►►►အမေရိကန်နိုင်ငံမှာ လူကြိုက်များပြီး နို်င်ငံတကာကျောင်းသားအများစု ရွေးချယ်လေ့ရှိတဲ့ ဘာသာရပ်များ

► အမေရိကန်နိုင်ငံကို ကမ္ဘာ့ပညာရေးရဲ့ ဗဟိုအဖြစ် တင်စားကြပြီး ကမ္ဘာ့အကောင်းဆုံးပညာရေးကို ပိုင်ဆိုင်ထားကာ နိုင်ငံတကာမှကျောင်းသားပေါင်း (၁.၁၈) သန်းကျော်လောက်ဟာ အမေရိကန်နို်င်ငံမှာ ပညာသင်ကြားလျက်ရှိပါတယ်။ အခုအခါမှာတော့ SR Worldwide Education အနေနဲ့ နိုင်ငံတကာကျောင်းသားအများစု အမေရိကန်နိုင်ငံမှာ ရွေးချယ်သင်ကြားကြတဲ့ ဘာသာရပ်အချို့ကို မျှဝေပေးချင်ပါတယ်။

► 1. Business

နှစ်စဉ် တိုင်းပြည်ဝင်ငွေ- GDP- 19 trillion ရှိပြီး ကမ္ဘာ့တိုင်းပြည်အားလုံးဝင်ငွေရဲ့ (၃၁) ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားတဲ့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာစီးပွားရေးအင်အားအတောင့်အတင်းဆုံးနဲ့ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ကမ္ဘာ့အကြီးမားဆုံးစီးပွားရေးလုပ်ငန်းများနဲ့ အချမ်းသာဆုံးလူပုဂ္ဂိုလ်များဟာ အမေရိကန်နိုင်ငံမှဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့တိုးတက်မှု့ကို ဦးစားပေးပြီး နိုင်ငံတွင်းမှာရှိတဲ့ လူသားအားလုံး မိမိကြိုးစားရင် ကြိုးစားသလောက်အောင်မြင်နိုင်မယ့် အခွင့်အရေးကိုလဲ ပေးအပ်ထားပါတယ်။ ဒါ့ကြောင့် စီးပွားရေးနဲ့ပတ်သတ်ပြီး စွန့်စားလုပ်ကိုင်လိုတဲ့ လူငယ်တိုင်းဟာ အမေရိကန်ပြည်ထောင်စုမှာ အခြေချကြပြီး ပညာရေးနဲ့ပတ်သတ်ပြီး အမေရိကန်တက္ကသိုလ်များရဲ့စီးပွားရေးဆိုင်ရာ ဘာသာရပ်များကို စိတ်ဝင်စားမှု့များပြားကြပါတယ်။

ကျောင်းသားအများစုရွေးချယ်ကြပြီး ၀င်ငွေမြင့်မားတဲ့ အလုပ်အကိုင်များကို ရရှိနိုင်တဲ့ စီးပွားရေးဆိုင်ရာ ဘာသာရပ်များကတော့ Business Management, Business Administration, Financial Management, Tourism, Entrepreneurship, Economics, Statistics, Accounting စတဲ့ ဘာသာရပ်များပဲ ဖြစ်ပါတယ်။

► 2. Science & Engineering

ကမ္ဘာပေါ်မှာ သိပ္ပံနှင့်နည်းပညာ အတိုးတက်ဆုံးနိုင်ငံများထဲမှာ အမေရိကန်ပြည်ထောင်စုဟာ ထိပ်ဆုံးမှ ပါ၀င်ပါတယ်။ အဆင့်မြင့် နည်းပညာများကို အသုံးပြုပြီး လူသားများအတွက် အသုံးဝင်တဲ့ ကုန်ပစ္စည်းများကို အမြဲတစေ ထုတ်လုပ်နေတဲ့အတွက် သိပ္ပံပညာရှင်များဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါ၀င်ပြီး ကမ္ဘာ့အကောင်းဆုံး နည်းပညာတက္ကသိုလ်ဖြစ်တဲ့ MIT – Massachusetts Institute of Technologyအပြင်
ကမ္ဘာပေါ်မှာ design ဆန်းပြားပြီး မြင့်မားတဲ့အဆောက်အဦးအများစုဟာလည်း အမေရိကန်ပြည်ထောင်စုမှာ တည်ရှိပါတယ်။

သမ္မတဟောင်း အိုဘားမား လက်ထက်မှစတင်ပြီး နည်းပညာနဲ့ သိပ္ပံဘာသာရပ်များကို ဦးစားပေးအနေနဲ့ပိုမိုအဆင့်အတန်းမြင့်မားလာအောင် လုပ်ဆောင်လာခဲ့တဲ့အတွက် ဒီဘာသာရပ်တွေရဲ့ အရည်အသွေးဟာလည်း တိုးတက်မြင့်မားလာခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့ တိုင်းပြည်ကိုလည်း ကောင်းမွန်စွာ ပြန်လည် အကျိုးပြုနိုင်တဲ့အတွက် သိပ္ပံနှင့်နည်းပညာဘာသာရပ်များကို နိုင်ငံတကာမှကျောင်းသားများ ဦးစားပေးရွေးချယ်လေ့ရှိပါတယ်။

ထင်ရှားတဲ့ ဘာသာရပ်များကတော့ Engineering ( Civil, Electrical, Industrial, Mechanical, Chemical, Aerospace, Software, Mining), Architecture, Aviation Science, Neuroscience, Computers ( Computing, Science, Information Systems, Information Management), Information Technology, Physics, Chemistry အစရှိတဲ့ ဘာသာရပ်များပဲဖြစ်ပါတယ်။

► 3.Medical & Psychology

အမေရိကန်နိုင်ငံမှာ လုပ်ခလစာ အမြင့်ဆုံး အသက်မွေးဝမ်းကြောင်းပညာရှင်များဟာ ဆရာဝန်များပဲ ဖြစ်ပါတယ်။ အစိုးရဲ့ ကြီးမားတဲ့ ကျန်းမားရေးစောင့်ရှောက်မှု့အပေါ် ဘဏ္ဍာငွေ သုံးစွဲမှု့များနှင့် မြင့်မားတဲ့ ကျန်းမာရေးစောင့်ရှောက်ရေး စနစ်များကြောင့် ဆရာဝန်များဟာ အလုပ်အကိုင်အခွင့်အလမ်းပေါများကြပြီး ဆေးပညာနဲ့သက်ဆိုင်တဲ့ ဘာသာရပ်များကိုလည်း ရွေးချယ်မှု့ များပြားကြပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ ဆေးပညာရေး အဆင့်အတန်းဟာလည်းမြင့်မားတဲ့အတွက် အမေရိကန်တက္ကသိုလ်များမှ ဘွဲ့ရဆရာဝန်များကို တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြု လက်ခံကြပါတယ်။

ယနေ့ခေတ်မှာ လူသားများဟာ ကိုယ်ခန္ဓာကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေး အခြေအနေများကို ပိုမိုဂရုစိုက်လာကြတဲ့အတွက် စိတ်ကျန်းမာရေးနဲ့ပတ်သတ်ပြီး စိတ်ရောဂါကု ဆရာဝန်များနဲ့ မိိမိတို့ဘဝရဲ့ အခက်အခဲများနှင့် စိတ်ဖိစီးမှု့များကို နှစ်သိမ့်ဆွေးနွေး အကြံပေးနိုင်တဲ့ Clinical & Counseling Psychologist များဟာလည်း အရေးပါလာပါတယ်။

Medical နှင့် Psychology နဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ ဘာသာရပ်များကတော့ Public Health, General & Clinical Psychology, Pharmacology, Physical Therapy, Mental Health Counseling, Nursing အစရှိတဲ့ ဘာသာရပ်များပဲ ဖြစ်ပါတယ်။

ဒါကတော့ SR Worldwide Education အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ကြားနေကြတဲ့ နိုင်ငံတကာကျောင်းသားများရဲ့ရွေးချယ်မှု့ အမြင့်မားဆုံး ဘာသာရပ်များကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။

ယခု ဘာသာရပ်များနဲ့ ပတ်သတ်ပြီး အသေးစိတ်အကြောင်းအရာများကို SR Worldwide Education ကို ဆက်သွယ်မေးမြန်းနို်င်သလို ဒီဘာသာရပ်များကို အမေရိကန်ပြည်ထောင်စုမှာ သွားရောက်ပညာသင်ကြားချင်ကြတဲ့ လူငယ်များအနေနဲ့လည်း နိုင်ငံခြားပညာရေးနှင့်ပါတ်သတ်ပြီး အတွေ့အကြုံများပြားသည့် SR Worldwide Education မှ ပညာရေးအတိုင်ပင်ခံများနှင့် အခမဲ့ လာရောက်ဆွေးနွေး Counseling လုပ်နိုင်တဲ့အကြောင်းလည်း ပြောပြပေးချင်ပါတယ်။

SR Worldwide Education Office ►
No (90), Ground Floor (B), Sin Yay Kan Street (near Kwin Kyaung Street), Ahlone Township.

ပညာရေးအတိုင်ပင်ခံများနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ကြိုတင်appointment ယူပေးပါရန်
ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848
Online ဖြင့်စာရင်းပေးသွင်းရန်►► https://goo.gl/forms/TFVIrKnv3ZjxAPCR2

#askSR #SRWorldwideEducation #The_World_Is_In_Your_Hands
#StudyinUSA #StudyAbroad

Comments

Leave a Reply

Your email address will not be published. Required fields are marked *