြီးသင်ကြားပေးတာပါ။ ကျောင်းသား မများတဲ့အတွက် ဆရာကတဦးချင်းစီကိုအချိန်ပေးနိုင်တယ်။ ဆွေးနွေးချိန်ပိုရတယ်။ ပိုလည်း နားလည်ပါတယ်။
►•• ပြောရမယ်ဆိုရင် ကျောင်းမရောက်ခင် မျော်မှန်းထားတာထက် ပိုကောင်းပါတယ်။ ကျောင်းသားအဖွဲ့လိုက် Personal Academic Tutor ထားရှိပေးတဲ့အတွက် သင်ကြားရေးနဲပတ်သက်ပြီး လိုတဲ့အခက်အခဲတွေကို တွေ့ဆုံဆွေးနွေးနိုင်ပါတယ်။ Learning Development Group ရှိတဲ့အတွက် Academic မှာ လိုအပ်တာရှိခဲ့ရင် သွားရောက်အကြံဉာဏ်၊ အကူအညီတောင်းခံနိုင်ပါတယ်။ သင်ကြားရေး အထောက်အကူပြုပစ္စည်း အစုံအလင်ရှိတယ်။ စာသင်ခန်းအများစုမှာ Lecture capable ဖြစ်တဲ့အတွက် စာသင်ချိန်အတွင်း နားမလည်တာရှိခဲ့ရင် ပြန်လည်နားထောင်နိုင်ပါတယ်။ Lecture ချိန်ဆိုရင်လူများပေမယ့်လည်း ဆူညံမနေတဲ့အပြင် တခန်းလုံးရှင်းရှင်းလင်းလင်းကြားနိုင်ဖို့အတွက် Audio System ကိုလည်း တပ်ဆင်ပေးထားပါတယ်။ လူများပေမယ့်လည်း စိတ်အနှောင့်အယှက်မဖြစ်ရပါဘူး။
►•• ဒီကိုလာရောက်ပညာသင်ကြားမယ်ဆိုရင် Reading skill တိုးတက်အောင်လုပ်ပါ။ ဆရာကချည်းပဲသင်တာမဟုတ်ဘဲ ကိုယ်ဖတ်လာတဲ့အသိပေါ်မူတည်ပြီး အပြန်အလှန်ဆွေးနွေးရတာဖြစ်တဲ့အတွက် အတန်းမစခင်မှာ Reading List တွေ ပြီးအောင်အမှီဖတ်ရပါတယ်။ ဖတ်လေ့ဖတ်ထမရှိတဲ့အခါ အမှီမဖတ်နိုင်တာတွေ၊ ဖတ်ပေမယ့် ဆိုလိုရင်း နားမလည်တာတွေ ဖြစ်တတ်လို့ပါ။ တခြားသိချင်တဲ့အချက်အလက်တွေရှိခဲ့ရင်လည်း SR မှတဆင့် ကျွန်တော့်ကိုမေးမြန်းနိုင်ပါတယ်။
►••SR ရဲ့ ဝန်ဆောင်မှုအတွက်ပြောရရင်တော့ the best ပါပဲ။ ကျွန်တော်တက်ချင်တဲ့ကျောင်းတွေကို ရွေးချယ်တဲ့အချိန်ကတည်းက အကောင်းဆုံးနဲ့ စိတ်ရှည်ရှည်ကူညီပေးတယ်။ ကျောင်းလျောက်တဲ့အချိန်မှာလည်း လိုအပ်တာတွေအကုန်အသိပေး ပြင်ဆင်ပေးတယ်။ ဝင်ခွင့်ရလို့ ဗီဇာလျောက်တဲ့အခါမှာလည်း လိုအပ်တဲ့အချက်အလက်တွေ၊ စာရွက်စာတမ်းတွေကို အကုန်အဆင်သင့်စီရီပြင်ဆင်ပေးတဲ့အပြင် ဗီဇာအင်တာဗျူးအတွက်ပါ လေ့ကျင်ပြင်ဆင်ပေးခဲ့ပါတယ်။ အစအဆုံး အသေးစိတ် အကောင်းအဆုံးပြင်ဆင်ပေးခဲ့တဲ့ မဝေနဲ့ SR ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။
======= ======= ====== ====== ======
►►► အင်္ဂလန်နိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်များသို့ သွားရောက်ပညာသင်ကြားဖို့ စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် SR Worldwide Education မှ အကောင်းဆုံးဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။ အင်္ဂလန်နိုင်ငံပညာရေးနဲ့ ပါတ်သတ်ပြီး အသေးစိတ် သိရှိလိုတဲ့ အကြောင်းအရာတွေကို ရုံးခန်းသို့ လာရောက်ပြီး SR Worldwide Education မှ အတွေ့အကြုံများပြားသော Educational Consultant များနှင့်မေးမြန်းဆွေးနွေးနိုင်သလို ၊ ဖုန်း မှ တစ်ဆင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပြီး Facebook Chat Box မှလည်း မေးမြန်း ထားနိုင်ပါတယ်။
SR Worldwide Education Office ►► Building 90, Ground Floor, Sin Yay Kan Street, Ahlone Township, ( Near Wite Taw Busstop & Kwin Kyaung Street)
ဖုန်း ►►09 514 8848, 09 543 8848, 09 542 8848
Instagram ►► https://www.instagram.com/sr_worldwide_education_myanmar/
#askSR #SRWorldwideEduactionMyanmar
#StudentTestimonial #StudyAbroad #StudyintheUK
Leave a Reply